ညောင်ဦး၊ မေ ၂၀၊ ၂၀၂၂။
။
#မြေလတ်အသံ
ညောင်ဦးမှာ သွေးသောက်ဖွဲ့ဖို့ စုဝေးနေချိန်မှာ ဝင်ပစ်ခံရလို့ အနည်းဆုံး ၃ ဦး သေဆုံး
ညောင်ဦး၊ မေ ၂၀၊ ၂၀၂၂။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ကျေးရွာတခုမှာ အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီး ၈ ဦးတို့ပေါင်းပြီး သွေးသောက်အဖွဲ့ ဖွဲ့ဖို့ အစည်းအဝေးလုပ်နေချိန်မှာ PDF တွေက ဝင်ပစ်သွားလို့ ၃ ဦးသေဆုံးပြီး တဦးဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ညောင်ဦးမြို့နယ် အောက်ညဉ့်ရွာမှာ မေလ ၁၉ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်က ရွာအုပ်ချုပ်ရေးမှူး ဦးစန်းရွှေနေအိမ်မှာ အစည်းအဝေးလုပ်နေတုန်း ဝင်ပစ်ခဲ့တာဖြစ်တယ်လို့ TTA-ပြောက်ကျားတပ်တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
“အားလုံးပေါင်း ၈ ယောက် အစည်းအဝေးလုပ်တာပါ၊ သွေးသောက်အဖွဲ့ ဖွဲ့ဖို့ ဦးဆောင်တဲ့သူကမန္တလေးကပါ၊ မန္တလေးကနေလာတာ အဲရောက်နေတာလို့ သတင်းရပါတယ်။
အချိန်ကောင်းကိုစောင့်ပြီး ဝင်ပစ်တာ ၃ ယောက်ပဲရလိုက်တယ်။ ကျည်ဂျန့် ဖြစ်တာနဲ့ ၃ ယောက်သေပါတယ်။ ၁ ယောက်ကိုတော့ ဆွဲထုတ်သွားတယ် သေဖို့များပါတယ်” လို့ သူကဆက်ပြောပါတယ်
။
မန္တလေးကလာပြီး သွေးသောက်ဖွဲ့ပေးတဲ့ မန္တလေးသားဆီက ဖုန်း၊ ယာဉ်မောင်းလိုင်စင် ၂ ခုနဲ့အတူ ဖမ်းဆီးမဲ့ သူစာရင်းတွေ၊ NLD အမာခံစာရင်းတွေနဲ့ ထောက်ပို့လုပ်နေသူတွေရဲ့ အချက်အလက်ပါ စာရွက်တွေကိုပါ သိမ်းဆည်းရခဲ့တယ်လို့ ပြောပါတယ်။
သွေးသောက်ဖွဲ့မယ့် အစည်းအဝေးကို ဝင်ပစ်ဖို့ မြေလတ် PDF နဲ့ TTA ပြောက်ကျားတပ်တို့က ဦးဆောင်ပြီး Seven People Defense Force(S.P.D.F)၊ Bagan Heros Guerrilla Force(B.H.G.F)၊ 27 Revolution Force(MGN) တို့ ပူးပေါင်းပြီး လုပ်ခဲ့ကြတာလို့ သိရပါတယ်။
#မြေလတ်အသံ