ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ PDF(Kalay)တပ္ရင္း ၄ ပင္မစခန္း စြန႔္လႊတ္ခဲ့ရ
DeltaNewsAgency
စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ကုကၠိဳ႐ြာ အေရွ႕ဘက္မွာ အေျခစိုက္ထားတဲ့ PDF(Kalay)တပ္ရင္း ၄ ပင္မစခန္းကို အၾကမ္းဖက္စစ္အုပ္စုက ေလေၾကာင္းတိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့တာေၾကာင့္ စခန္းစြန႔္လႊတ္ခဲ့ရတယ္လို႔ PDF(Kalay)က ဒီကေန႔ ေမလ ၁၇ရက္ေန႔မွာ သတင္းထုတ္ျပန္လာခဲ့ပါတယ္။
ေမလ ၁၄ရက္ေန႔မွာ PDF(Kalay)တပ္ရင္း ၄ ပင္မစခန္းကို စစ္အုပ္စုက တိုက္ေလယာဥ္ ၃စီး၊ တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂စီးနဲ႔ အဆက္မျပတ္ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး ေျမျပင္ကေနလည္း လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ PDF(Kalay)တပ္ရင္း ၄ အေနနဲ႔ ခုခံကာကြယ္ဖို႔ လက္နက္ခဲယမ္း မလုံေလာက္ဘဲ ဆုတ္ခြာေပးခဲ့ရတာလို႔ ဆိုပါတယ္။
အေရးေပၚ ဆုတ္ခြာခဲ့ရတာေၾကာင့္ တပ္ဖြဲ႕ဝင္ေတြ ထိခိုက္က်ဆုံးသူ မရွိခဲ့ေပမယ့္ ျပည္သူေတြ ပံ့ပိုးမႈနဲ႔ သိုေလွာင္ထားတဲ့ စားနပ္ရိကၡာေတြ၊ က်ည္မ်ိဳးစုံ၊ လက္လုပ္စိန္ေျပာင္း၊ ဗုံးသီးနဲ႔ မိုင္းဆက္စပ္ပစၥည္းေတြ၊
လက္နက္ထုတ္လုပ္ေရး ဆက္စပ္ပစၥည္းေတြနဲ႔ ယူနီေဖာင္း က်ည္ကာေတြအျပင္ တပ္ဖြဲ႕ဝင္ေတြရဲ႕ ဆိုင္ကယ္၊ ဖုန္းနဲ႔ ေ႐ႊေငြအခ်ိဳ႕အျပင္ စခန္းမွာ ေဒသခံကေလးငယ္ေတြအတြက္ ဖြင့္လွစ္သင္ၾကားေပးေနတဲ့ ပညာေရးလုပ္ငန္းဆိုင္ရာ ဆက္စပ္ပစၥည္းေတြအားလုံး ဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ အၾကမ္းဖက္စစ္အုပ္စုဟာ ေမလ ၁၆ရက္ေန႔မွာ လယ္ျခားေက်း႐ြာနဲ႔ ဒီကေန႔ ေမလ ၁၇ရက္ေန႔မွာ ကုကၠိဳေက်း႐ြာေတြကို ဝင္ေရာက္ မီးရႈိ႕ဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
လေကြောင်းတိုက်ခိုက်မှုကြောင့် PDF(Kalay)တပ်ရင်း ၄ ပင်မစခန်း စွန့်လွှတ်ခဲ့ရ
DeltaNewsAgency
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုရွာ အရှေ့ဘက်မှာ အခြေစိုက်ထားတဲ့ PDF(Kalay)တပ်ရင်း ၄ ပင်မစခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စခန်းစွန့်လွှတ်ခဲ့ရတယ်လို့ PDF(Kalay)က ဒီကနေ့ မေလ ၁၇ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၁၄ရက်နေ့မှာ PDF(Kalay)တပ်ရင်း ၄ ပင်မစခန်းကို စစ်အုပ်စုက တိုက်လေယာဉ် ၃စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂စီးနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် PDF(Kalay)တပ်ရင်း ၄ အနေနဲ့ ခုခံကာကွယ်ဖို့ လက်နက်ခဲယမ်း မလုံလောက်ဘဲ ဆုတ်ခွာပေးခဲ့ရတာလို့ ဆိုပါတယ်။
အရေးပေါ် ဆုတ်ခွာခဲ့ရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးသူ မရှိခဲ့ပေမယ့် ပြည်သူတွေ ပံ့ပိုးမှုနဲ့ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ၊ ကျည်မျိုးစုံ၊ လက်လုပ်စိန်ပြောင်း၊ ဗုံးသီးနဲ့ မိုင်းဆက်စပ်ပစ္စည်းတွေ၊
လက်နက်ထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းတွေနဲ့ ယူနီဖောင်း ကျည်ကာတွေအပြင် တပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေငွေအချို့အပြင် စခန်းမှာ ဒေသခံကလေးငယ်တွေအတွက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ ပညာရေးလုပ်ငန်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ မေလ ၁၆ရက်နေ့မှာ လယ်ခြားကျေးရွာနဲ့ ဒီကနေ့ မေလ ၁၇ရက်နေ့မှာ ကုက္ကိုကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။