Local News

လူပုံအလယ္မွာ ဖိနပ္နဲ႔ ပစ္ေပါက္ခံရတာဟာ ျပသာနာအေသးအမႊား မဟုတ္ဘူးလို႔

လူပုံအလယ္မွာ ဖိနပ္နဲ႔ ပစ္ေပါက္ခံရတာဟာ ျပသာနာအေသးအမႊား မဟုတ္ဘူးလို႔ အာဏာရွင္ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ေျပာၾကား

ေမလ ၁၈ ရက္ေန႔။

အေမရိကန္ႏိုင္ငံကို ေရာက္ရွိေနခ်ိန္ လူပုံအလယ္မွာ ဖိနပ္နဲ႔ ပစ္ေပါက္ခံရတာဟာ ျပသာနာအေသးအမႊား မဟုတ္ဘူးလို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ က ေျပာဆိုလိုက္ပါသည္။

မေန႔ ေမလ (၁၇) ရက္ေန႔မွာ Voluntary Youth Doctor Association (TYDA) အဖြဲ႕က လူငယ္ေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ အခုလိုမ်ိဳးေျပာဆိုခဲ့တာ ျဖစ္ပါသည္။

“လူပုံအလယ္မွာ ဖိနပ္နဲ႔ ပစ္ေပါက္တာက ျပသာနာအေသးအမႊား မဟုတ္ဘူး။ ဖိနပ္ နဲ႔ ပစ္ေပါက္မႈဟာ ေသာငမႈလား ဒါမွမဟုတ္ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္လား ဆိုတဲ့ အခ်က္ကို အေမရိကန္ အစိုးရ အေလးနက္ထား စဥ္းစားသင့္တယ္။

တစ္စုံတစ္ဦးကို ဖိနပ္နဲ႔ ပစ္ေပါက္လိုက္တာကို လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္လို႔ သတ္မွတ္မယ္ဆိုရင္ အေမရိကန္နဲ႔ ကေမာၻဒီးယားႏိုင္ငံ အပါအဝင္ ကမာၻ႔ႏိုင္ေတြဟာ ပရမ္းပတာျဖစ္ခြင့္ ေပးလိုက္သလို ျဖစ္ေစမယ္” လို႔ သူက ေထာက္ျပေျပာဆိုလိုက္ပါသည္။

အာဏာရွင္တစ္ဦးအျဖစ္ သတ္မွတ္ခံရတဲ့ ဟြန္ဆန္း ဟာ ကေမာၻဒီးယားႏိုင္ငံကို (၃၆) ႏွစ္ၾကာ အုပ္စိုးေနခဲ့သူျဖစ္ၿပီး အေမရိကန္-အာဆီယံ ထိပ္သီး ညီလာခံ တက္ေရာက္ဖို႔အတြက္ ဝါရွင္တန္ ၿမိဳ႕ေတာ္ကို ေရာက္ရွိေနခ်ိန္မွာ ကေမာၻဒီးယား စစ္မႈထမ္းေဟာင္း အုခ္ေတာ့ခ်္က လူပုံအလယ္မွာ ဖိနပ္နဲ႔ပစ္ေပါက္ခဲ့တာ ျဖစ္ပါသည္။

သူ႔ကိုဖိနပ္နဲ႔ပစ္ေပါက္ခဲ့တာနဲ႔ ပတ္သက္ၿပီး လူပုံအလယ္မွာ ဖိနပ္နဲ႔ ပစ္ေပါက္တာဟာ ေသာင္းက်န္းမႈလား ဒါမွမဟုတ္ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္လားဆိုတဲ့ အခ်က္ကို အေမရိကန္အစိုးရ တာဝန္ရွိသူေတြအေနနဲ႔ စဥ္းစားေစလိုတယ္လို႔ သူက ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကိုဖိနပ္နဲ႔ ပစ္ေပါက္ခဲ့သူ စစ္မႈထမ္းေဟာင္း အုခ္ေတာ့ခ်္က “ကြၽန္ေတာ္က ဟြန္ဆမ္ကို ဖိနပ္နဲ႔သာပစ္ေပါက္တာပါ။

ဟြန္ဆန္က ကေမာၻဒီးယားျပည္သူေတြ၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို လက္ပစ္ဗုံးေတြနဲ႔ ပစ္ “သတ္ “ခဲ့သူပါ။ ဟြန္ဆမ္က အာဏာရွင္တစ္ဦးျဖစ္ၿပီး ကြၽန္ေတာ့္ ေဆြမ်ိဳးေတြအပါအဝင္ လူအမ်ားအျပားကို “သတ္ ” ျဖတ္ခဲ့ပါတယ္” လို႔ ေျပာဆိုထားပါသည္။

လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတာဟာ ပြသာနာအသေးအမွှား မဟုတ်ဘူးလို့ အာဏာရှင်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြောကြား

မေလ ၁၈ ရက်နေ့။

အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန် လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတာဟာ ပြသာနာအသေးအမွှား မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ပြောဆိုလိုက်ပါသည်။

မနေ့ မေလ (၁၇) ရက်နေ့မှာ Voluntary Youth Doctor Association (TYDA) အဖွဲ့က လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုမျိုးပြောဆိုခဲ့တာ ဖြစ်ပါသည်။

“လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်တာက ပြသာနာအသေးအမွှား မဟုတ်ဘူး။ ဖိနပ် နဲ့ ပစ်ပေါက်မှုဟာ သောငမှုလား ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်လား ဆိုတဲ့ အချက်ကို အမေရိကန် အစိုးရ အလေးနက်ထား စဉ်းစားသင့်တယ်။

တစ်စုံတစ်ဦးကို ဖိနပ်နဲ့ ပစ်ပေါက်လိုက်တာကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်လို့ သတ်မှတ်မယ်ဆိုရင် အမေရိကန်နဲ့ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်တွေဟာ ပရမ်းပတာဖြစ်ခွင့် ပေးလိုက်သလို ဖြစ်စေမယ်” လို့ သူက ထောက်ပြပြောဆိုလိုက်ပါသည်။

အာဏာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဟွန်ဆန်း ဟာ ကမ္ဘောဒီးယားနိုင်ငံကို (၃၆) နှစ်ကြာ အုပ်စိုးနေခဲ့သူဖြစ်ပြီး အမေရိကန်-အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ဝါရှင်တန် မြို့တော်ကို ရောက်ရှိနေချိန်မှာ ကမ္ဘောဒီးယား စစ်မှုထမ်းဟောင်း အုခ်တော့ချ်က လူပုံအလယ်မှာ ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာ ဖြစ်ပါသည်။

သူ့ကိုဖိနပ်နဲ့ပစ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်တာဟာ သောင်းကျန်းမှုလား ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်လားဆိုတဲ့ အချက်ကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားစေလိုတယ်လို့ သူက ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ကိုဖိနပ်နဲ့ ပစ်ပေါက်ခဲ့သူ စစ်မှုထမ်းဟောင်း အုခ်တော့ချ်က “ကျွန်တော်က ဟွန်ဆမ်ကို ဖိနပ်နဲ့သာပစ်ပေါက်တာပါ။

ဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ် “သတ် “ခဲ့သူပါ။ ဟွန်ဆမ်က အာဏာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော့် ဆွေမျိုးတွေအပါအဝင် လူအများအပြားကို “သတ် ” ဖြတ်ခဲ့ပါတယ်” လို့ ပြောဆိုထားပါသည်။

ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ထောက်ခံသူတွေနဲ့ နှုတ်ဆက်နေရင်း ဖိနပ်နဲ့ အပေါက်ခံရလို့ သူရှေ့မှာ ဖိနပ်ပျံက ကျသွားတဲ့ မြင်ကွင်း။