Articles

NUG ေငြတိုက္စာခ်ဳပ္ကိုယ္စားလွယ္အျဖစ္မွ ပန္ဆယ္လိုႏုတ္ထြက္မႈ ဝန္ႀကီးဦးတင္ထြန္းႏိုင္ ရွင္းလင္းၿပီ

NUG ေငြတိုက္စာခ်ဳပ္ကိုယ္စားလွယ္အျဖစ္မွ ပန္ဆယ္လိုႏုတ္ထြက္မႈ ဝန္ႀကီးဦးတင္ထြန္းႏိုင္ ရွင္းလင္း

ဧရာဝတီ၊ ေမ ၁၈၊ ၂၀၂၂

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ ေငြတိုက္စာခ်ဳပ္ကိုယ္စားလွယ္အျဖစ္မွ ပန္ဆယ္လိုႏုတ္ထြက္မႈႏွင့္ ပတ္သက္ၿပီး NUG စီးပြားေရး၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈဝန္ႀကီးဌာန (MOPFI) ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းႏိုင္က အထင္အျမင္လြဲမွားမႈသာ ျဖစ္ေၾကာင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ယေန႔ ရွင္းလင္းေဖာ္ျပလာသည္။

ဦးတင္ထြန္းႏိုင္က “မပန္ဆယ္လို တင္လိုက္တဲ့ပို႔စ္နဲ႔စပ္လ်ဥ္းၿပီး “ေငြေၾကး” အရႈပ္အရွင္းျဖစ္လို႔ သူ႔ကို ေငြတိုက္စာခ်ဳပ္ အေရာင္းကိုယ္စားလွယ္အျဖစ္ကေန ရပ္စဲခံရသေယာင္ တဖက္အုပ္စုက ထိုးခ်စြပ္စြဲတဲ့ပို႔စ္ေတြ တက္လာတာေတြ႕မိပါတယ္။ အဲဒါ မမွန္ပါဘူး။

မပန္ဆယ္လို ကူညီအားျဖည့္ေရာင္းခ်ေပးခဲ့တဲ့ ေငြတိုက္စာခ်ဳပ္ေရာင္းရေငြအားလုံး တျပားမက်န္ ေကာင္းမြန္စြာ အျပည့္အဝ လက္ခံရရွိပါတယ္။ ျဖစ္ပ်က္သြားတဲ့ အေျခအေနဟာ တကယ္ေတာ့ နားလည္မႈလြဲမွားရာကေန ေပၚေပါက္ခဲ့တာပါ။ ဒါနဲ႔စပ္လ်ဥ္းၿပီး သူနဲ႔က်ေနာ္လည္း မေန႔က ႏွစ္ႀကိမ္တိုင္တိုင္ ဆက္သြယ္ေဆြးေႏြး ညႇိႏႈိင္းအေျဖရွာခဲ့ၿပီး ျဖစ္ပါတယ္” ဟု ဆိုထားသည္။

ယခုလို အေျခအေနမ်ိဳးတြင္ ျဖစ္ေပၚခဲ့သည့္အတြက္ ေတာင္းပန္ၿပီး အလားတူကိစၥရပ္မ်ား ထပ္မံျဖစ္ပြားျခင္း မရွိေစရန္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း ဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာသည္။

ယမန္ေန႔ (ေမ ၁၇ ရက္) တြင္ ပန္ဆယ္လိုက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ေငြတိုက္စာခ်ဳပ္ကိုယ္စားလွယ္အျဖစ္မွ ႏုတ္ထြက္ေၾကာင္းကို အသိေပးခဲ့ၿပီး ေထာက္ပို႔ကိစၥမ်ား၊ လႈံ႕ေဆာ္ေရးမ်ားႏွင့္ ေတာ္လွန္ေရး ရန္ပုံေငြရွာေဖြေရး ကိစၥရပ္မ်ားတြင္ ဆက္လက္ ပါဝင္ေနဦးမည္ ျဖစ္ေၾကာင္း ဆိုထားသည္။

ဆက္လက္၍ ၎က “MOPFI ဝန္ထမ္းေတြရဲ႕ ဆက္ဆံေရးအဆင္မေျပမႈကို MOPFI ဝန္ႀကီး မေျဖရွင္းႏိုင္တဲ့အတြက္ ေျဖရွင္းႏိုင္မယ္ယူဆတဲ့ NUG အစိုးရထံ ဆက္လက္တိုင္ၾကားသြားမွာ ျဖစ္ပါတယ္။ မရတဲ့အဆုံးမွ ျပည္သူကို အေသးစိတ္ တိုင္ၾကားပါ့မယ္။ လူပါးဝခံေနရတဲ့ Bond Agent ေတြကိုယ္စား၊ ေတာ္လွန္ေရးေၾကာင့္ ၿငိမ္ခံေနရသူေတြကိုယ္စား လူမိုက္လုပ္ပါမယ္။ NUG Bond ဟာ ေတာ္လွန္ေရးအတြက္ ႀကီးမားတဲ့ ေထာက္တိုင္တခု ျဖစ္တာေၾကာင့္ ဆက္လက္ဝယ္ယူၾကဖို႔ တိုက္တြန္းပါတယ္” ဟု ေျပာထားသည္။

စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးအတြက္ ရန္ပုံေငြအျဖစ္ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က အတိုးမရဘဲ ၂ ႏွစ္သက္တမ္းျပည့္ခ်ိန္တြင္ ေငြရင္းအတိုင္း ျပန္လည္ထုတ္ယူႏိုင္မည့္ ေဒၚလာ ၁၀၀၊ ေဒၚလာ ၅၀၀၊ ေဒၚလာ ၁၀၀၀ ႏွင့္ ေဒၚလာ ၅၀၀၀ တန္ ေငြတိုက္စာခ်ဳပ္ ၄ မ်ိဳးကို ၿပီးခဲ့သည့္ ၂၀၂၁ ႏိုဝင္ဘာ ၂၂ ရက္မွစတင္ကာ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

NUG ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှု ဝန်ကြီးဦးတင်ထွန်းနိုင် ရှင်းလင်း

ဧရာဝတီ၊ မေ ၁၈၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှုနှင့် ပတ်သက်ပြီး NUG စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန (MOPFI) ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အထင်အမြင်လွဲမှားမှုသာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ရှင်းလင်းဖော်ပြလာသည်။

ဦးတင်ထွန်းနိုင်က “မပန်ဆယ်လို တင်လိုက်တဲ့ပို့စ်နဲ့စပ်လျဉ်းပြီး “ငွေကြေး” အရှုပ်အရှင်းဖြစ်လို့ သူ့ကို ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲခံရသယောင် တဖက်အုပ်စုက ထိုးချစွပ်စွဲတဲ့ပို့စ်တွေ တက်လာတာတွေ့မိပါတယ်။ အဲဒါ မမှန်ပါဘူး။

မပန်ဆယ်လို ကူညီအားဖြည့်ရောင်းချပေးခဲ့တဲ့ ငွေတိုက်စာချုပ်ရောင်းရငွေအားလုံး တပြားမကျန် ကောင်းမွန်စွာ အပြည့်အဝ လက်ခံရရှိပါတယ်။ ဖြစ်ပျက်သွားတဲ့ အခြေအနေဟာ တကယ်တော့ နားလည်မှုလွဲမှားရာကနေ ပေါ်ပေါက်ခဲ့တာပါ။ ဒါနဲ့စပ်လျဉ်းပြီး သူနဲ့ကျနော်လည်း မနေ့က နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ဆွေးနွေး ညှိနှိုင်းအဖြေရှာခဲ့ပြီး ဖြစ်ပါတယ်” ဟု ဆိုထားသည်။

ယခုလို အခြေအနေမျိုးတွင် ဖြစ်ပေါ်ခဲ့သည့်အတွက် တောင်းပန်ပြီး အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ယမန်နေ့ (မေ ၁၇ ရက်) တွင် ပန်ဆယ်လိုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်းကို အသိပေးခဲ့ပြီး ထောက်ပို့ကိစ္စများ၊ လှုံ့ဆော်ရေးများနှင့် တော်လှန်ရေး ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များတွင် ဆက်လက် ပါဝင်နေဦးမည် ဖြစ်ကြောင်း ဆိုထားသည်။

ဆက်လက်၍ ၎င်းက “MOPFI ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအဆင်မပြေမှုကို MOPFI ဝန်ကြီး မဖြေရှင်းနိုင်တဲ့အတွက် ဖြေရှင်းနိုင်မယ်ယူဆတဲ့ NUG အစိုးရထံ ဆက်လက်တိုင်ကြားသွားမှာ ဖြစ်ပါတယ်။ မရတဲ့အဆုံးမှ ပြည်သူကို အသေးစိတ် တိုင်ကြားပါ့မယ်။ လူပါးဝခံနေရတဲ့ Bond Agent တွေကိုယ်စား၊ တော်လှန်ရေးကြောင့် ငြိမ်ခံနေရသူတွေကိုယ်စား လူမိုက်လုပ်ပါမယ်။ NUG Bond ဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ ထောက်တိုင်တခု ဖြစ်တာကြောင့် ဆက်လက်ဝယ်ယူကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောထားသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် ရန်ပုံငွေအဖြစ် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အတိုးမရဘဲ ၂ နှစ်သက်တမ်းပြည့်ချိန်တွင် ငွေရင်းအတိုင်း ပြန်လည်ထုတ်ယူနိုင်မည့် ဒေါ်လာ ၁၀၀၊ ဒေါ်လာ ၅၀၀၊ ဒေါ်လာ ၁၀၀၀ နှင့် ဒေါ်လာ ၅၀၀၀ တန် ငွေတိုက်စာချုပ် ၄ မျိုးကို ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ရောင်းချခဲ့ခြင်း ဖြစ်သည်။