Local News

ေဇာ္မဲလုံးကို လူမိုက္စကား ေျပာတာလား လို႔ ေအ ေအ အဖြဲ႕ ေမးၿပီ ! ….

ေဇာ္မဲလုံးကို လူမိုက္စကား ေျပာတာလား လို႔ ေအ ေအ အဖြဲ႕ ေမးၿပီ ! ….

ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ တိုက္ပြဲေခၚေနတဲ့ ပုံစံမ်ိဳးေတြကို ေတြ႕လာရၿပီး စစ္တပ္အေနနဲ႔ ရခိုင္ျပည္သူလူထုကို ဒုကၡမေရာက္ေစဖို႔ သည္းခံေနတာျဖစ္ၿပီး ျပႆနာတစ္စုံတစ္ရာ ျဖစ္လာခဲ့ရင္ တပ္မေတာ္ကို အဆိုးမဆိုနဲ႔လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားလိုက္ ပါတယ္။ ဒါဟာ ရခိုင္ျပည္နယ္မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈကို ေနာက္တစ္ေခါက္ က်ဴးလြန္ဖို႔ လူမိုက္ဆန္ဆန္ ေျပာဆိုလိုက္တာ ျဖစ္တယ္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက ေျပာလိုက္ပါတယ္။

“ဒါကေတာ့ သူတို႔ေျပာတာကေတာ့ ထုံးစံအတိုင္းေပါ့ဗ်ာ။ လူမိုက္စကားေျပာေနတာလို႔ပဲ အဲဒီလိုပဲ ရွင္းရွင္းလင္းလင္း ျမင္တယ္ဗ်။ ဒါကေတာ့ ျမန္မာစစ္တပ္ကေနၿပီးေတာ့ သူတို႔ရဲ႕ လက္သုံးစကား ျဖစ္တယ္ဗ်။ အဲဒီစကားမ်ိဳးကို အခုမွေျပာတာမဟုတ္ပါဘူး အရင္လည္း အႀကိမ္ႀကိမ္ေျပာၿပီးပါၿပီ။ အဲဒီစကားကို ေထာက္လို႔ရွိရင္ ျမန္မာစစ္တပ္ဟာ ေနာက္တစ္ႀကိမ္ ရခိုင္ျပည္မွာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြကို က်ဴးလြန္ဖို႔ အတြက္ သူတို႔အစီအစဥ္ရွိေနၿပီဆိုတာကို ေဖာ္ျပေနတာ ျဖစ္တယ္လို႔ပဲ က်ေနာ္တို႔ကေတာ့ ျမင္တယ္ဗ်”

ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ NUG နဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့အေပၚ စစ္တပ္အေနနဲ႔ ဒီအတိုင္းၾကည့္ေန မွာလား… ဆိုၿပီး သတင္းစာရွင္းလင္းပြဲမွာ သူရိယေနဝန္း သတင္းဌာနက ေမးျမန္းၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။”AA အေနနဲ႔က သူတို႔ေျပာတဲ့စကားေတြထဲမွာ ဘာေတြျဖစ္လာလဲဆိုေတာ့ တိုက္ပြဲကို ေခၚေနတဲ့ပုံစံမ်ိဳး၊ လက္နက္ကိုင္ပဋိပကၡကို ေခၚေနတဲ့ ပုံစံမ်ိဳး က်ေနာ္တို႔ ေတြ႕လာရပါတယ္။

တိုင္းစစ္ဌာနခ်ဳပ္ေလာက္ကိုပဲ သူက ၿခိမ္းေျခာက္လာတဲ့ပုံစံမ်ိဳး ေတြ႕ရတယ္။ ဒီအခ်ိန္မွာ က်ေနာ္တို႔ လုပ္ေနတာက ထိန္းသိမ္းေနတာက ရခိုင္ျပည္သူလူထု ဒုကၡမေရာက္ေစခ်င္လို႔ ထိန္းသိမ္းေန တာမ်ိဳးပဲ ျဖစ္ပါတယ္။ စိတ္ရွည္သည္းခံၿပီးေတာ့ ျပည္ေထာင္စုအတြက္ ၿငိမ္းခ်မ္းေရးအတြက္ လုပ္ေနတာ ျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခုျဖစ္ေန တဲ့ဟာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျပႆနာျဖစ္လာရင္ေတာ့ တပ္မေတာ္ကို အဆိုးမဆိုပါနဲ႔လို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္”

ရခိုင္ျပည္သူေတြအေပၚ အမွန္တကယ္ ငဲ့ညႇာတယ္ဆိုရင္ ျမန္မာစစ္တပ္ဟာ တစ္တိုင္းျပည္လုံး မီးေတာက္ေလာင္ေနေအာင္ လုပ္ေဆာင္မွာမဟုတ္သလို သမိုင္းတစ္ေလွ်ာက္ စစ္တပ္က သည္းခံေနရတယ္ဆိုတာ မရွိခဲ့ဘူးလို႔လည္း ဦးခိုင္သုခက ေျပာပါတယ္။ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ေန႔က ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) ေခါင္းေဆာင္ေတြဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG တာဝန္ရွိသူေတြနဲ႔ အြန္လိုင္းဗီဒီယိုစနစ္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ဒါ့ျပင္ အာဏာသိမ္းစစ္ေခါင္းေဆာင္ရဲ႕ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ကို AA အဖြဲ႕က အေၾကာင္းမျပန္ၾကားခဲ့သလို၊ ရခိုင္ျပည္နယ္မွာ စစ္ေဆးဖမ္းဆီး တာေတြ တိုးျမႇင့္လုပ္ေဆာင္ေနတဲ့အေပၚ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လတ္ဦးကို AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က တြစ္တာလူမႈကြန္ရက္ကေန သတိေပးခဲ့ပါတယ္။

AA အေနနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရားေတြကို ဝင္ေရာက္ေႏွာင့္ယွက္တာေတြ ရွိေၾကာင္း၊ တရားစီရင္ေရးက႑ကိုလည္း AA ဆီမွာ တရားစီရင္ရ မယ္ဆိုတာေတြရွိေၾကာင္း၊ ႐ိုဟင္ဂ်ာေတြနဲ႔ ေတြ႕ဆုံစည္း႐ုံးမႈေတြလည္း ဆယ္ႀကိမ္ထက္မနည္း လုပ္ေဆာင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ မိမိတို႔အေနနဲ႔ ၿငိမ္းခ်မ္းေရးလိုလားတဲ့အတြက္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ေယာကၡမေတာ္စပ္သူ ဦးစံလွေက်ာ္ကို လူသားခ်င္း စာနာတဲ့အေနနဲ႔ ဆြစ္ဇာလန္ႏိုင္ငံကို ထြက္ခြာခြင့္ေပးခဲ့တာလို႔လည္း ေျပာဆို သြားပါတယ္။

အာဏာသိမ္းစစ္တပ္အေနနဲ႔ ရခိုင္ျပည္သူေတြအေပၚ ငဲ့ညႇာတယ္ဆိုတာ မမွန္ကန္ေၾကာင္း အခုလိုရာဇသံေပး တုံ႔ျပန္တာဟာလည္း အသံေကာင္း ဟစ္ေနတာသာ ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

“ရခိုင္မွာ သူ႔အေနနဲ႔ အင္အားသုံးစြဲၿပီး ထိုးစစ္ဆင္ဖို႔ဆိုတာ ေတာ္ေတာ္အခက္အခဲရွိတဲ့အေျခအေနပါ။ ရခိုင္မွာ သူ႔အေနနဲ႔ ထိုးစစ္လုပ္ဖို႔ အခက္အခဲရွိပါတယ္။ အဲဒါေၾကာင့္လည္း AA ရဲ႕ လုပ္ေဆာင္ခ်က္ေတြ သူ႔အေနနဲ႔ တစ္စုံတစ္ရာ လိုက္ေလ်ာေပါ့ ရခိုင္လူထုကို သနားလို႔တို႔၊ ဘာတို႔ဆိုတာေတြက အသံေကာင္းဟစ္ျပတာေပါ့ကြာ”

ရကၡိဳင့္တပ္ေတာ္ (AA) အေနနဲ႔ ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ေန႔က အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ ေတြ႕ဆုံခဲ့ၾကသလို အာဏာသိမ္း စစ္ေခါင္းေဆာင္ရဲ႕ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ကို မတက္ေရာက္တဲ့ အေျခအေနေတြနဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးကို တိုက္ခိုက္မယ္လို႔ စိန္ေခၚလိုက္တဲ့အေပၚ ျပန္လည္တုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတုံ႔ျပန္ခ်က္က မွန္ကန္တဲ့ တုံ႔ျပန္ခ်က္ျဖစ္ၿပီး AA အေနနဲ႔ စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားတဲ့ NUG မေတြ႕ဆုံသင့္ေၾကာင္း စစ္တပ္အရာရွိေဟာင္းေတြနဲ႔ စုဖြဲ႕ထားတဲ့ ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕ က ဦးႏိုင္ေဆြဦးက ေျပာပါတယ္။

“NUG သည္ လက္ရွိတည္ဆဲအစိုးရရဲ႕ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာျခင္းခံထားရတဲ့ အဖြဲ႕အစည္းျဖစ္တယ္။ အၾကမ္းဖက္ အဖြဲ႕အစည္းေတြနဲ႔ ဆက္ဆံပတ္သက္တဲ့ မည္သည့္ အဖြဲ႕အစည္းမဆိုကေတာ့ တရားဥပေဒအတိုင္းပဲ သြားရမယ္လို႔ က်ေနာ္ျမင္တယ္ေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုလားရင္ NUG နဲ႔ ဆက္ဆံစရာ အေၾကာင္းမရွိဘူးလို႔ေတာ့ ျမင္တယ္။

အၾကမ္းဖက္အဖြဲ႕အစည္းကို မည္သည့္ႏိုင္ငံမွ လက္ခံမွာမဟုတ္ဘူးေပါ့။ အဲဒီေတာ့ မည္သည့္ႏိုင္ငံမွ လက္ခံမွာမဟုတ္တဲ့ အၾကမ္းဖက္အဖြဲ႕အစည္းနဲ႔ ဆက္စပ္ေနတဲ့ အဖြဲ႕အစည္းေတြနဲ႔ ဆက္ဆံဆိုရင္ေတာ့လည္း ဒါက တိတိက်က်လုပ္ၾကမယ္ဆိုရင္ေတာ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရပဲ အေရးယူလိမ့္မယ္လို႔ ဒါယူဆပါတယ္”

ရခိုင္ျပည္နယ္အတြင္း စစ္တပ္က AA ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြကို အေႏွာင့္အယွက္ေပးတာေတြ ရခိုင္ျပည္သူေတြကို ဖမ္းဆီးစစ္ေဆးတာေတြအျပင္ စစ္အင္အား တိုးခ်ဲ႕ေနတာေတြရွိေနတဲ့အတြက္ တိုက္ပြဲအခ်ိန္မေ႐ြးျဖစ္လာႏိုင္တာေၾကာင့္ ရခိုင္ျပည္သူေတြ အသြားအလာ သတိထားၾကဖို႔ သတိေပးထုတ္ျပန္ထားပါတယ္။

ေမလ ၁၈ ရက္ေန႔ညပိုင္းကလည္း ေျမာက္ဦးၿမိဳ႕နယ္ အေျခစိုက္တပ္ရင္းက လက္နက္ငယ္ေတြနဲ႔ အဆက္မျပတ္ ပစ္ခတ္ၿပီး ရခိုင္ျပည္သူေတြကို အထိတ္တလန႔္ျဖစ္ေအာင္ ျပဳလုပ္ခဲ့တယ္လို႔ ဦးခိုင္သုခက ေျပာပါတယ္။RFA

ဇော်မဲလုံးကို လူမိုက်စကား ပြောတာလား လို့ အေ အေ အဖွဲ့ မေးပြီ ! ….

ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲခေါ်နေတဲ့ ပုံစံမျိုးတွေကို တွေ့လာရပြီး စစ်တပ်အနေနဲ့ ရခိုင်ပြည်သူလူထုကို ဒုက္ခမရောက်စေဖို့ သည်းခံနေတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် တပ်မတော်ကို အဆိုးမဆိုနဲ့လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက် ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို နောက်တစ်ခေါက် ကျူးလွန်ဖို့ လူမိုက်ဆန်ဆန် ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောလိုက်ပါတယ်။

“ဒါကတော့ သူတို့ပြောတာကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ လူမိုက်စကားပြောနေတာလို့ပဲ အဲဒီလိုပဲ ရှင်းရှင်းလင်းလင်း မြင်တယ်ဗျ။ ဒါကတော့ မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ရဲ့ လက်သုံးစကား ဖြစ်တယ်ဗျ။ အဲဒီစကားမျိုးကို အခုမှပြောတာမဟုတ်ပါဘူး အရင်လည်း အကြိမ်ကြိမ်ပြောပြီးပါပြီ။ အဲဒီစကားကို ထောက်လို့ရှိရင် မြန်မာစစ်တပ်ဟာ နောက်တစ်ကြိမ် ရခိုင်ပြည်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ဖို့ အတွက် သူတို့အစီအစဉ်ရှိနေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ပဲ ကျနော်တို့ကတော့ မြင်တယ်ဗျ”

ရက္ခိုင့်တပ်တော် (AA) နဲ့ NUG နဲ့ တွေ့ဆုံဆွေးနွေးတဲ့အပေါ် စစ်တပ်အနေနဲ့ ဒီအတိုင်းကြည့်နေ မှာလား… ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ သူရိယနေဝန်း သတင်းဌာနက မေးမြန်းပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။”AA အနေနဲ့က သူတို့ပြောတဲ့စကားတွေထဲမှာ ဘာတွေဖြစ်လာလဲဆိုတော့ တိုက်ပွဲကို ခေါ်နေတဲ့ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့လာရပါတယ်။

တိုင်းစစ်ဌာနချုပ်လောက်ကိုပဲ သူက ခြိမ်းခြောက်လာတဲ့ပုံစံမျိုး တွေ့ရတယ်။ ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေ တာမျိုးပဲ ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးအတွက် လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုဖြစ်နေ တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်ပြောချင်ပါတယ်”

ရခိုင်ပြည်သူတွေအပေါ် အမှန်တကယ် ငဲ့ညှာတယ်ဆိုရင် မြန်မာစစ်တပ်ဟာ တစ်တိုင်းပြည်လုံး မီးတောက်လောင်နေအောင် လုပ်ဆောင်မှာမဟုတ်သလို သမိုင်းတစ်လျှောက် စစ်တပ်က သည်းခံနေရတယ်ဆိုတာ မရှိခဲ့ဘူးလို့လည်း ဦးခိုင်သုခက ပြောပါတယ်။ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို AA အဖွဲ့က အကြောင်းမပြန်ကြားခဲ့သလို၊ ရခိုင်ပြည်နယ်မှာ စစ်ဆေးဖမ်းဆီး တာတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။

AA အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဝင်ရောက်နှောင့်ယှက်တာတွေ ရှိကြောင်း၊ တရားစီရင်ရေးကဏ္ဍကိုလည်း AA ဆီမှာ တရားစီရင်ရ မယ်ဆိုတာတွေရှိကြောင်း၊ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစည်းရုံးမှုတွေလည်း ဆယ်ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့အတွက် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမတော်စပ်သူ ဦးစံလှကျော်ကို လူသားချင်း စာနာတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာခွင့်ပေးခဲ့တာလို့လည်း ပြောဆို သွားပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ရခိုင်ပြည်သူတွေအပေါ် ငဲ့ညှာတယ်ဆိုတာ မမှန်ကန်ကြောင်း အခုလိုရာဇသံပေး တုံ့ပြန်တာဟာလည်း အသံကောင်း ဟစ်နေတာသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ရခိုင်မှာ သူ့အနေနဲ့ အင်အားသုံးစွဲပြီး ထိုးစစ်ဆင်ဖို့ဆိုတာ တော်တော်အခက်အခဲရှိတဲ့အခြေအနေပါ။ ရခိုင်မှာ သူ့အနေနဲ့ ထိုးစစ်လုပ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့်လည်း AA ရဲ့ လုပ်ဆောင်ချက်တွေ သူ့အနေနဲ့ တစ်စုံတစ်ရာ လိုက်လျောပေါ့ ရခိုင်လူထုကို သနားလို့တို့၊ ဘာတို့ဆိုတာတွေက အသံကောင်းဟစ်ပြတာပေါ့ကွာ”

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံခဲ့ကြသလို အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို မတက်ရောက်တဲ့ အခြေအနေတွေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကို တိုက်ခိုက်မယ်လို့ စိန်ခေါ်လိုက်တဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတုံ့ပြန်ချက်က မှန်ကန်တဲ့ တုံ့ပြန်ချက်ဖြစ်ပြီး AA အနေနဲ့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUG မတွေ့ဆုံသင့်ကြောင်း စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ က ဦးနိုင်ဆွေဦးက ပြောပါတယ်။

“NUG သည် လက်ရှိတည်ဆဲအစိုးရရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံပတ်သက်တဲ့ မည်သည့် အဖွဲ့အစည်းမဆိုကတော့ တရားဥပဒေအတိုင်းပဲ သွားရမယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် NUG နဲ့ ဆက်ဆံစရာ အကြောင်းမရှိဘူးလို့တော့ မြင်တယ်။

အကြမ်းဖက်အဖွဲ့အစည်းကို မည်သည့်နိုင်ငံမှ လက်ခံမှာမဟုတ်ဘူးပေါ့။ အဲဒီတော့ မည်သည့်နိုင်ငံမှ လက်ခံမှာမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဆိုရင်တော့လည်း ဒါက တိတိကျကျလုပ်ကြမယ်ဆိုရင်တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပဲ အရေးယူလိမ့်မယ်လို့ ဒါယူဆပါတယ်”

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က AA ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို အနှောင့်အယှက်ပေးတာတွေ ရခိုင်ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေအပြင် စစ်အင်အား တိုးချဲ့နေတာတွေရှိနေတဲ့အတွက် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ရခိုင်ပြည်သူတွေ အသွားအလာ သတိထားကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

မေလ ၁၈ ရက်နေ့ညပိုင်းကလည်း မြောက်ဦးမြို့နယ် အခြေစိုက်တပ်ရင်းက လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ပြီး ရခိုင်ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ပြုလုပ်ခဲ့တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။RFA