ေသ့ေဘာဘိုးစစ္ေကာင္စီစခန္း KNU ဦးေဆာင္ေသာပူးေပါင္းတပ္ဖြဲ႕ သိမ္းပိုက္
သက္ေဝ/People’s Spring
ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕နယ္ ေသ့ေဘာဘိုးေဒသရွိ စစ္ေကာင္စီတပ္စခန္းကို ကရင္အမ်ိဳးသားအစည္း အ႐ုံး(KNU)ဦးဆာင္သည့္ ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားက ယမန္ေန႔ (ေမ ၁၇)မွစ၍တိုက္ခိုက္ခဲ့ရာ ယေန႔ စစ္ေကာင္စီတပ္က တိုက္ေလယာဥ္မ်ားျဖင့္အႀကိမ္ေပါင္းမ်ားစြာတိုက္ခိုက္သည့္ၾကားမွ KNU ဦးေဆာင္ေသာပူးေပါင္းတပ္က စခန္းသိမ္းႏိုင္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ေသ့ေဘာဘိုးေဒသမွ စစ္ေကာင္စီတပ္စခန္းကိုဆုတ္ခြာရန္ သတိေပးေသာ္လည္း မဆုတ္ခြာဘဲ အင္အားထပ္တိုးလာသျဖင့္ KNU ဦးေဆာင္ေသာ ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားက ေမ ၁၇ မွစ၍ စခန္းကိုသြားေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။စစ္ေကာင္စီတပ္က ေလေၾကာင္းမွ မႀကဳံဖူးေအာင္အႀကိမ္ေရမ်ားစြာတိုက္ခိုက္ေသာ္လည္း KNU ဦးေဆာင္ေသာ ပူးေပါင္းတပ္ကစခန္းကို သိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္သည္။
စစ္ေကာင္စီတပ္ကေျမျပင္တြင္အေျခအေနမေကာင္းေတာ့သျဖင္ျ တိုက္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ားအသုံးျပဳ၍ ေလေၾကာင္းမွ ၃၅ ႀကိမ္တိုင္လာေရာက္ပစ္ခတ္ ဗုံးက်ဲတိုက္ခိုက္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးကေရးသားထားသည္။
စခန္းေအာင္ျမင္စြာသိမ္းပိုက္ႏိုင္ၿပီးေနာက္ KNU/KNLA တပ္ဖြဲ႕ဝင္မ်ားက KNU အလံလႊင့္ထူေသာ ႐ုပ္သံဖိုင္ကို ကရင္အမ်ိဳးသားမီဒီယာက ယေန႔ ညေန သုံးနာရီခြဲ ခန္႔တြင္ထုတ္ျပန္ခဲ့သည္။
KNU တပ္မဟာ(၆)နယ္ေျမတြင္ရွိသည့္ ေသ့ေဘာဘိုး တိုက္ပြဲ တြင္ စခန္းကို ေအာင္ျမင္စြာ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ေရွ႕တန္းေရာက္ ရဲေဘာ္တစ္ဦးက ေျပာၾကားသည့္ ႐ုပ္သံမွတ္တမ္း ထြက္ေပၚလာရာ ယင္းႏွင့္ပတ္သက္ၿပီး KNU ဗဟိုမွ သတင္းရင္းျမစ္က “အတည္ျပဳလို႔ရတယ္” ဟု စခန္းသိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ေျဖၾကားသည္။
လက္နက္ခဲယမ္းရရွိမႈ အေျခအေနကို ေမးျမန္းရာတြင္ ရရွိခဲ့သည္ဟု ေျဖၾကားခဲ့ၿပီး အေသးစိတ္ အေျခအေနမ်ားကို လတ္တေလာ ေျပာၾကားျခင္းမျပဳေသးေပ။
“အခုကေတာ့ သိမ္းတာေတာ့ သိမ္းလိုက္ၿပီ။ သိမ္းၿပီးတဲ့အခ်ိန္မွာ ဟိုေကာင္ေတြက ေလယာဥ္နဲ႔လာပစ္တာေပါ့။
ေလယာဥ္နဲ႔လာပစ္ေပမယ့္လည္း မရေတာ့ဘူးေလ။ စခန္းေတာ့ သူမ်ားသိမ္းလိုက္ၿပီ။အခုအေျခအေနကေတာ့ သိမ္းလိုက္တယ္ေလာက္ပဲ သိရေသးတယ္” ဟု ကရင္တိုင္းရင္းသား တစ္ဦးကလည္း ေျပာသည္။
သေ့ဘောဘိုးစစ်ကောင်စီစခန်း KNU ဦးဆောင်သောပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
သက်ဝေ/People’s Spring
ကရင်ပြည်နယ် မြဝတီမြို့နယ် သေ့ဘောဘိုးဒေသရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်း အရုံး(KNU)ဦးဆာင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ယမန်နေ့ (မေ ၁၇)မှစ၍တိုက်ခိုက်ခဲ့ရာ ယနေ့ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့်အကြိမ်ပေါင်းများစွာတိုက်ခိုက်သည့်ကြားမှ KNU ဦးဆောင်သောပူးပေါင်းတပ်က စခန်းသိမ်းနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
သေ့ဘောဘိုးဒေသမှ စစ်ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိပေးသော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များက မေ ၁၇ မှစ၍ စခန်းကိုသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်က လေကြောင်းမှ မကြုံဖူးအောင်အကြိမ်ရေများစွာတိုက်ခိုက်သော်လည်း KNU ဦးဆောင်သော ပူးပေါင်းတပ်ကစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ကမြေပြင်တွင်အခြေအနေမကောင်းတော့သဖြင်ြ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအသုံးပြု၍ လေကြောင်းမှ ၃၅ ကြိမ်တိုင်လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကရေးသားထားသည်။
စခန်းအောင်မြင်စွာသိမ်းပိုက်နိုင်ပြီးနောက် KNU/KNLA တပ်ဖွဲ့ဝင်များက KNU အလံလွှင့်ထူသော ရုပ်သံဖိုင်ကို ကရင်အမျိုးသားမီဒီယာက ယနေ့ ညနေ သုံးနာရီခွဲ ခန့်တွင်ထုတ်ပြန်ခဲ့သည်။
KNU တပ်မဟာ(၆)နယ်မြေတွင်ရှိသည့် သေ့ဘောဘိုး တိုက်ပွဲ တွင် စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းရောက် ရဲဘော်တစ်ဦးက ပြောကြားသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာရာ ယင်းနှင့်ပတ်သက်ပြီး KNU ဗဟိုမှ သတင်းရင်းမြစ်က “အတည်ပြုလို့ရတယ်” ဟု စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖြေကြားသည်။
လက်နက်ခဲယမ်းရရှိမှု အခြေအနေကို မေးမြန်းရာတွင် ရရှိခဲ့သည်ဟု ဖြေကြားခဲ့ပြီး အသေးစိတ် အခြေအနေများကို လတ်တလော ပြောကြားခြင်းမပြုသေးပေ။
“အခုကတော့ သိမ်းတာတော့ သိမ်းလိုက်ပြီ။ သိမ်းပြီးတဲ့အချိန်မှာ ဟိုကောင်တွေက လေယာဉ်နဲ့လာပစ်တာပေါ့။
လေယာဉ်နဲ့လာပစ်ပေမယ့်လည်း မရတော့ဘူးလေ။ စခန်းတော့ သူများသိမ်းလိုက်ပြီ။အခုအခြေအနေကတော့ သိမ်းလိုက်တယ်လောက်ပဲ သိရသေးတယ်” ဟု ကရင်တိုင်းရင်းသား တစ်ဦးကလည်း ပြောသည်။