မေန႔က ရွားေတာတိုက္ပြဲမွာ KNDF (၃)ဦးက်ဆုံးခဲ့
ေမာ္မီျမာ (ကႏၲာရဝတီတိုင္း(မ္))
ရွားေတာၿမိဳ႕နယ္က စစ္ေကာင္စီရဲ႕ စခန္းတစ္ခုျဖစ္တဲ့ အႏၲာရာယ္ေကြ႕စခန္း ကို KA, KNDF တို႔ ပူးေပါင္းကာ မေန႔က ( ေမလ ၁၇ရက္) ဝင္ေရာက္ ပစ္ခတ္ခဲ့ၿပီး စစ္ေကာင္စီဖက္က က်ဆုံးသလို KNDF က ရဲေဘာ္ ၃ ဦးလည္း က်ဆုံးခဲ့တယ္လို႔ KNDF တာဝန္ရွိသူတစ္ဦးက ကႏၲာရဝတီတိုင္း(မ္)ကို ေျပာပါတယ္။
ရွားေတာမွာ KA, KNDF တို႔ရဲ႕ ပထမဆုံး စစ္ေကာင္စီစခန္းကို ဝင္ေရာက္ တိုက္ခိုက္တာျဖစ္ၿပီး မနက္ ၅နာရီကေန ၈ နာရီခြဲ အထိ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။
“ ၃နာရီေက်ာ္ၾကာျမင့္ခဲ့တဲ့ တိုက္ပြဲမွာေတာ့ ႏွစ္ဦးႏွစ္ဖက္ အက်အဆုံးေတြေတာ့ ရွိခဲ့တယ္ေပါ့။ က်ေနာ္တို႔ KA, KNDF ပူးေပါင္းတပ္ဖက္မွာေတာ့ ၃ဦး က်ခဲ့တယ္ေပါ့ေလေနာ။ ၿပီးေတာ့မွ ဒဏ္ရာလည္းတခ်ိဳ႕ရခဲ့တယ္။ တခ်ိဳ႕ ဒဏ္ရာေတြက စိုးရိမ္ရသလို တခ်ိဳ႕ ဒဏ္ရာေတြလည္း မစိုးရိမ္ရတဲ့ အေနအထားမွာရွိတယ္။ အၾကမ္းဖက္ စစ္ေကာင္စီဖက္ရဲ႕ က်ရႈံးမႈ အေျခအေန ၿပီးေတာ့မွ ထိခိုက္ဒဏ္ရာရမႈ အေျခအေနေတြေတာ့ ယေန႔အထိ က်ေနာ္တို႔ သတင္းေတြ မရေသးပါဘူး။
သို႔ေသာ္ သူတို႔ဖက္မွာေတာ့ ထိခိုက္တာေတြ က်ရႈံးတာေတြ ရွိတယ္ဆိုတဲ့ အေနအထားေလာက္မွာပဲ က်ေနာ္တို႔ သိရတာေပါ့။ “ လို႔ KNDFတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
ကရင္နီတပ္မေတာ္(KA) နဲ႔ KNDF တပ္ရင္း (၂) ၊ (၁၂) ၊ (၁၄) ၊ (၁၇) တို႔ ပူးေပါင္း တိုက္ခိုက္ခဲ့ၾကတာျဖစ္ၿပီး တပ္ရင္း (၂) ရဲေဘာ္တစ္ဦး နဲ႔ တပ္ရင္း (၁၄)က ရဲေဘာ္ ႏွစ္ဦး က်ဆုံးခဲ့ရတာျဖစ္ပါတယ္။
အနီးအနား ေက်း႐ြာက ျပည္သူေတြတခ်ိဳ႕ တိမ္းေရွာင္ၾကတာရွိေပမယ့္ မတိမ္းေရွာင္ေသးတဲ့ ျပည္သူေတြလည္း ရွိတယ္လို႔ သိရပါတယ္။ရွားေတာ-လြိဳင္ေကာ္လမ္းမွာ သြားလာေနတဲ့ ျပည္သူေတြဆီကေန စစ္ေကာင္စီက ရိကၡာမွာယူတာေတြရွိေနတဲ့အတြက္ ေမလ (၁၆)ရက္ေန႔ကေနစၿပီး ရွားေတာ-လြိဳင္ေကာ္လမ္းကိုယာယီ ပိတ္ထားေၾကာင္း KNDF B-17က ေမလ၁၅ ရက္မွာ ထုတ္ျပန္ထားပါတယ္။
“ အဓိက လမ္းသြားလမ္းလာတဲ့ေနရာမွာ အဓိက ျပည္သူလူထုရဲ႕ စားဝတ္ေနေရးကို သြားဖို႔လာဖို႔ လုပ္ေနတဲ့အခ်ိန္မွာ စစ္ေကာင္စီဖက္ကေတာ့ ျပည္သူလူထုကို ၿခိမ္းေျခာက္ၿပီးေတာ့မွ သူတို႔ရဲ႕ ရိကၡာေတြ ဘာေတြကို ပို႔ေဆာင္ခိုင္းတာတို႔ အဲ့လိုပုံစံေတြရွိေနတယ္ေပါ့ေလ။ အဲ့ဒီ ဥစၥာနဲ႔ ဆက္စပ္ၿပီးေတာ့မွ ဒီစစ္ေကာင္စီေတြရဲ႕ ယႏၲာရား သက္ဆိုးရွည္ေရးအတြက္ အက်ိဳးျပဳမယ့္ ဥစၥာေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ ရပ္တန႔္ဖို႔ တပ္ရင္း ၁၇က စာတစ္ေစာင္ ထုတ္ခဲ့တာရွိတယ္ေပါ့။ “ လို႔ KNDFတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
ရွားေတာ ဖက္မွာဆိုရင္လည္း စစ္ေကာင္စီနဲ႔ ကရင္နီေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ အခ်ိန္မေ႐ြး တိုက္ပြဲျဖစ္လာႏိုင္သလို ရွားေတာ-လြိဳက္ေကာ္ လမ္းမႀကီးကိုလည္း အသုံးမျပဳၾကဖို႔လည္း တိုက္တြန္းထားပါတယ္။
မနေ့က ရှားတောတိုက်ပွဲမှာ KNDF (၃)ဦးကျဆုံးခဲ့
မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))
ရှားတောမြို့နယ်က စစ်ကောင်စီရဲ့ စခန်းတစ်ခုဖြစ်တဲ့ အန္တာရာယ်ကွေ့စခန်း ကို KA, KNDF တို့ ပူးပေါင်းကာ မနေ့က ( မေလ ၁၇ရက်) ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဖက်က ကျဆုံးသလို KNDF က ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ရှားတောမှာ KA, KNDF တို့ရဲ့ ပထမဆုံး စစ်ကောင်စီစခန်းကို ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး မနက် ၅နာရီကနေ ၈ နာရီခွဲ အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
“ ၃နာရီကျော်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာတော့ နှစ်ဦးနှစ်ဖက် အကျအဆုံးတွေတော့ ရှိခဲ့တယ်ပေါ့။ ကျနော်တို့ KA, KNDF ပူးပေါင်းတပ်ဖက်မှာတော့ ၃ဦး ကျခဲ့တယ်ပေါ့လေနော။ ပြီးတော့မှ ဒဏ်ရာလည်းတချို့ရခဲ့တယ်။ တချို့ ဒဏ်ရာတွေက စိုးရိမ်ရသလို တချို့ ဒဏ်ရာတွေလည်း မစိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ အကြမ်းဖက် စစ်ကောင်စီဖက်ရဲ့ ကျရှုံးမှု အခြေအနေ ပြီးတော့မှ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေတော့ ယနေ့အထိ ကျနော်တို့ သတင်းတွေ မရသေးပါဘူး။
သို့သော် သူတို့ဖက်မှာတော့ ထိခိုက်တာတွေ ကျရှုံးတာတွေ ရှိတယ်ဆိုတဲ့ အနေအထားလောက်မှာပဲ ကျနော်တို့ သိရတာပေါ့။ “ လို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကရင်နီတပ်မတော်(KA) နဲ့ KNDF တပ်ရင်း (၂) ၊ (၁၂) ၊ (၁၄) ၊ (၁၇) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တပ်ရင်း (၂) ရဲဘော်တစ်ဦး နဲ့ တပ်ရင်း (၁၄)က ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
အနီးအနား ကျေးရွာက ပြည်သူတွေတချို့ တိမ်းရှောင်ကြတာရှိပေမယ့် မတိမ်းရှောင်သေးတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ရှားတော-လွိုင်ကော်လမ်းမှာ သွားလာနေတဲ့ ပြည်သူတွေဆီကနေ စစ်ကောင်စီက ရိက္ခာမှာယူတာတွေရှိနေတဲ့အတွက် မေလ (၁၆)ရက်နေ့ကနေစပြီး ရှားတော-လွိုင်ကော်လမ်းကိုယာယီ ပိတ်ထားကြောင်း KNDF B-17က မေလ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
“ အဓိက လမ်းသွားလမ်းလာတဲ့နေရာမှာ အဓိက ပြည်သူလူထုရဲ့ စားဝတ်နေရေးကို သွားဖို့လာဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီဖက်ကတော့ ပြည်သူလူထုကို ခြိမ်းခြောက်ပြီးတော့မှ သူတို့ရဲ့ ရိက္ခာတွေ ဘာတွေကို ပို့ဆောင်ခိုင်းတာတို့ အဲ့လိုပုံစံတွေရှိနေတယ်ပေါ့လေ။ အဲ့ဒီ ဥစ္စာနဲ့ ဆက်စပ်ပြီးတော့မှ ဒီစစ်ကောင်စီတွေရဲ့ ယန္တာရား သက်ဆိုးရှည်ရေးအတွက် အကျိုးပြုမယ့် ဥစ္စာတွေနဲ့ ပတ်သက်ပြီးတော့မှ ရပ်တန့်ဖို့ တပ်ရင်း ၁၇က စာတစ်စောင် ထုတ်ခဲ့တာရှိတယ်ပေါ့။ “ လို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရှားတော ဖက်မှာဆိုရင်လည်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သလို ရှားတော-လွိုက်ကော် လမ်းမကြီးကိုလည်း အသုံးမပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။