ရန်ကုန်၊ မေ ၂၀
ရန်ကုန်တိုင်းစစ်ဌာနချုပ် ၈ မိုင်တွင် ဗုံးပေါက်ကွဲသံနှင့်ပစ်ခတ်သံများ ထွက်ပေါ်၊ ၈ မိုင်တံတားနှင့်လမ်းကို ပိတ်ဆို့စစ်ဆေး
ရန်ကုန်၊ မေ ၂၀
ရန်ကုန်တိုင်းစစ်ဌာနချုပ် ၈ မိုင်တွင် ဗုံးပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများ ယနေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် ထွက်ပေါ်လာပြီး လမ်းများပိတ်ဆို့စစ်ဆေးမှုရှိကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“၈မိုင် စစ်ရုံးနားမှာ ပစ်ခတ်သံကြားရတယ်။ အခုတံတားပေါ် DC ကားနှစ်စီးရှိနေတယ်။ ဘယ်ဘက်က ပစ်တာလဲတော့မသိဘူး။ တံတားလည်း ပိတ်ထားတယ်အခု။ လာသမျှ ကားတွေ အကုန်လှည့်ပြန်ခိုင်းတယ်။ တံတားပေါ်ရော တံတားအောက်ရော အခုပိတ်ထားတယ်။
ပစ်သံက အတွဲလိုက်ပစ်တာ ၇ ချက်လောက်တော့ရှိမယ်။ ဗုံးကွဲသံလိုလည်းကြားတယ်။ အခုတော့ ငြိမ်သွားပြီ ဘာသံမှ မကြားတော့ဘူး” ဟု ရန်ကုန် ၈ မိုင်အနီးဖြတ်သန်းသွားလာသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မရမ်းကုန်းမြို့နယ် ၈ မိုင်လမ်းဆုံ ပတ်ပတ်လည်တွင် ကားများကို ပိတ်ဆို့ စစ်နေကြောင်း၊ အထူးသဖြင့် ရှစ်မိုင်တံတားပေါ် နှစ်ဖက်စလုံး ပိတ်ဆို့ထားကြောင်း ၊ စစ်တပ်နှင့်ရဲများလည်း နေရာယူထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၈ မိုင်တံတားမြင်ကွင်း(ပုံအဟောင်းဖြစ်သည်)