စစ္ေကာင္စီကို အသိအမွတ္ မျပဳမႈ ႏွင့္ NUG ကို ထိေတြ႕ ဆက္ဆံမႈေၾကာင့္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကို ေမ်ာက္က လည္ေရာင္းသူဟု ေဇာ္မင္းထြန္း ခိုင္းႏႈိင္းေျပာဆို
ရန္ကုန္၊ ေမ ၂၀
အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ႏွင့္ ဆက္ဆံေနၿပီး အာဏာသိမ္း စစ္ေကာင္ စီကို အသိအမွတ္မျပဳေသာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကို ေမ်ာက္ျပ ဆန္ေတာင္းသူ ထက္ အဆင္ျမင့္ေသာ ေမ်ာက္လည္ေရာင္းသူဟု အၾကမ္းဖက္စစ္ေကာင္စီ၏ ေျပာခြင့္ရ ေဇာ္မင္းထြန္းက ယမန္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ခိုင္းႏႈန္းေျပာဆိုလိုက္သည္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကို NUG ၊ NUCC ႏွင့္ မဆက္ဆံရန္ အႀကိမ္ ႀကိမ္ ကန႔္ကြက္ခဲ့ၿပီး ရန္ကုန္ရွိ မေလးရွားသံ႐ုံးမွ တာဝန္ရွိသူမ်ားကို ေခၚယူကာ ကန႔္ကြက္ခဲ့ေၾကာင္း ၊ သို႔ရာတြင္ ဆက္လက္ ဆက္ဆံေနသည့္အျပင္ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ားကို အေၾကာင္းျပ၍ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ႏိုင္ငံတကာကို အကူအညီေတာင္းေနေၾကာင္း၊
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ ေမ်ာက္ျပ ဆန္ေတာင္းသူထက္ အဆင္ျမင့္ေသာ ေမ်ာက္ကလည္ေရာင္းသူျဖစ္ေၾကာင္း၊ လိုအပ္ေသာ အေရးယူမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေဇာ္မင္းထြန္းက ေျပာဆိုသည္။
“မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဆိုသူ ဒီျပင္သူေတြနဲ႔ ေတြ႕တဲ့ေနရာမွာ ဘာေတာင္း ခဲ့လဲဆိုေတာ့ သူက လက္ညႇိဳးထိုးျပတာေပါ့။ ေတာ္ေတာ္ေတာ့ တရား က်စရာေကာင္းပါတယ္။ သူတို႔ႏိုင္ငံမွာ ျမန္မာဒုကၡသည္ေပါင္း ႏွစ္သိန္းခြဲရွိတယ္။
ဒါေတြအတြက္ ေထာက္ပံ့မႈ လုပ္ေပးပါဆိုၿပီး ေျပာတာရွိတယ္။ ေျပာရရင္ေတာ့ ေမ်ာက္ျပ ဆန္ေတာင္းဆိုတဲ့ အဆင့္ေတာ့ ေတာ္ေတာ္ေက်ာ္သြားတယ္။ ဒီေမ်ာက္ကေနတာကို ထိုးထိုးျပၿပီး ကမာၻကို လွည့္ၿပီးေရာင္းေနတဲ့ ေမ်ာက္က လည္ေရာင္း အဆင့္ျဖစ္သြားတယ္ သူက ။ ေမ်ာက္ျပဆန္ေရာင္း မဟုတ္ဘူး ေမ်ာက္က လည္ေရာင္း တစ္ႏိုင္ငံလုံး တစ္ကမာၻလုံး လည္ေရာင္းတဲ့အဆင့္ျဖစ္သြားတယ္” ဟု ေဇာ္မင္းထြန္းက ေျပာဆိုသည္။
မေလးရွားႏိုင္ငံအေနျဖင့္ NUG ၊ NUCC ႏွင့္ဆက္လက္ ဆက္ဆံပါက လိုအပ္ေသာ အေရးယူမႈမ်ားကို ဆက္လက္ ေဆာင္႐ြက္မည္ဟု ၎က ဆက္ေျပာသည္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အာဏာသိမ္း စစ္ေကာင္စီကို အသိအမွတ္မျပဳေၾကာင္း၊ NUG ၊ NUCC ႏွင့္ထိေတြ႕ဆက္ဆံသည့္အျပင္ အာဆီယံအေနျဖင့္ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အာဏာသိမ္းစစ္တပ္က အေကာင္အထည္မေဖာ္သည့္အေပၚ ထိေရာက္စြာ အေရးယူ ကိုင္တြယ္ေဆာင္႐ြက္ေရး၊
NUG ၊ NUCC အပါအဝင္ အားလုံးႏွင့္ ထိေတြ႕ဆက္ဆံေရး၊ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္သံတမန္၏ လုပ္ပိုင္ခြင့္ကို ပိုမို တိုးျမႇင့္ေရး ေတာင္းဆိုလ်က္ရွိသည္။
စစ်ကောင်စီကို အသိအမှတ် မပြုမှု နှင့် NUG ကို ထိတွေ့ ဆက်ဆံမှုကြောင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မျောက်က လည်ရောင်းသူဟု ဇော်မင်းထွန်း ခိုင်းနှိုင်းပြောဆို
ရန်ကုန်၊ မေ ၂၀
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်ဆံနေပြီး အာဏာသိမ်း စစ်ကောင် စီကို အသိအမှတ်မပြုသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကို မျောက်ပြ ဆန်တောင်းသူ ထက် အဆင်မြင့်သော မျောက်လည်ရောင်းသူဟု အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ခိုင်းနှုန်းပြောဆိုလိုက်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို NUG ၊ NUCC နှင့် မဆက်ဆံရန် အကြိမ် ကြိမ် ကန့်ကွက်ခဲ့ပြီး ရန်ကုန်ရှိ မလေးရှားသံရုံးမှ တာဝန်ရှိသူများကို ခေါ်ယူကာ ကန့်ကွက်ခဲ့ကြောင်း ၊ သို့ရာတွင် ဆက်လက် ဆက်ဆံနေသည့်အပြင် ရိုဟင်ဂျာ ဒုက္ခသည်များကို အကြောင်းပြ၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာကို အကူအညီတောင်းနေကြောင်း၊
မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မျောက်ပြ ဆန်တောင်းသူထက် အဆင်မြင့်သော မျောက်ကလည်ရောင်းသူဖြစ်ကြောင်း၊ လိုအပ်သော အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသည်။
“မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆိုသူ ဒီပြင်သူတွေနဲ့ တွေ့တဲ့နေရာမှာ ဘာတောင်း ခဲ့လဲဆိုတော့ သူက လက်ညှိုးထိုးပြတာပေါ့။ တော်တော်တော့ တရား ကျစရာကောင်းပါတယ်။ သူတို့နိုင်ငံမှာ မြန်မာဒုက္ခသည်ပေါင်း နှစ်သိန်းခွဲရှိတယ်။
ဒါတွေအတွက် ထောက်ပံ့မှု လုပ်ပေးပါဆိုပြီး ပြောတာရှိတယ်။ ပြောရရင်တော့ မျောက်ပြ ဆန်တောင်းဆိုတဲ့ အဆင့်တော့ တော်တော်ကျော်သွားတယ်။ ဒီမျောက်ကနေတာကို ထိုးထိုးပြပြီး ကမ္ဘာကို လှည့်ပြီးရောင်းနေတဲ့ မျောက်က လည်ရောင်း အဆင့်ဖြစ်သွားတယ် သူက ။ မျောက်ပြဆန်ရောင်း မဟုတ်ဘူး မျောက်က လည်ရောင်း တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး လည်ရောင်းတဲ့အဆင့်ဖြစ်သွားတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။
မလေးရှားနိုင်ငံအနေဖြင့် NUG ၊ NUCC နှင့်ဆက်လက် ဆက်ဆံပါက လိုအပ်သော အရေးယူမှုများကို ဆက်လက် ဆောင်ရွက်မည်ဟု ၎င်းက ဆက်ပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC နှင့်ထိတွေ့ဆက်ဆံသည့်အပြင် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်သည့်အပေါ် ထိရောက်စွာ အရေးယူ ကိုင်တွယ်ဆောင်ရွက်ရေး၊
NUG ၊ NUCC အပါအဝင် အားလုံးနှင့် ထိတွေ့ဆက်ဆံရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သံတမန်၏ လုပ်ပိုင်ခွင့်ကို ပိုမို တိုးမြှင့်ရေး တောင်းဆိုလျက်ရှိသည်။