Local News

တိုက္ပြဲေခၚေနၿပီဟု ေဇာ္မင္းထြန္းေျပာ

AA က ႐ို မ်ားကို စည္း႐ုံးေနၿပီး စစ္ေကာင္စီယႏၲရားကို အစားဝင္ထိုးေနသည့္အျပင္ တိုင္းစစ္ဌာနခ်ဳပ္ကို ၿခိမ္းေျခာက္ တိုက္ပြဲေခၚေနၿပီဟု ေဇာ္မင္းထြန္းေျပာ၊ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ေယာကၡမႏွင့္ပတ္သက္ေသာပုဂၢိဳလ္ေရးကိစၥမ်ားပါ သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာဆို

ရန္ကုန္၊ ေမ ၁၉

အၾကမ္းဖက္ စစ္ေကာင္စီ၏ ေျပာခြင့္ရ ေဇာ္မင္းထြန္းက AA က ႐ို မ်ားကို စည္း႐ုံးေနၿပီး စစ္ေကာင္စီယႏၲရားကို အစားဝင္ထိုးေနသည့္အျပင္ တိုင္းစစ္ ဌာနခ်ဳပ္ကို ၿခိမ္းေျခာက္တိုက္ပြဲေခၚေနသည္ဟု ေျပာဆိုလိုက္သည္။

ယေန႔ ေနျပည္ေတာ္တြင္ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ေဇာ္မင္းထြန္းက အထက္ပါအတိုင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

“AAအေနနဲ႔ အစိုးရလုပ္ငန္းယႏၲရားေတြကို ဝင္ေရာက္လုပ္ေဆာင္တာေတြ ဝင္ေရာက္ေႏွာင့္ယွက္တာေတြေတြ႕ရပါတယ္။ ေတာ္ေတာ္ေတာ့သည္းခံရပါတယ္။ ဒီတရားစီရင္ေရးစနစ္ေတြကအစ သူတို႔ဆီမွာ လာၿပီးေတာ့ တရားစီရင္ရမယ္ဆိုတာ ေတြ႕ရပါတယ္။

ေနာက္တစ္ခုကေတာ့ AA အေနနဲ႔ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ရေသ့ေတာင္ေပါ့ ၂၀၂၂ ဇန္နဝါရီလေလာက္ကစၿပီး ———-(႐ို) ေတြနဲ႔ပတ္သက္ၿပီး လိုက္လံစည္း႐ုံးတာေပါ့။ က်ေနာ္တို႔ သိရတဲ့ မွတ္ တမ္းအရ ဆိုရင္ အနည္းဆုံး ၁၀ ႀကိမ္နီးပါးေလာက္ရွိၿပီ။ သူတို႔ ဘာေတြစည္း႐ုံးခဲ့လဲဆိုတာ က်ေနာ္တို႔သိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး အကဲဆတ္တဲ့လုပ္ငန္းျဖစ္တယ္” ဟု ေဇာ္မင္းထြန္းက ေျပာသည္။

လက္ရွိတြင္ AA သည္ တိုင္းစစ္ဌာနခ်ဳပ္ကို ၿခိမ္းေျခာက္ၿပီး တိုက္ပြဲေခၚေနၿပီျဖစ္ေၾကာင္း၊ ျပႆနာျဖစ္လာလွ်င္ စစ္တပ္ကို အဆိုးမဆိုရန္လည္း ၎က ေျပာဆိုသည္။

“ေနာက္တစ္ခုကေတာ့ ေနာက္ပိုင္းမွာ AA အေနနဲ႔ သူတို႔ ေျပာတဲ့စကားေတြမွာ တိုက္ပြဲေခၚေနတဲ့ပုံစံ၊ လက္နက္ကိုင္ ပဋိပကၡကို ေခၚေနတဲ့ပုံစံမ်ိဳး က်ေနာ္တို႔ ေတြ႕ရလာရပါတယ္။ လက္နက္ကိုင္ ပဋိပကၡကို ေခၚတဲ့ ပုံစံမ်ိဳးေတြ႕ရတယ္။ တိုင္းစစ္ဌာနခ်ဳပ္ကိုလည္း ၿခိမ္းေျခာက္လာတာေတြ႕ရတယ္” ဟု ၎က ေျပာသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ေယာကၡမ ဦးစံလွေက်ာ္ကို ျပည္ပထြက္ခြင့္ျပဳသည့္ကိစၥကိုပါ ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုသည္။

“ပုဂၢလိက ဆိုင္ရာ ေျပာခ်င္ပါတယ္။ AA က ေခါင္းေဆာင္ျဖစ္တဲ့ ထြန္းျမတ္ႏိုင္ရဲ႕ မိန္းမနဲ႔ကေလးေတြ ဆြစ္ဇာလန္မွာ ရွိပါတယ္။ သူရဲ႕ အေဖ ၊ ထြန္းျမတ္ႏိုင္ရဲ႕ ေယာကၡမ ဦးစံလွေက်ာ္၊

ယခင္က ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒။ ဦးစံလွေက်ာ္ က ၂၀၂၁ ႏိုဝင္ဘာလ ေလာက္မွာ သူ႔သမီးနဲ႔ ေျမးဆီကို လိုက္သြားခ်င္တဲ့အေၾကာင္း——(မင္းေအာင္လႈိင္) ဆီတင္ျပတယ္။ ဒါနဲ႔ပတ္သက္ၿပီး လူသားခ်င္းစာနာေထာက္ထားမႈ ၿငိမ္းခ်မ္းေရး ေရွးရႈၿပီး လႊတ္ေပးလိုက္တယ္။ လြတ္လြတ္လပ္လပ္သြားခိုင္းတယ္” ဟု ေဇာ္မင္းထြန္းက ေျပာဆိုသည္။

AA က ရို များကို စည်းရုံးနေပြီး စစ်ကောင်စီယန္တရားကို အစားဝင်ထိုးနေသည့်အပြင် တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက် တိုက်ပွဲခေါ်နေပြီဟု ဇော်မင်းထွန်းပြော၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမနှင့်ပတ်သက်သောပုဂ္ဂိုလ်ရေးကိစ္စများပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆို

ရန်ကုန်၊ မေ ၁၉

အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက AA က ရို များကို စည်းရုံးနေပြီး စစ်ကောင်စီယန္တရားကို အစားဝင်ထိုးနေသည့်အပြင် တိုင်းစစ် ဌာနချုပ်ကို ခြိမ်းခြောက်တိုက်ပွဲခေါ်နေသည်ဟု ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“AAအနေနဲ့ အစိုးရလုပ်ငန်းယန္တရားတွေကို ဝင်ရောက်လုပ်ဆောင်တာတွေ ဝင်ရောက်နှောင့်ယှက်တာတွေတွေ့ရပါတယ်။ တော်တော်တော့သည်းခံရပါတယ်။ ဒီတရားစီရင်ရေးစနစ်တွေကအစ သူတို့ဆီမှာ လာပြီးတော့ တရားစီရင်ရမယ်ဆိုတာ တွေ့ရပါတယ်။

နောက်တစ်ခုကတော့ AA အနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင်ပေါ့ ၂၀၂၂ ဇန်နဝါရီလလောက်ကစပြီး ———-(ရို) တွေနဲ့ပတ်သက်ပြီး လိုက်လံစည်းရုံးတာပေါ့။ ကျနော်တို့ သိရတဲ့ မှတ် တမ်းအရ ဆိုရင် အနည်းဆုံး ၁၀ ကြိမ်နီးပါးလောက်ရှိပြီ။ သူတို့ ဘာတွေစည်းရုံးခဲ့လဲဆိုတာ ကျနော်တို့သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကဲဆတ်တဲ့လုပ်ငန်းဖြစ်တယ်” ဟု ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် AA သည် တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက်ပြီး တိုက်ပွဲခေါ်နေပြီဖြစ်ကြောင်း၊ ပြဿနာဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန်လည်း ၎င်းက ပြောဆိုသည်။

“နောက်တစ်ခုကတော့ နောက်ပိုင်းမှာ AA အနေနဲ့ သူတို့ ပြောတဲ့စကားတွေမှာ တိုက်ပွဲခေါ်နေတဲ့ပုံစံ၊ လက်နက်ကိုင် ပဋိပက္ခကို ခေါ်နေတဲ့ပုံစံမျိုး ကျနော်တို့ တွေ့ရလာရပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို ခေါ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ တိုင်းစစ်ဌာနချုပ်ကိုလည်း ခြိမ်းခြောက်လာတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမ ဦးစံလှကျော်ကို ပြည်ပထွက်ခွင့်ပြုသည့်ကိစ္စကိုပါ ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသည်။

“ပုဂ္ဂလိက ဆိုင်ရာ ပြောချင်ပါတယ်။ AA က ခေါင်းဆောင်ဖြစ်တဲ့ ထွန်းမြတ်နိုင်ရဲ့ မိန်းမနဲ့ကလေးတွေ ဆွစ်ဇာလန်မှာ ရှိပါတယ်။ သူရဲ့ အဖေ ၊ ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဦးစံလှကျော်၊

ယခင်က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ။ ဦးစံလှကျော် က ၂၀၂၁ နိုဝင်ဘာလ လောက်မှာ သူ့သမီးနဲ့ မြေးဆီကို လိုက်သွားချင်တဲ့အကြောင်း——(မင်းအောင်လှိုင်) ဆီတင်ပြတယ်။ ဒါနဲ့ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှု ငြိမ်းချမ်းရေး ရှေးရှုပြီး လွှတ်ပေးလိုက်တယ်။ လွတ်လွတ်လပ်လပ်သွားခိုင်းတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။