၃၂ ႏွစ္အၾကာမွ KNLA က ျပန္လည္သိမ္းပိုက္ႏိုင္ေသာ ေသ့ေဘာဘိုးစစ္တပ္စခန္းတိုက္ပြဲတြင္ စစ္သားအေလာင္းမ်ားကို စစ္တပ္က ဆြဲယူထြက္ေျပးၿပီး လက္နက္ခဲယမ္း အေျမာက္ျမားရရွိ၊ PDF ၁ ဦး က်ဆုံးၿပီး စစ္သား ၁၀ ဦးထက္မနည္းေသဆုံးဖြယ္ရွိၿပီး အရွင္ ၄ ဦးထက္မနည္းဖမ္းမိ
ရန္ကုန္၊ ေမ ၁၈
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ေတာင္ဘက္ ထိုင္း-ျမန္မာနယ္စပ္အနီးရွိ စစ္ေကာင္စီတပ္၏ ေသ့ေဘာဘိုးတပ္စခန္းကို ယမန္ေန႔ ေမလ ၁၇ ရက္ ညမွစ၍ KNLA ပူးေပါင္းတပ္မ်ားက တိုက္ခိုက္ခဲ့ရာ ယေန႔မြန္းလြဲပိုင္းတြင္ သိမ္းပိုက္ရရွိခဲ့ၿပီး စစ္သားမ်ား အက်အဆုံးမ်ားစြာျဖင့္ ထြက္ေျပးသြားကာ စခန္းရွိ လက္နက္ခဲယမ္းအခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့သည္။
အဆိုပါ ေသ့ေဘာဘိုးစခန္းကုန္းကို KNLA ပူးေပါင္းတပ္က တိုက္ခိုက္သိမ္းပိုက္စဥ္ အၾကမ္းဖက္စစ္ေကာင္စီတပ္က တိုက္ေလယာဥ္ ၂ စီး၊ တိုက္ခိုက္ေရးရဟတ္ ယာဥ္ ၂ စီး၊ CH 3 Drone ၁ စီးျဖင့္ အႀကိမ္ ၂၀ ႏွင့္ အထက္ ရဟတ္ ယာဥ္ႏွင့္ေလယာဥ္မ်ား မီးခိုးထြက္သည္အထိ လာေရာက္ ဗုံးက်ဲ တိုက္ခိုက္၍ စခန္းျပန္ရရန္ တိုက္ခိုက္ေသာ္လည္း ေနာက္ဆုံးတြင္ စစ္သား ေသဆုံးမႈမ်ားစြာျဖင့္ အရႈံးေပးထြက္ေျပးသြားရေၾကာင္း သိရွိရသည္။
စခန္းသိမ္းတိုက္ပြဲတြင္ KNLA ပူးေပါင္းတပ္ဖြဲ႕ဘက္မွ အနည္းဆုံး ၁ ဦး က်ဆုံးခဲ့ေၾကာင္း သိရွိရၿပီး ႏွစ္ဖက္ က်ဆုံးစာရင္းႏွင့္ လက္နက္ခဲယမ္းမည္မွ် သိမ္း ဆည္းရမိသည္ကို KNLA ဘက္မွ တရားဝင္သတင္းထုတ္ျပန္မည္ျဖစ္ေၾကာင္း သိရွိရသည္။
“အေလာင္းေတြကို စစ္တပ္က ျပန္ဆြဲသြားတယ္။ က်ေနာ္ ငါးေလာင္းျမင္လိုက္တယ္။ ေလးေယာက္ေတာ့အရွင္မိထားတယ္” ဟု တိုက္ပြဲတြင္ ပါဝင္ေသာ PDF ရဲေဘာ္တစ္ဦးက ေျပာဆိုသည္။
အဆိုပါ စခန္းတြင္ အၾကမ္းဖက္စစ္ေကာင္စီ၏ စကခ ၁၃ လက္ေအာက္ခံ ဘုတ္ျပင္းအေျခစိုက္ ခမရ ၅၅၉ တပ္ရင္းမွ တပ္စြဲထားေၾကာင္း သိရွိရသည္။
KNLA၊ KNDO၊ PDF ပူးေပါင္းတပ္မ်ားက သိမ္းပိုက္ရရွိေသာ စစ္ေကာင္စီ ၏ေသ့ေဘာဘိုးစခန္းသည္ ျမဝတီ-ေလးေက့ေကာ္-ဖလူး-ေသ့ေဘာဘိုး-ေဝၚေလၿမိဳင္ ကားလမ္းေပၚတြင္ တည္ရွိေနေသာ စခန္းျဖစ္ၿပီး ဗ်ဴဟာအရ အေရးပါေသာ စခန္းတစ္ခုလည္းျဖစ္သည္။
ေသ့ေဘာဘိုးစခန္းကို ၁၉၉၀ ခုႏွစ္တြင္ အၾကမ္းဖက္စစ္တပ္က တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး ၃၂ ႏွစ္ခန႔္အၾကာမွ KNLA ပူးေပါင္းတပ္က ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္သည္။
၃၂ နှစ်အကြာမှ KNLA က ပြန်လည်သိမ်းပိုက်နိုင်သော သေ့ဘောဘိုးစစ်တပ်စခန်းတိုက်ပွဲတွင် စစ်သားအလောင်းများကို စစ်တပ်က ဆွဲယူထွက်ပြေးပြီး လက်နက်ခဲယမ်း အမြောက်မြားရရှိ၊ PDF ၁ ဦး ကျဆုံးပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဖွယ်ရှိပြီး အရှင် ၄ ဦးထက်မနည်းဖမ်းမိ
ရန်ကုန်၊ မေ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍ KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သားများ အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားကာ စခန်းရှိ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သေ့ဘောဘိုးစခန်းကုန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးရဟတ် ယာဉ် ၂ စီး၊ CH 3 Drone ၁ စီးဖြင့် အကြိမ် ၂၀ နှင့် အထက် ရဟတ် ယာဉ်နှင့်လေယာဉ်များ မီးခိုးထွက်သည်အထိ လာရောက် ဗုံးကျဲ တိုက်ခိုက်၍ စခန်းပြန်ရရန် တိုက်ခိုက်သော်လည်း နောက်ဆုံးတွင် စစ်သား သေဆုံးမှုများစွာဖြင့် အရှုံးပေးထွက်ပြေးသွားရကြောင်း သိရှိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရပြီး နှစ်ဖက် ကျဆုံးစာရင်းနှင့် လက်နက်ခဲယမ်းမည်မျှ သိမ်း ဆည်းရမိသည်ကို KNLA ဘက်မှ တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
“အလောင်းတွေကို စစ်တပ်က ပြန်ဆွဲသွားတယ်။ ကျနော် ငါးလောင်းမြင်လိုက်တယ်။ လေးယောက်တော့အရှင်မိထားတယ်” ဟု တိုက်ပွဲတွင် ပါဝင်သော PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။
အဆိုပါ စခန်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ ဘုတ်ပြင်းအခြေစိုက် ခမရ ၅၅၉ တပ်ရင်းမှ တပ်စွဲထားကြောင်း သိရှိရသည်။
KNLA၊ KNDO၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသော စစ်ကောင်စီ ၏သေ့ဘောဘိုးစခန်းသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိနေသော စခန်းဖြစ်ပြီး ဗျူဟာအရ အရေးပါသော စခန်းတစ်ခုလည်းဖြစ်သည်။
သေ့ဘောဘိုးစခန်းကို ၁၉၉၀ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၃၂ နှစ်ခန့်အကြာမှ KNLA ပူးပေါင်းတပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။