စက္သုံးဆီေစ်း ဆက္တိုက္ ျမင့္လာၿပီး အကန႔္အသတ္ျဖင့္ ေရာင္းခ်လာၾက
ေဝဟင္စိုး
ရန္ကုန္၌ စက္သုံးဆီေစ်း ဆက္တိုက္ ျမင့္တက္ေနၿပီး အခ်ိဳ႕ဆိုင္မ်ားတြင္ အကန႔္အသတ္ျဖင့္ ေရာင္းခ် ေပးေနရေၾကာင္း ရန္ကုန္ၿမိဳ႕ တကၠစီယာဥ္ေမာင္း အသိုင္းအဝိုင္းထံက စုံစမ္း သိရွိရသည္။
ယေန႔ ေမ ၁၉ ရက္ စက္သုံးဆီေစ်းသည္ ယမန္ေန႔ ေမ ၁၈ ရက္ လက္လီ ဝယ္ယူေဈးထက္ က်ပ္ ၃ဝ ေက်ာ္ႏွင့္အထက္ ျမင့္တက္လာၿပီး ယခင္ ေမ ၁ ရက္ လက္လီေစ်းႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက က်ပ္ ၂၅၀ ေက်ာ္အထိ တစ္ရိပ္ရိပ္ ျမင့္တက္လာသည္။
ယေန႔ ရန္ကုန္ၿမိဳ႕တြင္ ေအာက္တိန္း ၉၂ တစ္လီတာလွ်င္ ၂,၂၁၀ က်ပ္ (ယမန္ေန႔ ၂,၁၈၀ က်ပ္)၊ ေအာက္တိန္း ၉၅ တစ္လီတာလွ်င္ ၂,၂၈၀ (ယမန္ေန႔ ၂,၂၃၅ က်ပ္)၊ ပရီမီယံ ဒီဇယ္ တစ္လီတာလွ်င္ ၂,၂၂၅ က်ပ္ (ယမန္ေန႔ ၂,၂၂၅ က်ပ္)၊ ႐ိုး႐ိုး ဒီဇယ္ တစ္လီတာလွ်င္ ၂,၂၀၀ က်ပ္(ယမန္ေန႔ ၂,၂၀၀ က်ပ္ ) တို႔ျဖင့္ ေရာင္း ခ်ေပးေနျခင္း ျဖစ္သည္။
ထို႔အျပင္ ရန္ကုန္ၿမိဳ႕ရွိ အခ်ိဳ႕ဆိုင္မ်ားတြင္ စက္သုံးဆီကို အကန႔္အသတ္ျဖင့္ ေရာင္းခ်ေနျခင္းမ်ား ရွိၿပီး စက္သုံးဆီေစ်း တရိပ္ရိပ္ ျမင့္တက္ေနျခင္းေၾကာင့္ အခ်ိဳ႕ေသာ နယ္ၿမိဳ႕မ်ားရွိ ဆိုင္မ်ား ပိတ္သိမ္းရသည္ အထိ ျဖစ္လာသည္။
အလားတူ မႏၲေလးၿမိဳ႕၌ ယေန႔ ေမ ၁၉ ရက္ေန႔တြင္ ေအာက္တိန္း ၉၂ တစ္လီတာလွ်င္ ၂,၂၁၅ က်ပ္( ယမန္ေန႔ ၂,၂၂၅ က်ပ္ ၊ ေအာက္တိန္း ၉၅ တစ္လီလွ်င္ ၂,၃၃ဝက်ပ္( ယမန္ေန႔ ၂,၂၈၀ က်ပ္) ၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၂,၂၇၅ က်ပ္( ယမန္ေန႔ ၂,၂၇၅ က်ပ္) ၊ ႐ိုး႐ိုးဒီဇယ္ တစ္လီတာလွ်င္ ၂,၂၄၅ က်ပ္ (ယမန္ေန႔ ၂,၂၄၅ က်ပ္) တို႔ျဖင့္ ေစ်းဖြင့္ ေရာင္းခ် ေပးလ်က္ရွိသည္။
ဒီဇယ္ေစ်းမွာ အနည္းငယ္ တည္ၿငိမ္ေနၿပီး ဓာတ္ဆီေစ်း ျမင့္တက္ လာေနျခင္းျဖစ္သည္။ နယ္ၿမိဳ႕မ်ား အလိုက္ စက္သုံးဆီ ဝယ္ယူမႈ ေစ်းႏႈန္းမ်ားလည္း ကြာျခားေနသည္။
“ ေရရွည္ဆိုရင္ မလြယ္ဘူး။ ခရီးသည္က ကားငွားၿပီဆိုရင္ သြားေနက် ေစ်းပဲေပးတယ္။ ဒီေစ်းနဲ႔ သြားေနၾကဆိုၿပီး ေစ်းမေပးဘူး။ အခ်ိဳ႕ေတြကလည္း ဆီေစ်းေတြ တက္တာ သိေပမယ့္ သိသိႀကီးနဲ႔ ေစ်းမညႇိႏႈိင္းဘူး။ သူတို႔ေျပာတဲ့ ေစ်းနဲ႔ လိုက္ရင္လိုက္ မလိုက္ရင္ အျခားကား ရတာ ငွားစီး သြားၾကတယ္။ ဆိုေတာ့ ကားသမားေတြက အုံနာေၾကး ရဖို႔ နဲ႔ ဆီဖိုးေက်ေအာင္ ရတဲ့ေစ်းနဲ႔ လိုက္ေနရတယ္ ” ဟု ရန္ကုန္ၿမိဳ႕တြင္း တကၠစီယာဥ္ေမာင္း တစ္ဦးက ဆိုသည္။
စက္သုံးဆီေစ်း ေရာင္းခ်မႈႏွင့္ ပတ္သက္၍ စက္သုံးဆီတင္သြင္း၊ သိုေလွာင္၊ ျဖန႔္ျဖဴးျခင္း လုပ္ငန္း ႀကီးၾကပ္မႈ ေကာ္မတီက ေန႔စဥ္ သတ္မွတ္ထားေသာ ေစ်းႏႈန္းမ်ားထက္ ပိုမိုေရာင္းခ်ပါက သတင္းေပး တိုင္ၾကားႏိုင္ေၾကာင္း ေမလအေစာပိုင္းက ထုတ္ျပန္ထားသည္။
သို႔ေသာ္ ယင္းေကာ္မတီသည္ ေန႔စဥ္ေရာင္းခ်ရမည့္ ေစ်းႏႈန္းမ်ားကို ပုံမွန္ မထုတ္ျပန္သည့္ အတြက္ ပုဂၢလိက စက္သုံးဆီဆိုင္မ်ား ေရာင္းခ်ေပးေနသည့္ ေစ်းႏႈန္းမ်ား အတိုင္း ဝယ္ယူေနရသည္။
“ ေကာ္မတီအေနနဲ႔ ေန႔စဥ္ မနက္တိုင္း အမ်ားျပည္သူ သိေအာင္ ထုတ္ျပန္ေစခ်င္တယ္။ မထုတ္ျပန္တဲ့ အခါက်ေတာ့ ဘယ္ေစ်းနဲ႔ တရားဝင္ ေရာင္းခ်ပါ ဆိုတာမ်ိဳးလည္း မသိရေတာ့ ဆိုင္ေတြက ေျပာတဲ့ ေရာင္းတဲ့ ေစ်းအတိုင္း ဝယ္ေနရတာေပါ့။
ၿပီးေတာ့ ဝယ္သေလာက္လည္း အခုရက္ပိုင္း မရဘူး။ မေန႔ကဆိုရင္ ဆိုင္သုံးဖို႔ သြားဝယ္တာ၊ ႏွစ္ေသာင္းဖိုးပဲ ေရာင္းလိုက္တယ္။ ေကာ္မတီ ဖြဲ႕ထားတယ္ ဆိုရင္လည္း အလုပ္ လုပ္ေပါ့။ အခုဟာက ထုတ္ျပန္တစ္ရက္ မထုတ္ျပန္ တစ္ရက္နဲ႔။
ၿပီးရင္ ထုတ္ျပန္ခ်က္ကို အမ်ားျပည္သူ သိႏိုင္တဲ့ ပလက္ေဖာင္း တစ္ခုခုကေန ေန႔စဥ္ တင္ေပးေနရမွာ ” ဟု စားေသာက္ဆိုင္ ပိုင္ရွင္ တစ္ဦးက ေျပာသည္။
#Mizzima
စက်သုံးဆီဈေး ဆက်တိုက် မြင့်လာပြီး အကန့်အသတ်ဖြင့် ရောင်းချလာကြ
ဝေဟင်စိုး
ရန်ကုန်၌ စက်သုံးဆီဈေး ဆက်တိုက် မြင့်တက်နေပြီး အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချ ပေးနေရကြောင်း ရန်ကုန်မြို့ တက္ကစီယာဉ်မောင်း အသိုင်းအဝိုင်းထံက စုံစမ်း သိရှိရသည်။
ယနေ့ မေ ၁၉ ရက် စက်သုံးဆီဈေးသည် ယမန်နေ့ မေ ၁၈ ရက် လက်လီ ဝယ်ယူဈေးထက် ကျပ် ၃ဝ ကျော်နှင့်အထက် မြင့်တက်လာပြီး ယခင် မေ ၁ ရက် လက်လီဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂၅၀ ကျော်အထိ တစ်ရိပ်ရိပ် မြင့်တက်လာသည်။
ယနေ့ ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၂၁၀ ကျပ် (ယမန်နေ့ ၂,၁၈၀ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂,၂၈၀ (ယမန်နေ့ ၂,၂၃၅ ကျပ်)၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂,၂၂၅ ကျပ် (ယမန်နေ့ ၂,၂၂၅ ကျပ်)၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် ၂,၂၀၀ ကျပ်(ယမန်နေ့ ၂,၂၀၀ ကျပ် ) တို့ဖြင့် ရောင်း ချပေးနေခြင်း ဖြစ်သည်။
ထို့အပြင် ရန်ကုန်မြို့ရှိ အချို့ဆိုင်များတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချနေခြင်းများ ရှိပြီး စက်သုံးဆီဈေး တရိပ်ရိပ် မြင့်တက်နေခြင်းကြောင့် အချို့သော နယ်မြို့များရှိ ဆိုင်များ ပိတ်သိမ်းရသည် အထိ ဖြစ်လာသည်။
အလားတူ မန္တလေးမြို့၌ ယနေ့ မေ ၁၉ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၂၁၅ ကျပ်( ယမန်နေ့ ၂,၂၂၅ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီလျှင် ၂,၃၃ဝကျပ်( ယမန်နေ့ ၂,၂၈၀ ကျပ်) ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၂၇၅ ကျပ်( ယမန်နေ့ ၂,၂၇၅ ကျပ်) ၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၂၄၅ ကျပ် (ယမန်နေ့ ၂,၂၄၅ ကျပ်) တို့ဖြင့် ဈေးဖွင့် ရောင်းချ ပေးလျက်ရှိသည်။
ဒီဇယ်ဈေးမှာ အနည်းငယ် တည်ငြိမ်နေပြီး ဓာတ်ဆီဈေး မြင့်တက် လာနေခြင်းဖြစ်သည်။ နယ်မြို့များ အလိုက် စက်သုံးဆီ ဝယ်ယူမှု ဈေးနှုန်းများလည်း ကွာခြားနေသည်။
“ ရေရှည်ဆိုရင် မလွယ်ဘူး။ ခရီးသည်က ကားငှားပြီဆိုရင် သွားနေကျ ဈေးပဲပေးတယ်။ ဒီဈေးနဲ့ သွားနေကြဆိုပြီး ဈေးမပေးဘူး။ အချို့တွေကလည်း ဆီဈေးတွေ တက်တာ သိပေမယ့် သိသိကြီးနဲ့ ဈေးမညှိနှိုင်းဘူး။ သူတို့ပြောတဲ့ ဈေးနဲ့ လိုက်ရင်လိုက် မလိုက်ရင် အခြားကား ရတာ ငှားစီး သွားကြတယ်။ ဆိုတော့ ကားသမားတွေက အုံနာကြေး ရဖို့ နဲ့ ဆီဖိုးကျေအောင် ရတဲ့ဈေးနဲ့ လိုက်နေရတယ် ” ဟု ရန်ကုန်မြို့တွင်း တက္ကစီယာဉ်မောင်း တစ်ဦးက ဆိုသည်။
စက်သုံးဆီဈေး ရောင်းချမှုနှင့် ပတ်သက်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်မှု ကော်မတီက နေ့စဉ် သတ်မှတ်ထားသော ဈေးနှုန်းများထက် ပိုမိုရောင်းချပါက သတင်းပေး တိုင်ကြားနိုင်ကြောင်း မေလအစောပိုင်းက ထုတ်ပြန်ထားသည်။
သို့သော် ယင်းကော်မတီသည် နေ့စဉ်ရောင်းချရမည့် ဈေးနှုန်းများကို ပုံမှန် မထုတ်ပြန်သည့် အတွက် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ရောင်းချပေးနေသည့် ဈေးနှုန်းများ အတိုင်း ဝယ်ယူနေရသည်။
“ ကော်မတီအနေနဲ့ နေ့စဉ် မနက်တိုင်း အများပြည်သူ သိအောင် ထုတ်ပြန်စေချင်တယ်။ မထုတ်ပြန်တဲ့ အခါကျတော့ ဘယ်ဈေးနဲ့ တရားဝင် ရောင်းချပါ ဆိုတာမျိုးလည်း မသိရတော့ ဆိုင်တွေက ပြောတဲ့ ရောင်းတဲ့ ဈေးအတိုင်း ဝယ်နေရတာပေါ့။
ပြီးတော့ ဝယ်သလောက်လည်း အခုရက်ပိုင်း မရဘူး။ မနေ့ကဆိုရင် ဆိုင်သုံးဖို့ သွားဝယ်တာ၊ နှစ်သောင်းဖိုးပဲ ရောင်းလိုက်တယ်။ ကော်မတီ ဖွဲ့ထားတယ် ဆိုရင်လည်း အလုပ် လုပ်ပေါ့။ အခုဟာက ထုတ်ပြန်တစ်ရက် မထုတ်ပြန် တစ်ရက်နဲ့။
ပြီးရင် ထုတ်ပြန်ချက်ကို အများပြည်သူ သိနိုင်တဲ့ ပလက်ဖောင်း တစ်ခုခုကနေ နေ့စဉ် တင်ပေးနေရမှာ ” ဟု စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။
#Mizzima