Articles



ယင်းမာပင်၊ မေ၁၈၊ ၂၀၂၂။





မြေလတ်အသံ

ပျူစောထီးရွာမှာတပ်စွဲထားတဲ့ စစ်အုပ်ကို PDF တွေ ထိုးစစ်ဆင်တိုက်ခိုက်( ရုပ်/သံ)

ယင်းမာပင်၊ မေ၁၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကန်ရွာ မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF မဟာမိတ်၆ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၁၇ရက် ညနေ ၄နာရီလောက်မှာ တိုက်ပွဲစတင်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂နာရီနီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ပြီး PDF ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ DBTF တာဝန်ရှိသူတဦးက ပြောပါတယ်။

” ထိုးစစ်ပါဗျ ကျနော်တို့က စတိုက်တာပါ၊ ခု PDF တွေက ခုခံစစ်မဟုတ်တော့ဘူး ထိုးစစ်အသွင်ကိုပြောင်းနေပါပြီဗျ မိုးရွာနေတော့ မြင်ကွင်းမရှင်းတာလောက်ပဲ ရှိတယ်၊ ကျန်တာအဆင်ပြေပါတယ်၊ စစ်ကောင်စီဘက်က သေဆုံးမှုအတိအကျတော့ မသိရသေးဘူး ၊ ရွာထဲမှာ လူသေကောင်တွေ မီးရှို့နေတာတွေရှိတယ်”လို့ ပြောပါတယ်။

အဲ့ဒီဘန့်ဘွေးရွာမ ရွာကို ဒေသခံတွေက ပျူစောထီးရွာလို့ ခေါ်ကြပြီး ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ရှိနေတဲ့ ရွာတခုဖြစ်တဲ့အတွက် DBTF အပါအဝင် Spring Guerrilla Plattom (နွေဦးပျောက်ကြားတပ်စု)၊ သပြေအေး (တပ်ရင်း၃) ၊ ဒေါင်းလုလင် (LPDF) ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ Yoma Fighter (Yinmarbin PDF) ၊ Bundula PDF တို့က ထိုးစစ်ဆင်ခဲ့ကြပြီး ညနေ ၆နာရီကျော်မှာ တပ်ပြန်ဆုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြေလတ်အသံ