“ေသြးသစၥာ”သီခ်င္း သီဆိုသူ အဆိုေတာ္မြန္းေအာင္ကငယ္သူငယ္ခ်င္းဒုဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္ႏွင့္ပုံတင္၍သတင္းစကားပါး
ေနာက္ဆုံးတိုက္ပြဲအတြက္အားမာန္အျပည့္ျဖစ္ေနၿပီဟုအဆိုေတာ္မြန္းေအာင္ကငယ္သူငယ္ခ်င္းဒုဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္ႏွင့္ပုံတင္၍သတင္းစကားပါး
ၾကၫ္သာ/ People’s Spring
စစ္အာဏာရွင္အား ျဖဳတ္ခ်ေရး ေနာက္ဆုံးတိုက္ပြဲအတြက္ အားမာန္အျပည့္ျဖစ္ေနသည္ဟု အဆိုေတာ္မြန္းေအာင္က ေကအိုင္ေအ ဒုတိယဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္ႏွင့္အတူတြဲ ရိုက္ထားသည့္ ဓာတ္ပုံကို လႈမႈကြန္ရက္ေပၚတင္ကာ သတင္းစကားပါးသည္။
ယခုရက္ပိုင္းအတြင္း ဒုဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္ႏွင့္ေတြ႕ဆုံစဥ္ ရိုက္ကူးထားသည့္ ဓာတ္ပုံကိုအဆိုေတာ္ မြန္းေအာင္က သူ၏ ေဖ့စ္ဘြတ္လူမႈကြန္ရက္တြင္ ေမလ ၁၇ရက္ညကတင္ထားၿပီး သတင္းစကားပါးျခင္းျဖစ္သည္။
” အမွန္တရားနဲ႔သစၥာတရားကို ယုံၾကည္တန္ဖိုးထားတာျခင္း တူၾကေပမယ့္ ဘဝျဖတ္သန္းတဲ့ အေတြ႕အၾကဳံေတြမတူၾကပါဘူး။ ဒါေပမယ့္ ယုံၾကည္ခ်က္ခံယူခ်က္ သံဓိဌာန္ျခင္း တူေနၾကတုန္းပဲ။ အခုလည္း ေနာက္ဆုံးတိုက္ပြဲအတြက္ အားမာန္အျပည့္ ျဖစ္ေနၾကတုန္းပါ” ဟုအဆိုေတာ္ မြန္းေအာင္က ေရးသားထားသည္။
ဒုဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္ႏွင့္အဆိုေတာ္မြန္းေအာင္သည္ေက်ာင္းေနဖက္သူငယ္ခ်င္းမ်ားျဖစ္သည္။ ဒုဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္က စစ္အာဏာရွင္ျဖဳတ္ခ်နိုင္ေရး လက္နက္ကိုင္နိုင္ငံေရးလမ္းစဥ္ကို ေရြးခ်ယ္ကာ ယခုအခါKIO/KIAတြင္ ေခါင္းေဆာင္တစ္ဦးျဖစ္သည္။ ဒုဗိုလ္ခ်ဳပ္ႀကီးဂြန္ေမာ္သည္ကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO) ဗဟိုေကာ္မတီ ဝင္ျဖစ္သလို ၊ကခ်င္လြတ္လပ္ေရးေကာင္စီ (KIC) ၏ဒုဥကၠဌ လည္းျဖစ္သည္။
အဆိုေတာ္မြန္းေအာင္သည္ နာမည္ႀကီးအဆိုေတာ္အေနျဖင့္ ေအာင္ျမင္ေနစဥ္ ၈၈ အေရးအခင္းတြင္ ပါဝင္ခဲ့၍ စစ္တပ္က လိုက္လံဖမ္းဆီးေသာေၾကာင့္ ျပည္ပသို႔ ထြက္ခြာခဲ့ၿပီး နိုင္ငံေရးကိစၥမ်ား ဆက္လက္လုပ္ကိုင္ခဲ့သူျဖစ္သည္။
နာမည္ႀကီး ေတးေရး၊အဆိုေတာ္ထူးအိမ္သင္ ေရးသားၿပီး မြန္းေအာင္သီဆိုထားသည့္ “ေသြးသစၥာ”သီခ်င္းသည္စစ္အာဏာရွင္ ဆန႔္က်င္ေရးႏွင့္ ဒီမိုကေရစီလႈပ္ရွားမႈမ်ားတြင္ ျပည္သူလူထုအား စိတ္ခြန္အားေပးသည့္ သီခ်င္းတစ္ပုဒ္ ျဖစ္လာသည္။
“ေသြးသစၥာ”သီခ်င္းကို ၁၉၈၉ ခုႏွစ္တြင္ ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး ေျမေအာက္စခန္း၌ ထူးအိမ္သင္ ေတာခိုခဲ့စဥ္က ေရးသားခဲ့ၿပီး ၁၉၉၁ ခုႏွစ္တြင္ အဆိုေတာ္ မြန္းေအာင္က ဘန္ေကာက္ၿမိဳ႕၌အသံသြင္းခဲ့သည္။ ၁၉၉၂ ခုႏွစ္တြင္ ဘန္ေကာက္ၿမိဳ႕၌ပင္ လၽွို႔ဝွက္ ျဖန႔္ခ်ိခဲ့ၿပီး ယေန႔အခ်ိန္အထိ နိုင္ငံေရးၾသဇာလြမ္းမိုးေစသည့္ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး ေႏြဦးေတာ္လွန္ေရးတြင္ ခြန္အားေပးေသာသီခ်င္းတစ္ပုဒ္ျဖစ္သည္။
ေသြးသစၥာသီခ်င္း https://youtu.be/Pv15P3Ozpg4 ကို ဒီမိုကေရစီအေရးလႈပ္ရွားမႈအခမ္းအနားမ်ားတြင္ လြတ္လပ္စြာသုံးစြဲပိုင္ခြင့္ ရွိသည္ဟုမြန္းေအာင္က ခြင့္ျပဳထားသည္။
“တစ္ေယာက္က ဂီတနဲ႔၊ တစ္ေယာက္က ေသနတ္နဲ႔ ခ်ေနၾကတယ္။မအလ(မင္းေအာင္လွိုင္) တို႔ ေရစိုဝဲစားေခြးလိုထြက္ေျပးရေတာ့မယ္” ဟု အဆိုေတာ္မြန္းေအာင္၏ ပရိတ္သတ္တစ္ဦးက လူမႈကြန္ရက္တြင္ ေရးသားထားသည္။
“သွေးသစ္စာ”သီချင်း သီဆိုသူ အဆိုတော်မွန်းအောင်ကငယ်သူငယ်ချင်းဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့်ပုံတင်၍သတင်းစကားပါး
နောက်ဆုံးတိုက်ပွဲအတွက်အားမာန်အပြည့်ဖြစ်နေပြီဟုအဆိုတော်မွန်းအောင်ကငယ်သူငယ်ချင်းဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့်ပုံတင်၍သတင်းစကားပါး
ကြည်သာ/ People’s Spring
စစ်အာဏာရှင်အား ဖြုတ်ချရေး နောက်ဆုံးတိုက်ပွဲအတွက် အားမာန်အပြည့်ဖြစ်နေသည်ဟု အဆိုတော်မွန်းအောင်က ကေအိုင်အေ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အတူတွဲ ရိုက်ထားသည့် ဓာတ်ပုံကို လှုမှုကွန်ရက်ပေါ်တင်ကာ သတင်းစကားပါးသည်။
ယခုရက်ပိုင်းအတွင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့်တွေ့ဆုံစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံကိုအဆိုတော် မွန်းအောင်က သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် မေလ ၁၇ရက်ညကတင်ထားပြီး သတင်းစကားပါးခြင်းဖြစ်သည်။
” အမှန်တရားနဲ့သစ္စာတရားကို ယုံကြည်တန်ဖိုးထားတာခြင်း တူကြပေမယ့် ဘဝဖြတ်သန်းတဲ့ အတွေ့အကြုံတွေမတူကြပါဘူး။ ဒါပေမယ့် ယုံကြည်ချက်ခံယူချက် သံဓိဌာန်ခြင်း တူနေကြတုန်းပဲ။ အခုလည်း နောက်ဆုံးတိုက်ပွဲအတွက် အားမာန်အပြည့် ဖြစ်နေကြတုန်းပါ” ဟုအဆိုတော် မွန်းအောင်က ရေးသားထားသည်။
ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဆိုတော်မွန်းအောင်သည်ကျောင်းနေဖက်သူငယ်ချင်းများဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က စစ်အာဏာရှင်ဖြုတ်ချနိုင်ရေး လက်နက်ကိုင်နိုင်ငံရေးလမ်းစဉ်ကို ရွေးချယ်ကာ ယခုအခါKIO/KIAတွင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးဂွန်မော်သည်ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ ဝင်ဖြစ်သလို ၊ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ဒုဥက္ကဌ လည်းဖြစ်သည်။
အဆိုတော်မွန်းအောင်သည် နာမည်ကြီးအဆိုတော်အနေဖြင့် အောင်မြင်နေစဉ် ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့၍ စစ်တပ်က လိုက်လံဖမ်းဆီးသောကြောင့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး နိုင်ငံရေးကိစ္စများ ဆက်လက်လုပ်ကိုင်ခဲ့သူဖြစ်သည်။
နာမည်ကြီး တေးရေး၊အဆိုတော်ထူးအိမ်သင် ရေးသားပြီး မွန်းအောင်သီဆိုထားသည့် “သွေးသစ္စာ”သီချင်းသည်စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပြည်သူလူထုအား စိတ်ခွန်အားပေးသည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။
“သွေးသစ္စာ”သီချင်းကို ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မြေအောက်စခန်း၌ ထူးအိမ်သင် တောခိုခဲ့စဉ်က ရေးသားခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့၌အသံသွင်းခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ပင် လျှို့ဝှက် ဖြန့်ချိခဲ့ပြီး ယနေ့အချိန်အထိ နိုင်ငံရေးသြဇာလွမ်းမိုးစေသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ခွန်အားပေးသောသီချင်းတစ်ပုဒ်ဖြစ်သည်။
သွေးသစ္စာသီချင်း https://youtu.be/Pv15P3Ozpg4 ကို ဒီမိုကရေစီအရေးလှုပ်ရှားမှုအခမ်းအနားများတွင် လွတ်လပ်စွာသုံးစွဲပိုင်ခွင့် ရှိသည်ဟုမွန်းအောင်က ခွင့်ပြုထားသည်။
“တစ်ယောက်က ဂီတနဲ့၊ တစ်ယောက်က သေနတ်နဲ့ ချနေကြတယ်။မအလ(မင်းအောင်လှိုင်) တို့ ရေစိုဝဲစားခွေးလိုထွက်ပြေးရတော့မယ်” ဟု အဆိုတော်မွန်းအောင်၏ ပရိတ်သတ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။