Local News


ဧရာဝတီ၊ မေ ၁၇၊ ၂၀၂၂





NUG နဲ့ တွေ့ဆုံလို့ အငြိုးထားရင်လည်း AA က ဂရုစိုက်မှာ မဟုတ်ဘူး (ရုပ်/သံ)

ဧရာဝတီ၊ မေ ၁၇၊ ၂၀၂၂

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့လို့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်တွေက အငြိုးထား လာရင်လည်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဂရုစိုက်မယ့် သဘောမရှိဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တပ်အင်အားတိုးချဲ့တာ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ အနှောင့်အယှက်ပေးတာ၊

ရခိုင် -မွတ်စလင်အကြား သဟဇာတဖြစ်မှုကို ဖျက်ဆီးဖို့ ကြိုးစားနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၅ ရက်နေ့ကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလိုတင်းမာမှုတွေရှိနေတဲ့ကြားကနေ NUG နဲ့တွေ့ဆုံခဲ့တာကြောင့် စစ်ကောင်စီဖက်က အငြိုးထား တိုက်ခိုက်လာမလား ဆိုပြီး စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။