Local News

ဆိုင္ကယ္မ်ား စစ္တပ္က ပစ္ခတ္ဖမ္းဆီးမႈမ်ား လုပ္ေဆာင္

သန္လ်င္ႏွင့္အင္းစိန္တြင္ ဆိုင္ကယ္မ်ား စစ္တပ္က ပစ္ခတ္ဖမ္းဆီးမႈမ်ား လုပ္ေဆာင္၊ မည္သည့္ေနရာမွ ဆိုင္ကယ္မစီးရဟု စစ္သားမ်ား ေအာ္ဟစ္ပစ္ခတ္

ရန္ကုန္၊ ေမ ၁၈

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္ႏွင့္အင္းစိန္ၿမိဳ႕နယ္တြင္ ယေန႔ ဆိုင္ကယ္မ်ားကို စစ္တပ္က ေသနတ္ျဖင့္ ပစ္ခတ္၍ ရပ္တန႔္ခိုင္းၿပီး သိမ္းဆည္းျခင္းမ်ား၊ မည္သည့္ေနရာမွ ဆိုင္ကယ္မစီးရဟုဆိုကာ သိမ္းဆည္းမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ေမလ ၁၈ ရက္ေန႔ နံနက္အေစာပိုင္းမွစတင္ၿပီး သန္လ်င္ၿမိဳ႕နယ္ေနရာအမ်ားအျပားတြင္ စစ္တပ္က ကင္းမ်ား ခ်ထားကာ ဆိုင္ကယ္မ်ားကို အတင္းအက်ပ္ လုယူဖမ္းဆီးေနသျဖင့္ သန္လ်င္တစ္ၿမိဳ႕လုံး အခက္အခဲေတြ႕ေနၾကေၾကာင္း၊ သီလဝါ စက္မႈဇုန္တြင္ အလုပ္ဆင္းသူအမ်ားစုမွာလည္း ဆိုင္ကယ္ျဖင့္ သြားလာေနသူမ်ားျဖစ္ရာ ဆိုင္ကယ္ စီးခြင့္ မျပဳဟုဆိုလာသျဖင့္ အလုပ္မသြားႏိုင္ေတာ့ေၾကာင္း၊ ဆိုင္ကယ္ကယ္ရီ သမားအမ်ားစုလည္း ဒုကၡေရာက္ေနၾကေၾကာင္း သိရွိသည္။

“သန္လ်င္တစ္ၿမိဳ႕လုံး အခက္ေတြ႕ေနပါတယ္။ ဆိုင္ကယ္ကယ္ရီေတြလည္း ဆိုင္ကယ္ေတြ အသိမ္းခံေနရတယ္။ သီ လဝါမွာ အလုပ္ဆင္းတဲ့သူေတြက ဆိုင္ကယ္နဲ႔ဆင္းတာဆိုေတာ့ ဆိုင္ကယ္မစီးရေတာ့ အကုန္အလုပ္မဆင္းၾကရပါဘူး။

ဆိုင္ကယ္စီးတာျမင္ရင္ ေသနတ္နဲ႔ ပစ္မယ္ မျမင္ခ်င္ဘူးဆိုၿပီး စစ္သားေတြ ေသနတ္ေတြနဲ႔ခ်ိန္ၿပီး လုပ္ေနတာ။ မနက္ပိုင္းက လမ္းေဘးမွာရပ္ထားတဲ့ဆိုင္ကယ္ေတြလည္း အကုန္စစ္ကားေပၚတင္သိမ္းသြားပါတယ္။ တခ်ိဳ႕ကယ္ရီသမားေတြဆိုရင္ ငိုေနတာ” ဟု သန္လ်င္ေဒသခံတစ္ဦးက ေျပာသည္။

အလားရန္ကုန္တိုင္းအင္းစိန္ၿမိဳ႕နယ္တြင္လည္း ဆိုင္ကယ္မ်ားကို စစ္တပ္က ပစ္ခတ္ဖမ္းဆီးေနသည္ဟု သိရွိရသည္။

“အင္းစိန္ေပါက္ေတာဝမွာဆိုင္ကယ္ေတြကိုပစ္ဖမ္းေနတယ္။ တခ်ိဳ႕ဆိုလည္း ဆိုင္ကယ္ကို ဆင္းတြန္းခိုင္းၿပီးနားရင္းပါအုပ္တယ္။

စစ္သားေတြက ပထမအေက်ာ့မွာ ဆိုင္ကယ္ ၈စီးေလာက္ပါသြားတယ္။ ဆိုင္ကယ္ ကယ္ရီသမားေတြလည္း အကုန္ျပန္ေျပးလာၾကၿပီ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ယမန္ေန႔ သမိုင္းလမ္းဆုံ လုံၿခဳံေရးဂိတ္ကို ဗုံးျဖင့္ ပစ္ခတ္ခံရျခင္းျဖစ္ပြားၿပီးေနာက္ ဆိုင္ကယ္မ်ားကို ပစ္မွတ္ထား ဖမ္းဆီးမႈမ်ား လုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သန်လျင်နှင့်အင်းစိန်တွင် ဆိုင်ကယ်များ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟု စစ်သားများ အော်ဟစ်ပစ်ခတ်

ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နှင့်အင်းစိန်မြို့နယ်တွင် ယနေ့ ဆိုင်ကယ်များကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ရပ်တန့်ခိုင်းပြီး သိမ်းဆည်းခြင်းများ၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟုဆိုကာ သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး သန်လျင်မြို့နယ်နေရာအများအပြားတွင် စစ်တပ်က ကင်းများ ချထားကာ ဆိုင်ကယ်များကို အတင်းအကျပ် လုယူဖမ်းဆီးနေသဖြင့် သန်လျင်တစ်မြို့လုံး အခက်အခဲတွေ့နေကြကြောင်း၊ သီလဝါ စက်မှုဇုန်တွင် အလုပ်ဆင်းသူအများစုမှာလည်း ဆိုင်ကယ်ဖြင့် သွားလာနေသူများဖြစ်ရာ ဆိုင်ကယ် စီးခွင့် မပြုဟုဆိုလာသဖြင့် အလုပ်မသွားနိုင်တော့ကြောင်း၊ ဆိုင်ကယ်ကယ်ရီ သမားအများစုလည်း ဒုက္ခရောက်နေကြကြောင်း သိရှိသည်။

“သန်လျင်တစ်မြို့လုံး အခက်တွေ့နေပါတယ်။ ဆိုင်ကယ်ကယ်ရီတွေလည်း ဆိုင်ကယ်တွေ အသိမ်းခံနေရတယ်။ သီ လဝါမှာ အလုပ်ဆင်းတဲ့သူတွေက ဆိုင်ကယ်နဲ့ဆင်းတာဆိုတော့ ဆိုင်ကယ်မစီးရတော့ အကုန်အလုပ်မဆင်းကြရပါဘူး။

ဆိုင်ကယ်စီးတာမြင်ရင် သေနတ်နဲ့ ပစ်မယ် မမြင်ချင်ဘူးဆိုပြီး စစ်သားတွေ သေနတ်တွေနဲ့ချိန်ပြီး လုပ်နေတာ။ မနက်ပိုင်းက လမ်းဘေးမှာရပ်ထားတဲ့ဆိုင်ကယ်တွေလည်း အကုန်စစ်ကားပေါ်တင်သိမ်းသွားပါတယ်။ တချို့ကယ်ရီသမားတွေဆိုရင် ငိုနေတာ” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

အလားရန်ကုန်တိုင်းအင်းစိန်မြို့နယ်တွင်လည်း ဆိုင်ကယ်များကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးနေသည်ဟု သိရှိရသည်။

“အင်းစိန်ပေါက်တောဝမှာဆိုင်ကယ်တွေကိုပစ်ဖမ်းနေတယ်။ တချို့ဆိုလည်း ဆိုင်ကယ်ကို ဆင်းတွန်းခိုင်းပြီးနားရင်းပါအုပ်တယ်။

စစ်သားတွေက ပထမအကျော့မှာ ဆိုင်ကယ် ၈စီးလောက်ပါသွားတယ်။ ဆိုင်ကယ် ကယ်ရီသမားတွေလည်း အကုန်ပြန်ပြေးလာကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ သမိုင်းလမ်းဆုံ လုံခြုံရေးဂိတ်ကို ဗုံးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပွားပြီးနောက် ဆိုင်ကယ်များကို ပစ်မှတ်ထား ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။