Articles

အရပ္ဝတ္ျဖင့္ အေယာင္ေဆာင္သြားလာေသာ စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီး ၂ ဦးကို

ေ႐ႊဘို-ျမစ္ႀကီးနား-ေကာလင္း လမ္းပိုင္းတြင္ အရပ္ဝတ္ျဖင့္ အေယာင္ေဆာင္သြားလာေသာ စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီး ၂ ဦးကို PDF တပ္မ်ားက ဖမ္းဆီးရမိ

ရန္ကုန္၊ ေမ ၁၈

စစ္ကိုင္းတိုင္း၊ ေ႐ႊဘို-ျမစ္ႀကီးနား-ေကာလင္း လမ္းပိုင္းတြင္ အရပ္ဝတ္ျဖင့္ အေယာင္ေဆာင္ သြားလာေသာ စစ္ေကာင္စီတပ္မွ အရာရွိ ဗိုလ္ႀကီး၂ ဦးကို ျပည္သူ႔ကာကြယ္ေရး လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုက ဖမ္းဆီးရမိထားေၾကာင္း သိရွိရသည္။

ေမလ ၁၆ ရက္ေန႔ မြန္းလြဲ ၁ နာရီတြင္ ေ႐ႊဘို-ျမစ္ႀကီးနား- ေကာလင္း ကားလမ္းကို PDF တပ္ဖြဲ႕ဝင္မ်ားက ထိန္းခ်ဳပ္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနစဥ္ တပ္ေရးဗိုလ္ႀကီး ၁ ဦး၊ တပ္ေထာက္ ဗိုလ္ႀကီး ၁ ဦးတို႔ကို အရပ္ဝတ္ျဖင့္ လက္နက္ပါျခင္းမရွိဘဲ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ PDF က ဖမ္းဆီးလိုက္ေသာ စစ္ေကာင္စီတပ္ဘက္မွ အရာရွိ ဗိုလ္ႀကီး ၂ ဦး၏ တပ္ႏွင့္ အမည္မ်ားကို သိရွိထားၿပီ ျဖစ္ေသာ္လည္း ရန္ကုန္ေခတ္သစ္အေနျဖင့္ သက္ဆိုင္ရာ၏ ခြင့္ျပဳခ်က္မရွိေသး၍ ေဖာ္ျပႏိုင္ျခင္းမရွိေသးေပ။

စစ္ေကာင္စီတပ္ဘက္မွ ဖမ္းဆီးရမိေသာ ဗိုလ္ႀကီး ၂ ဦးကို PDF တပ္မ်ားက စစ္သုံ႔ပန္းဥပေဒႏွင့္အညီ ႏွိပ္စက္ညႇဥ္းပန္းျခင္းမရွိဘဲ ေကာင္းမြန္စြာ ထိန္း သိမ္းထားရွိၿပီး စစ္ေဆးေမးျမန္းမႈမ်ားကို ဥပေဒႏွင့္အညီ သက္ဆိုင္ရာ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ တပ္မ ၃၃ ၏ ခမရ ၁၁၁ ဝန္းသိုတပ္ဂိတ္ေပါက္ျမင္ကြင္း။

ရွှေဘို-မြစ်ကြီးနား-ကောလင်း လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့် အယောင်ဆောင်သွားလာသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦးကို PDF တပ်များက ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနား-ကောလင်း လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့် အယောင်ဆောင် သွားလာသော စစ်ကောင်စီတပ်မှ အရာရှိ ဗိုလ်ကြီး၂ ဦးကို ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။

မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရွှေဘို-မြစ်ကြီးနား- ကောလင်း ကားလမ်းကို PDF တပ်ဖွဲ့ဝင်များက ထိန်းချုပ် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် တပ်ရေးဗိုလ်ကြီး ၁ ဦး၊ တပ်ထောက် ဗိုလ်ကြီး ၁ ဦးတို့ကို အရပ်ဝတ်ဖြင့် လက်နက်ပါခြင်းမရှိဘဲ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် PDF က ဖမ်းဆီးလိုက်သော စစ်ကောင်စီတပ်ဘက်မှ အရာရှိ ဗိုလ်ကြီး ၂ ဦး၏ တပ်နှင့် အမည်များကို သိရှိထားပြီ ဖြစ်သော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးရမိသော ဗိုလ်ကြီး ၂ ဦးကို PDF တပ်များက စစ်သုံ့ပန်းဥပဒေနှင့်အညီ နှိပ်စက်ညှဉ်းပန်းခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်း သိမ်းထားရှိပြီး စစ်ဆေးမေးမြန်းမှုများကို ဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၃၃ ၏ ခမရ ၁၁၁ ဝန်းသိုတပ်ဂိတ်ပေါက်မြင်ကွင်း။