Local News

႐ုပ္ရည္သြင္ျပင္ကို ၾကည့္ၿပီး လုံးဝ ခန႔္မွန္းလို႔ မရတဲ့ YBS ေပၚက ခါးပတ္ႏႈိက္အဖြဲ႕

႐ုပ္ရည္သြင္ျပင္ကို ၾကည့္ၿပီး လုံးဝ ခန႔္မွန္းလို႔ မရတဲ့ YBS ေပၚက ခါးပတ္ႏႈိက္အဖြဲ႕

ျဖစ္တာေတာ့ ၃ ပတ္ေလာက္ရွိၿပီ၊ ခုမွပဲ ေရးျဖစ္တာပါ.. ကြၽန္မက ေန႔စဥ္ Bus စီးၿပီး အလုပ္သြားရပါတယ္။ အရင္ကေတာ့ အလုပ္က အျပန္ဆို အတူျပန္တဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ရွိတယ္.. သူက အင္းစိန္ေဈးနားမွာေနေတာ့ နံပါတ္ ၆ ကားတမ်ိဳးပဲ စီးလို႔ရတယ္.. သူက အၿမဲသတိေပးခဲ့ပါတယ္၊ နံပါတ္ ၆ ကားကို စီးရင္ ခါးပိုက္ႏႈိက္သတိထားပါ တဲ့၊ တစီးတည္းတင္ ၂ ဖြဲ႕ ပါလာတာေတြ ရွိတတ္တယ္တဲ့။

အဲ့ကတည္းက ကြၽန္မ အတတ္ႏိုင္ဆုံး အဲ့နံပါတ္ ၆ ကားကို အတတ္ႏိုင္ဆုံး ေရွာင္စီးပါတယ္၊ တရက္ေတာ့ ၇၉ စီးၿပီး စာတိုက္ကို လာတယ္၊ ႐ုံးက ကားအလာကို မွတ္တိုင္နဲ႔ ခပ္လွမ္းလွမ္းမွာ ရပ္ေစာင့္ေနတာေပါ့.. အဲ့အခ်ိန္မွာပဲ နံပါတ္ ၆ တစီး ရပ္လာတယ္၊

လူတေယာက္ ေက်ာပိုးအိတ္နဲ႔ ဆင္းလာတယ္။ သူ႔အေနာက္မွာ လူ ၅ ေယာက္ ဆင္းလာတယ္၊ တေယာက္က ေဘာင္းဘီရွည္နဲ႔ က်န္တဲ့သူ ၄ ေယာက္က စတစ္ေကာ္လာအျဖဴနဲ႔ ပုဆိုးနဲ႔ သပ္သပ္ရပ္ရပ္ ဝတ္စားထားၾကပါတယ္၊

အဲ့ထဲက ေဘာင္းဘီနဲ႔လူက သူ႔ ဖုန္း အခိုးခံရပါတယ္၊ ေရွ႕က ဆင္းသြားတဲသူ ႏႈိက္ပါတယ္ လို႔ေျပာတယ္။ အဲ့မွာပဲ က်န္တဲ့ ၄ ေယာက္ထဲက တေယာက္က လမ္းမေပၚကို ဖုန္းတလုံး မသိမသာ ပစ္ခ်ၿပီး ဒါ မဟုတ္ဘူးလား လို႔ေမးတယ္၊

အဲ့သည့္အခ်ိန္မွာ တကယ္ယူသြားတဲ့သူက တဖက္ကို လမ္းကူးသြားတာ လမ္းလည္ကြၽန္းကို ေရာက္ေနၿပီ၊ ဖုန္းပိုင္ရွင္ကလည္း ေရွ႕ကလူ ယူသြားတာပါ ဆိုၿပီး လမ္းလိုက္ကူးဖို႔ လုပ္ေပမယ့္ က်န္ခဲ့တဲ့ ၄ ေယာက္က ဝိုင္းကာထားၿပီး အိတ္ထဲေသခ်ာျပန္စစ္ဖို႔၊ မဟုတ္ဘဲ မစြပ္စြဲဖို႔ေတြေျပာၿပီး တဖက္လူ ေျပးလို႔ရေအာင္ အခ်ိန္ဆြဲေပးပါတယ္။

ဖုန္းယူသြားတဲ့သူက လမ္းတဖက္လည္းေရာက္ေရာ Taxi တစီးကို လက္တားၿပီး ခ်က္ခ်င္းထြက္သြားပါတယ္၊ ေဈးစကားေျပာတာ စစ္တာေတာင္ မရွိ ခ်က္ခ်င္း ထြက္သြားတာပါ။ Taxi လည္း ထြက္သြားေရာ ဝိုင္းထားတဲ့ ၄ ေယာက္ကလည္း ဖုန္းပိုင္ရွင္ေကာင္ေလးနားကေန အလ်ိဳလ်ိဳထြက္သြားၿပီး အေနာက္ကို ျပန္ေလ်ာက္သြားၾကပါတယ္။

ဖုန္းပိုင္ရွင္ေကာင္ေလးက ယူတဲ့သူကို သိလ်က္နဲ႔ ဘာမွ မလုပ္ႏိုင္လို႔ စိတ္ေတြတိုၿပီး ေက်ာပိုးအိတ္ကို လႊင့္ပစ္ၿပီး ငူငူႀကီး ရပ္ေနပါတယ္.. ျပည့္စုံတဲ့ပုံ မရွိတဲ့သူမို႔ သည္ဖုန္းတလုံးအတြက္ သူဘယ္ေလာက္ေတာင္ ျပန္ရွာရမလဲ ေတြးၾကည့္ရင္ကို စိတ္မေကာင္းစရာပါ။

ခဏေနေတာ့ Taxi တစီး ကြၽန္မတို႔ေရွ႕က ျဖတ္သြားပါတယ္၊ ကားေပၚမွာေတာ့ ခုနက လူ ၅ ေယာက္ ပါလာပါတယ္။ ဆိုလိုခ်င္တာက ခါးအဖြဲ႕က အဖြဲ႕လိုက္ လႈပ္ရွားပါတယ္၊ တဖက္ကို အာ႐ုံလႊဲၿပီး လႈပ္ရွားၾကပါတယ္၊ ေနာက္တခုက ႐ုပ္ရည္သြင္ျပင္၊ ဝတ္စားတာနဲ႔လည္း မဆိုင္ပါဘူး၊ အခုျမင္လိုက္ရတဲ့အဖြဲ႕ဆို တကယ့္ကို သပ္သပ္ရပ္ရပ္ သန႔္သန႔္ျပန႔္ျပန႔္ ဝတ္စားထားပါတယ္။

လႈိင္သာယာဘက္က ကားေတြေပၚမွာ လက္လုပ္လက္စားနဲ႔ အလုပ္ၾကမ္းလုပ္တဲ့သူေတြ အမ်ားစုပါပါတယ္၊ မနက္ Bus စီးရင္ သူတို႔နဲ႔အတူ ေျခနင္းခုံမွာ တိုးေဝွ႔စီးရတဲ့ရက္ေတြရွိခဲ့ပါတယ္၊ အဲ့လိုအခ်ိန္တိုင္း ကိုယ့္ကို လုံၿခဳံေအာင္ သူတို႔ကူညီေပးခဲ့တာေတြ ရွိခဲ့ဖူးပါတယ္။

႐ုပ္ရည္သြင္ျပင္ကို ၾကည့္ၿပီးေတာ့ ခါးပိုက္ႏႈိက္ကို ခန႔္မွန္းမရႏိုင္တာမို႔ မိမိပိုင္ဆိုင္မႈေတြရဲ႕ လုံၿခဳံေရးကို မိမိကိုယ္တိုင္ကသာ အဓိက ကာကြယ္ထိန္းသိမ္းၾကပါလို႔ တိုက္တြန္းလိုပါတယ္။

Su lei Win

ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး လုံးဝ ခန့်မှန်းလို့ မရတဲ့ YBS ပေါ်က ခါးပတ်နှိုက်အဖွဲ့

ဖြစ်တာတော့ ၃ ပတ်လောက်ရှိပြီ၊ ခုမှပဲ ရေးဖြစ်တာပါ.. ကျွန်မက နေ့စဉ် Bus စီးပြီး အလုပ်သွားရပါတယ်။ အရင်ကတော့ အလုပ်က အပြန်ဆို အတူပြန်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတယ်.. သူက အင်းစိန်ဈေးနားမှာနေတော့ နံပါတ် ၆ ကားတမျိုးပဲ စီးလို့ရတယ်.. သူက အမြဲသတိပေးခဲ့ပါတယ်၊ နံပါတ် ၆ ကားကို စီးရင် ခါးပိုက်နှိုက်သတိထားပါ တဲ့၊ တစီးတည်းတင် ၂ ဖွဲ့ ပါလာတာတွေ ရှိတတ်တယ်တဲ့။

အဲ့ကတည်းက ကျွန်မ အတတ်နိုင်ဆုံး အဲ့နံပါတ် ၆ ကားကို အတတ်နိုင်ဆုံး ရှောင်စီးပါတယ်၊ တရက်တော့ ၇၉ စီးပြီး စာတိုက်ကို လာတယ်၊ ရုံးက ကားအလာကို မှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေတာပေါ့.. အဲ့အချိန်မှာပဲ နံပါတ် ၆ တစီး ရပ်လာတယ်၊

လူတယောက် ကျောပိုးအိတ်နဲ့ ဆင်းလာတယ်။ သူ့အနောက်မှာ လူ ၅ ယောက် ဆင်းလာတယ်၊ တယောက်က ဘောင်းဘီရှည်နဲ့ ကျန်တဲ့သူ ၄ ယောက်က စတစ်ကော်လာအဖြူနဲ့ ပုဆိုးနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားထားကြပါတယ်၊

အဲ့ထဲက ဘောင်းဘီနဲ့လူက သူ့ ဖုန်း အခိုးခံရပါတယ်၊ ရှေ့က ဆင်းသွားတဲသူ နှိုက်ပါတယ် လို့ပြောတယ်။ အဲ့မှာပဲ ကျန်တဲ့ ၄ ယောက်ထဲက တယောက်က လမ်းမပေါ်ကို ဖုန်းတလုံး မသိမသာ ပစ်ချပြီး ဒါ မဟုတ်ဘူးလား လို့မေးတယ်၊

အဲ့သည့်အချိန်မှာ တကယ်ယူသွားတဲ့သူက တဖက်ကို လမ်းကူးသွားတာ လမ်းလည်ကျွန်းကို ရောက်နေပြီ၊ ဖုန်းပိုင်ရှင်ကလည်း ရှေ့ကလူ ယူသွားတာပါ ဆိုပြီး လမ်းလိုက်ကူးဖို့ လုပ်ပေမယ့် ကျန်ခဲ့တဲ့ ၄ ယောက်က ဝိုင်းကာထားပြီး အိတ်ထဲသေချာပြန်စစ်ဖို့၊ မဟုတ်ဘဲ မစွပ်စွဲဖို့တွေပြောပြီး တဖက်လူ ပြေးလို့ရအောင် အချိန်ဆွဲပေးပါတယ်။

ဖုန်းယူသွားတဲ့သူက လမ်းတဖက်လည်းရောက်ရော Taxi တစီးကို လက်တားပြီး ချက်ချင်းထွက်သွားပါတယ်၊ ဈေးစကားပြောတာ စစ်တာတောင် မရှိ ချက်ချင်း ထွက်သွားတာပါ။ Taxi လည်း ထွက်သွားရော ဝိုင်းထားတဲ့ ၄ ယောက်ကလည်း ဖုန်းပိုင်ရှင်ကောင်လေးနားကနေ အလျိုလျိုထွက်သွားပြီး အနောက်ကို ပြန်လျောက်သွားကြပါတယ်။

ဖုန်းပိုင်ရှင်ကောင်လေးက ယူတဲ့သူကို သိလျက်နဲ့ ဘာမှ မလုပ်နိုင်လို့ စိတ်တွေတိုပြီး ကျောပိုးအိတ်ကို လွှင့်ပစ်ပြီး ငူငူကြီး ရပ်နေပါတယ်.. ပြည့်စုံတဲ့ပုံ မရှိတဲ့သူမို့ သည်ဖုန်းတလုံးအတွက် သူဘယ်လောက်တောင် ပြန်ရှာရမလဲ တွေးကြည့်ရင်ကို စိတ်မကောင်းစရာပါ။

ခဏနေတော့ Taxi တစီး ကျွန်မတို့ရှေ့က ဖြတ်သွားပါတယ်၊ ကားပေါ်မှာတော့ ခုနက လူ ၅ ယောက် ပါလာပါတယ်။ ဆိုလိုချင်တာက ခါးအဖွဲ့က အဖွဲ့လိုက် လှုပ်ရှားပါတယ်၊ တဖက်ကို အာရုံလွှဲပြီး လှုပ်ရှားကြပါတယ်၊ နောက်တခုက ရုပ်ရည်သွင်ပြင်၊ ဝတ်စားတာနဲ့လည်း မဆိုင်ပါဘူး၊ အခုမြင်လိုက်ရတဲ့အဖွဲ့ဆို တကယ့်ကို သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် ဝတ်စားထားပါတယ်။

လှိုင်သာယာဘက်က ကားတွေပေါ်မှာ လက်လုပ်လက်စားနဲ့ အလုပ်ကြမ်းလုပ်တဲ့သူတွေ အများစုပါပါတယ်၊ မနက် Bus စီးရင် သူတို့နဲ့အတူ ခြေနင်းခုံမှာ တိုးဝှေ့စီးရတဲ့ရက်တွေရှိခဲ့ပါတယ်၊ အဲ့လိုအချိန်တိုင်း ကိုယ့်ကို လုံခြုံအောင် သူတို့ကူညီပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီးတော့ ခါးပိုက်နှိုက်ကို ခန့်မှန်းမရနိုင်တာမို့ မိမိပိုင်ဆိုင်မှုတွေရဲ့ လုံခြုံရေးကို မိမိကိုယ်တိုင်ကသာ အဓိက ကာကွယ်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါတယ်။

Su lei Win