Local News

ေလးေကေကာ္မွာ ဒီမနက္ စစ္ေကာင္စီတပ္က ေလေၾကာင္းတိုက္ခိုက္လို႔ KNLA ပူးေပါင္းအဖြဲ႕က တပ္ဖြဲ႕ဝင္ေတြ ထိခိုက္မႈရွိ

ေလးေကေကာ္မွာ ဒီမနက္ စစ္ေကာင္စီတပ္က ေလေၾကာင္းတိုက္ခိုက္လို႔ KNLA ပူးေပါင္းအဖြဲ႕က တပ္ဖြဲ႕ဝင္ေတြ ထိခိုက္မႈရွိ

မိုးဦး/People’s Spring

ေလးေကေကာ္ေဒသထဲကို ဒီကေန႔မနက္အေစာပိုင္းက စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္ခဲ့ၿပီး KNLA ပူးေပါင္းအဖြဲ႕က တပ္ဖြဲ႕ဝင္ေတြ ထိခိုက္ဒဏ္ရာရရွိမႈ အနည္းငယ္ရွိခဲ့တယ္လို႔ ပူးေပါင္းအဖြဲ႕က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဒီကေန႔ ေမ ၁၉ ရက္ မနက္ ၂ နာရီဝန္းက်င္အခ်ိန္က ေကအဲန္ယူ တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ေလးေကေကာ္ေဒသထဲကို စစ္ေကာင္စီရဲ႕ ေလယာဥ္ႏွစ္စီးက ႏွစ္ႀကိမ္ဗုံးႀကဲခဲ့ၿပီး KNLA ပူးေပါင္းအဖြဲ႕က တပ္ဖြဲ႕ဝင္တခ်ိဳ႕ ဒဏ္ရာရရွိမႈအနည္းငယ္ရွိခဲ့တာပါ။

“ညက ႏွစ္ခ်က္တီးမွာေတာ့ က်ေနာ္တို႔ေလးေကေကာ္ေဒသမွာ ႏွစ္ႀကိမ္တိတိေတာ့ ဗုံးႀကဲသြားတယ္။ အနည္းငယ္ထိခိုက္မႈေတြေတာ့ရွိတယ္။ ဒါေပမဲ့က်ေနာ္တို႔ဘက္က အက်အဆုံးတို႔ ထိခိုက္ဒဏ္ရာႀကီးႀကီးမားမားေတြက မရွိပါဘူး” လို႔ KNLA ပူးေပါင္းအဖြဲ႕က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေလးေကေကာ္ကို ဒီမနက္ ၂ နာရီ ၂ မိနစ္အခ်ိန္က စစ္ေကာင္စီေလယာဥ္ႏွစ္စီးက အခ်ိန္မေတာ္လာေရာက္တိုက္ခိုက္မႈေၾကာင့္ တပ္ဖြဲ႕ဝင္သုံးဦး ပြန္းပဲ့ဒဏ္ရာ(မစိုးရိမ္ရ)ရရွိခဲ့ၿပီး ေဆးကုသမႈခံယူေနရတယ္လို႔ KNLA ပူးေပါင္းတပ္ဖြဲ႕ဝင္တစ္ဦးကလည္း ေရးသားေဖာ္ျပထားပါတယ္။

မေန႔ ေမ ၁၈ ရက္ေန႔က ေလးေကေကာ္ေဒသအနီးက ေသေဘာဘိုးမွာ စစ္ေကာင္စီရဲ႕တပ္စခန္းကို KNLA ပူးေပါင္းအဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ရရွိသြားခဲ့ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းတိုက္ခိုက္မႈ အႀကိမ္ (၂၀) ခန႔္ျပဳလုပ္သြားခဲ့တယ္လို႔ ပူးေပါင္းအဖြဲ႕ထံကေန သိရပါတယ္။

“က်ေနာ္တို႔သိရသေလာက္ စုစုေပါင္း အႀကိမ္ ၂၀ ဝန္းက်င္တိုက္ခိုက္သြားတယ္။ ေလယာဥ္တစ္စီးလာတယ္ တစ္ခါဝဲတယ္ ပစ္တယ္။ ျပန္ၿပီးေတာ့ဝဲတယ္ ပစ္တယ္ဆို ေလယာဥ္တစ္စီးကို ေလးငါးႀကိမ္ေလာက္ကို သူတို႔ပစ္သြားတာေတြရွိတာေပါ့” လို႔ ပူးေပါင္းအဖြဲ႕က တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

မေန႔က ေသေဘာဘိုးတိုက္ပြဲမွာ စစ္ေကာင္စီဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေသေဘာဘိုးနဲ႔အနီးအနားေက်း႐ြာေတြက ေဒသခံ႐ြာသား ၃၀၀ ဝန္းက်င္ဟာ ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ကိုျဖတ္ေက်ာ္ၿပီး ထိုင္းဘက္ျခမ္းကိ တိမ္းေရွာင္ခဲ့ရတယ္လို႔ ေဒသခံေတြဆီကေန သိရပါေသးတယ္။

လတ္တေလာမွာ တပ္မဟာ ၆ နယ္ေျမ ေလးေကေကာ္ ေသေဘာဘိုးေဒသထဲကို စစ္ေကာင္စီတပ္ဘက္က အင္အားတိုးခ်ဲ႕တာေတြ လုပ္ေဆာင္လာေနတဲ့အတြက္ ထိေတြ႕တိုက္ပြဲေတြဟာ ဆက္ၿပီးျဖစ္ေနဦးမွာလို႔ KNLA ပူးေပါင္းအဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

လေးကေကော်မှာ ဒီမနက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ KNLA ပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိ

မိုးဦး/People’s Spring

လေးကေကော်ဒေသထဲကို ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မေ ၁၉ ရက် မနက် ၂ နာရီဝန်းကျင်အချိန်က ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးက နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုအနည်းငယ်ရှိခဲ့တာပါ။

“ညက နှစ်ချက်တီးမှာတော့ ကျနော်တို့လေးကေကော်ဒေသမှာ နှစ်ကြိမ်တိတိတော့ ဗုံးကြဲသွားတယ်။ အနည်းငယ်ထိခိုက်မှုတွေတော့ရှိတယ်။ ဒါပေမဲ့ကျနော်တို့ဘက်က အကျအဆုံးတို့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားတွေက မရှိပါဘူး” လို့ KNLA ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လေးကေကော်ကို ဒီမနက် ၂ နာရီ ၂ မိနစ်အချိန်က စစ်ကောင်စီလေယာဉ်နှစ်စီးက အချိန်မတော်လာရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရေးသားဖော်ပြထားပါတယ်။

မနေ့ မေ ၁၈ ရက်နေ့က လေးကေကော်ဒေသအနီးက သေဘောဘိုးမှာ စစ်ကောင်စီရဲ့တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိသွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀) ခန့်ပြုလုပ်သွားခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

“ကျနော်တို့သိရသလောက် စုစုပေါင်း အကြိမ် ၂၀ ဝန်းကျင်တိုက်ခိုက်သွားတယ်။ လေယာဉ်တစ်စီးလာတယ် တစ်ခါဝဲတယ် ပစ်တယ်။ ပြန်ပြီးတော့ဝဲတယ် ပစ်တယ်ဆို လေယာဉ်တစ်စီးကို လေးငါးကြိမ်လောက်ကို သူတို့ပစ်သွားတာတွေရှိတာပေါ့” လို့ ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မနေ့က သေဘောဘိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဘောဘိုးနဲ့အနီးအနားကျေးရွာတွေက ဒေသခံရွာသား ၃၀၀ ဝန်းကျင်ဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းကိ တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါသေးတယ်။

လတ်တလောမှာ တပ်မဟာ ၆ နယ်မြေ လေးကေကော် သေဘောဘိုးဒေသထဲကို စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့တာတွေ လုပ်ဆောင်လာနေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေဟာ ဆက်ပြီးဖြစ်နေဦးမှာလို့ KNLA ပူးပေါင်းအဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။