Local News

Bond Agent အျဖစ္မွ ႏႈတ္ထြက္ျခင္းနဲ႔ ပတ္သက္ၿပီး

Bond Agent အျဖစ္မွ ႏႈတ္ထြက္ျခင္းနဲ႔ ပတ္သက္ၿပီး မေန႔ညက MOPFI ဝန္ႀကီး ဦးတင္ထြန္းႏိုင္အပါအဝင္ အျခားခ်စ္ခင္ရေသာ ေတာ္လွန္ေရးမိတ္ေဆြမ်ားနဲ႔ Meeting လုပ္ျဖစ္ပါတယ္။

ကြၽန္မႀကဳံေတြ႕ရေသာ ျပသနာမ်ားႏွင့္ MOPFI ဝန္ထမ္းအခ်ိဳ႕၏ ဆက္ဆံေရးမေျပလည္မႈမ်ားကို ပြင့္ပြင့္လင္းလင္း ေျပာဆိုတိုင္ၾကားပါတယ္။ ဦးတင္ထြန္းႏိုင္အေနႏွင့္လည္း နားလည္မႈလြဲမွားျခင္းမ်ားကို ရွင္းလင္းေျပာျပပါတယ္။

စိတ္ရွင္းေအာင္ အက်ဥ္းၿခဳံးေျပာျပရရင္ ဒီျပသနာက ဝန္ထမ္းအခ်ိဳ႕၏ ေဘာင္ေက်ာ္မႈနဲ႔ အေျပာအဆို ဆိုး႐ြားမႈေၾကာင့္သာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၆လေလာက္က ဦးတင္ထြန္းႏိုင္က Bond ေရာင္းခ်ေပးရန္ အကူအညီေတာင္းလာပါတယ္။ ကြၽန္မသည္လည္း Fund Raise ပြဲေတြ တက္ေရာက္ေနရသည့္အတူတူ NUG ကို ၿမိဳ႕ေပါင္းမ်ားစြာမွာ လိုက္လံေရာင္းခ်ေပးႏိုင္ရင္ ေတာ္လွန္ေရးရန္ပုံေငြ ရရွိရန္ ရည္သန္ၿပီး Offline Bond ေရာင္းခ်ရန္ ဆုံးျဖတ္လိုက္ပါတယ္။ ကြၽန္မမွာ အခ်ိန္ႏွင့္လူအား မရွိတာေၾကာင့္ ေရာင္းလို႔ရသမွ် ေငြႏွင့္အခ်က္အလက္သာ ေပးပို႔ရန္၊ ဘြန္းထြက္သည္အထိ ေဆာင္႐ြက္ေပးမည္ဟု ဆိုပါတယ္။

ပထမဆုံး ေရာင္းခ်သည့္ San Fran Bay Area ပြဲမွာ ေဒၚလာသုံးသိန္းနီးပါး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ဦးတင္ထြန္းႏိုင္ဘက္မွ ဝန္ထမ္း၃ေယာက္ကို ေဖာင္ကူျဖည့္ေပးရန္ တာဝန္ေပးထားပါတယ္။ ထိုေငြသုံးသိန္းနီးပါးကိုလည္း တစ္ပတ္အတြင္း ပို႔ေဆာင္ေပးခဲ့ပါတယ္။ ျပသနာက ဘြန္းဘယ္ေတာ့ရမလဲဟု ဝန္ထမ္းသုံးဦးအား ေမးျမန္းရာမွ စပါတယ္။ ခင္ဗ်ားတို႔ ဘြန္းေအးဂ်န္႔တစ္ေယာက္ရဲ႕ တာဝန္ေတြကို မသိဘူးလားတို႔၊ ဝန္ႀကီးနဲ႔ေျပာထားတယ္ဆိုတာနဲ႔ မရဘူးတို႔၊ တာဝန္မယူႏိုင္ရင္ မေရာင္းနဲ႔တို႔၊ ပြဲေတြဖ်က္ပစ္လိုက္တို႔၊ ေငြေကာက္တာနဲ႔ အခ်က္အလက္ပို႔တာေလာက္က ကြၽန္ေတာ္တို႔လည္း လုပ္တတ္တယ္တို႔ ေျပာဆိုပါတယ္။ ဦးတင္ထြန္းႏိုင္ကိုယ္တိုင္ရွိတဲ့ ဂ႐ုခ်က္ထဲမွာ ဦးတင္ထြန္းႏိုင္ေရွ႕မွာကို ေျပာတာပါ။

ကြၽန္မက သူတို႔လည္း ဝိုင္းကူေပးေနတဲ့ Volunteere ေတြဆိုရင္ ကြၽန္မတို႔လည္း ကူေရာင္းေပးတဲ့ Volunteerေတြျဖစ္တာေၾကာင့္ Respect ထားသင့္ေၾကာင္း၊ ေဘာင္မေက်ာ္သင့္ေၾကာင္း ျပန္ေျပာပါတယ္။ ဦးတင္ထြန္းႏိုင္ကို ဒီအေျပာအဆိုေတြနဲ႔ ပတ္သက္ၿပီး ဆုံးမေပးဖို႔ တိုင္ၾကားေပမယ့္ ဦးတင္ထြန္းႏိုင္ကပဲ ၾကားထဲက ေတာင္းပန္သြားပါတယ္။ ေျပာသူေတြကေတာ့ Sorry ဟု ယေန႔အထိ တစ္ခ်က္မရွိခဲ့ပါ။

ကြၽန္မလည္း ေတာ္လွန္ေရးကိုပဲ မ်က္ႏွာမူပါဆိုတဲ့ ဆုံးမစကားေၾကာင့္ စကားေတြထပ္ရွည္မေနဘဲ ဘြန္းေရာင္းခ်ျခင္းေတြကိုပဲ ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။ ေဖာင္မ်ားကိုလည္း ကိုယ့္ဖာသာပဲ ျဖည့္ပါေတာ့တယ္။ ဒီတစ္ပြဲေလးပဲ သူတို႔ျဖည့္ေပးတာပါ။ မတန္ေအာင္ အေျပာခံခဲ့ရပါတယ္။ Bond Agent အမ်ားအျပားထံမွလည္း အလားတူဆက္ဆံေရးအဆင္မေျပမႈမ်ားကိုလည္း သြားေလရာခရီးတိုင္းမွာ ၾကားရပါတယ္။

ဒီပြဲမွာ ေဖာင္ေတြျဖည့္ေပးသြားတာသည္ MOPFI ရဲ႕ ဝန္ထမ္းမ်ားပါ။ ဘြန္းရၾကသူက ရၾကၿပီး မရၾကသူေတြ မရၾကတဲ့အတြက္ အေျဖရွာေပးဖို႔ ေျပာဆိုေပမယ့္ သူတို႔ဘက္က အမွားအယြင္းမရွိေၾကာင္း၊ အားလုံးပို႔ထားေၾကာင္းပဲ ေျပာပါတယ္။ တကယ္မွာလည္း အဲ့ဒီ့ပြဲမွာ မရရွိသူေတြ အမ်ားအျပားရွိပါတယ္။ လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကမွ Form B မျဖည့္ထားဘဲ က်န္ခဲ့သူအခ်ိဳ႕ရဲ႕ သက္ေသကိုရရွိပါတယ္။ ထပ္ေမးပါတယ္။ မမွားေၾကာင္းပဲ ျပန္ေျပာပါတယ္။ ကြၽန္မအေနနဲ႔ လြန္ခဲ့တဲ့ ငါးလကတည္းက စကားအဆင္မေျပမႈေတြ ျဖစ္ခဲ့ေပမယ့္ ဘြန္းဆက္လက္ေရာင္းခ်ေနခဲ့ေသာ္လည္း ငါးလေက်ာ္ၾကာသည္အထိ ဘြန္းမရရွိသည့္ကိစၥကို မေျဖရွင္းဘဲ မွန္ပါသည္ဟု ေျပာဆိုေနတာေၾကာင့္ ဒီကိစၥကို အၿပီးသတ္ရွင္းလင္းရန္ ဆုံးျဖတ္လိုက္ပါတယ္။

အလုပ္မ်ားေသာဝန္ႀကီးထံမွ ဖုန္းေျပာလို႔ရမည့္အခ်ိန္ကိုေစာင့္ၿပီး တိုင္ၾကားပါတယ္။ ဝန္ႀကီးက ဘြန္းမရေသးတဲ့ကိစၥအတြက္ စိစစ္ေပးမည္ဟု ဆိုေပမယ့္ ဆက္ဆံေရးကိစၥႏွင့္ ပတ္သက္ၿပီး ေျဖရွင္းမည္ဟု အေျဖကို မရဘဲ ဆက္မေရာင္းလည္း ရတယ္ဟု သေဘာသက္ေရာက္သည့္စကားသာ ရခဲ့သည့္အတြက္ Bond Agent အျဖစ္မွ ႏႈတ္ထြက္မည္ဟု ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။ မေန႔ညက Meeting မွာေတာ့ မေရာင္းလည္းရတယ္လို႔ ဆိုလိုတာ မဟုတ္ဘဲ အလုပ္မ်ားေနသည့္အတြက္ ဘြန္းမရသည့္ ျပသနာအားေျဖရွင္းေပးမည္ဟု ေျပာၿပီးသည့္အတြက္ ေအး ရတယ္ဟု ေျပာလိုက္ျခင္းသာျဖစ္ၿပီး နားလည္မႈ လြဲမွားျခင္းသာျဖစ္သည္ဟု ရွင္းလင္းပါတယ္။

လူသားအရင္းအျမစ္ရွားပါးမႈႏွင့္ ဖိအားမ်ားေၾကာင့္ ကြၽန္မဘက္က အေရးယူရန္၊ ျဖဳတ္ပစ္ရန္အထိ အလြန္အကြၽံ မေတာင္းဆိုပါ။ ေနာက္ေနာင္ ဒီလို ျပသနာမ်ားမျဖစ္ရန္ႏွင့္ Bond Agent မ်ားအေပၚ ဆက္ဆံေရးတင္းမာမႈမ်ားကို တားဆီးေပးရန္ ေတာင္းဆိုခဲ့ၿပီး သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒီကိစၥက ေျပလည္မႈရရွိၿပီဟု ေျပာလို႔ရတာေၾကာင့္ ျပည္သူမ်ားအေနနဲ႔လည္း ေျပလည္မႈကို ႀကိဳဆိုေပးၾကဖို႔ ေတာင္းဆိုပါတယ္။ ကြၽန္မအေနနဲ႔လည္း Bond ေရာင္းခ်ပြဲမ်ားသည္ ကြၽန္မရဲ႕ ဘဝရပ္တည္မႈအခ်ိန္လုံးဝမရွိေတာ့သည္အထိ ျဖစ္လာျခင္းေၾကာင့္ အခ်ိန္အနည္းငယ္ေလွ်ာ့ခ်ျခင္းမွအပ ဆက္လက္ေရာင္းခ်သြားမည္ျဖစ္ၿပီး ဒီ့ထက္ပို အခ်ိန္သက္သာ လြယ္ကူျမန္ဆန္ေသာ နည္းျဖင့္ အရွိန္ျမႇင့္တင္သြားမည္ ျဖစ္ပါတယ္။

NUG Bond သည္ ေတာ္လွန္ေရး ရန္ပုံေငြရွာေဖြျခင္းအတြက္ အေရးႀကီးေသာ ေထာက္တိုင္တစ္ခု ျဖစ္တာေၾကာင့္ အနည္းငယ္ေသာလူအခ်ိဳ႕၏ အဆင္မေျပမႈေၾကာင့္ စိတ္ပ်က္ရပ္တန္႔လိုက္လို႔မရတဲ့အရာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မေက်နပ္တာရွိရင္ ေျပာပါမယ္၊ ေျဖရွင္းပါ့မယ္၊ နားလည္မႈရေအာင္ ႀကိဳးပန္းၾကၿပီး ေရွ႕ဆက္ၾကပါမယ္။ အေရးေတာ္ပုံကာလ အၾကပ္အတည္းမ်ား စိတ္ပင္ပန္းမႈမ်ားေၾကာင့္ ပြတ္တိုက္မႈမ်ားျဖစ္ေပၚလာျခင္းေလာက္နဲ႔ စိတ္ပ်က္အားေလ်ာ့လို႔ မရတာေၾကာင့္ ဆက္လက္ႀကိဳးစားၾကရေအာင္ပါ။

ကြၽန္မကေတာ့ အားလုံးကို ေမ့လိုက္ပါၿပီ။ အားနည္းခ်က္မ်ားကို ျပင္ဆင္မည္၊ အလားတူကိစၥရပ္ေတြထပ္ျဖစ္မလာဖို႔ အစြမ္းကုန္ႀကိဳးစားပါမည္ဟူေသာ ဝန္ႀကီး၏ ကတိစကားကိုလည္း အထူးဂုဏ္ယူပါတယ္။ ကြၽန္မတို႔လိုခ်င္တဲ့ စနစ္ဆိုတာ ဝန္ႀကီးဆိုၿပီး နယ္လွည့္ပါး႐ိုက္တဲ့ စနစ္မ်ိဳး မဟုတ္ဘူး။ ဒါမ်ိဳး ေဆြးေႏြးညႇိႏႈိင္းအေျဖရွာမည့္ စနစ္မ်ိဳးသာ ျဖစ္ပါတယ္။

ကြၽန္မအေနနဲ႔လည္း ဆက္တိုက္စိတ္ပင္ပန္းလူပင္ပန္းျခင္း စိတ္ဖိစီးျခင္းမ်ားေၾကာင့္ အမွားအယြင္းတစုံတရာရွိခဲ့လ်င္၊ ျပည္သူကို စိတ္ရႈပ္ေထြးအားေလ်ာ့ေစခဲ့ရင္ ေတာင္းပန္ပါတယ္။

တြဲထားတဲ့လက္ေတြမွာ တို႔မိဆိတ္မိရွိေပမယ့္ လက္တြဲေတြ မျပည္ေၾကာင္းပါ။

ဘယ္အထိ တိုက္မလဲ

အဆုံးထိ တိုက္ပါမယ္။

Bond Agent အဖြစ်မှ နှုတ်ထွက်ခြင်းနဲ့ ပတ်သက်ပြီး မနေ့ညက MOPFI ဝန်ကြီး ဦးတင်ထွန်းနိုင်အပါအဝင် အခြားချစ်ခင်ရသော တော်လှန်ရေးမိတ်ဆွေများနဲ့ Meeting လုပ်ဖြစ်ပါတယ်။

ကျွန်မကြုံတွေ့ရသော ပြသနာများနှင့် MOPFI ဝန်ထမ်းအချို့၏ ဆက်ဆံရေးမပြေလည်မှုများကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ကြားပါတယ်။ ဦးတင်ထွန်းနိုင်အနေနှင့်လည်း နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းပြောပြပါတယ်။

စိတ်ရှင်းအောင် အကျဉ်းခြုံးပြောပြရရင် ဒီပြသနာက ဝန်ထမ်းအချို့၏ ဘောင်ကျော်မှုနဲ့ အပြောအဆို ဆိုးရွားမှုကြောင့်သာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆လလောက်က ဦးတင်ထွန်းနိုင်က Bond ရောင်းချပေးရန် အကူအညီတောင်းလာပါတယ်။ ကျွန်မသည်လည်း Fund Raise ပွဲတွေ တက်ရောက်နေရသည့်အတူတူ NUG ကို မြို့ပေါင်းများစွာမှာ လိုက်လံရောင်းချပေးနိုင်ရင် တော်လှန်ရေးရန်ပုံငွေ ရရှိရန် ရည်သန်ပြီး Offline Bond ရောင်းချရန် ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မမှာ အချိန်နှင့်လူအား မရှိတာကြောင့် ရောင်းလို့ရသမျှ ငွေနှင့်အချက်အလက်သာ ပေးပို့ရန်၊ ဘွန်းထွက်သည်အထိ ဆောင်ရွက်ပေးမည်ဟု ဆိုပါတယ်။

ပထမဆုံး ရောင်းချသည့် San Fran Bay Area ပွဲမှာ ဒေါ်လာသုံးသိန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ ဦးတင်ထွန်းနိုင်ဘက်မှ ဝန်ထမ်း၃ယောက်ကို ဖောင်ကူဖြည့်ပေးရန် တာဝန်ပေးထားပါတယ်။ ထိုငွေသုံးသိန်းနီးပါးကိုလည်း တစ်ပတ်အတွင်း ပို့ဆောင်ပေးခဲ့ပါတယ်။ ပြသနာက ဘွန်းဘယ်တော့ရမလဲဟု ဝန်ထမ်းသုံးဦးအား မေးမြန်းရာမှ စပါတယ်။ ခင်ဗျားတို့ ဘွန်းအေးဂျန့်တစ်ယောက်ရဲ့ တာဝန်တွေကို မသိဘူးလားတို့၊ ဝန်ကြီးနဲ့ပြောထားတယ်ဆိုတာနဲ့ မရဘူးတို့၊ တာဝန်မယူနိုင်ရင် မရောင်းနဲ့တို့၊ ပွဲတွေဖျက်ပစ်လိုက်တို့၊ ငွေကောက်တာနဲ့ အချက်အလက်ပို့တာလောက်က ကျွန်တော်တို့လည်း လုပ်တတ်တယ်တို့ ပြောဆိုပါတယ်။ ဦးတင်ထွန်းနိုင်ကိုယ်တိုင်ရှိတဲ့ ဂရုချက်ထဲမှာ ဦးတင်ထွန်းနိုင်ရှေ့မှာကို ပြောတာပါ။

ကျွန်မက သူတို့လည်း ဝိုင်းကူပေးနေတဲ့ Volunteere တွေဆိုရင် ကျွန်မတို့လည်း ကူရောင်းပေးတဲ့ Volunteerတွေဖြစ်တာကြောင့် Respect ထားသင့်ကြောင်း၊ ဘောင်မကျော်သင့်ကြောင်း ပြန်ပြောပါတယ်။ ဦးတင်ထွန်းနိုင်ကို ဒီအပြောအဆိုတွေနဲ့ ပတ်သက်ပြီး ဆုံးမပေးဖို့ တိုင်ကြားပေမယ့် ဦးတင်ထွန်းနိုင်ကပဲ ကြားထဲက တောင်းပန်သွားပါတယ်။ ပြောသူတွေကတော့ Sorry ဟု ယနေ့အထိ တစ်ချက်မရှိခဲ့ပါ။

ကျွန်မလည်း တော်လှန်ရေးကိုပဲ မျက်နှာမူပါဆိုတဲ့ ဆုံးမစကားကြောင့် စကားတွေထပ်ရှည်မနေဘဲ ဘွန်းရောင်းချခြင်းတွေကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဖောင်များကိုလည်း ကိုယ့်ဖာသာပဲ ဖြည့်ပါတော့တယ်။ ဒီတစ်ပွဲလေးပဲ သူတို့ဖြည့်ပေးတာပါ။ မတန်အောင် အပြောခံခဲ့ရပါတယ်။ Bond Agent အများအပြားထံမှလည်း အလားတူဆက်ဆံရေးအဆင်မပြေမှုများကိုလည်း သွားလေရာခရီးတိုင်းမှာ ကြားရပါတယ်။

ဒီပွဲမှာ ဖောင်တွေဖြည့်ပေးသွားတာသည် MOPFI ရဲ့ ဝန်ထမ်းများပါ။ ဘွန်းရကြသူက ရကြပြီး မရကြသူတွေ မရကြတဲ့အတွက် အဖြေရှာပေးဖို့ ပြောဆိုပေမယ့် သူတို့ဘက်က အမှားအယွင်းမရှိကြောင်း၊ အားလုံးပို့ထားကြောင်းပဲ ပြောပါတယ်။ တကယ်မှာလည်း အဲ့ဒီ့ပွဲမှာ မရရှိသူတွေ အများအပြားရှိပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ Form B မဖြည့်ထားဘဲ ကျန်ခဲ့သူအချို့ရဲ့ သက်သေကိုရရှိပါတယ်။ ထပ်မေးပါတယ်။ မမှားကြောင်းပဲ ပြန်ပြောပါတယ်။ ကျွန်မအနေနဲ့ လွန်ခဲ့တဲ့ ငါးလကတည်းက စကားအဆင်မပြေမှုတွေ ဖြစ်ခဲ့ပေမယ့် ဘွန်းဆက်လက်ရောင်းချနေခဲ့သော်လည်း ငါးလကျော်ကြာသည်အထိ ဘွန်းမရရှိသည့်ကိစ္စကို မဖြေရှင်းဘဲ မှန်ပါသည်ဟု ပြောဆိုနေတာကြောင့် ဒီကိစ္စကို အပြီးသတ်ရှင်းလင်းရန် ဆုံးဖြတ်လိုက်ပါတယ်။

အလုပ်များသောဝန်ကြီးထံမှ ဖုန်းပြောလို့ရမည့်အချိန်ကိုစောင့်ပြီး တိုင်ကြားပါတယ်။ ဝန်ကြီးက ဘွန်းမရသေးတဲ့ကိစ္စအတွက် စိစစ်ပေးမည်ဟု ဆိုပေမယ့် ဆက်ဆံရေးကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းမည်ဟု အဖြေကို မရဘဲ ဆက်မရောင်းလည်း ရတယ်ဟု သဘောသက်ရောက်သည့်စကားသာ ရခဲ့သည့်အတွက် Bond Agent အဖြစ်မှ နှုတ်ထွက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ မနေ့ညက Meeting မှာတော့ မရောင်းလည်းရတယ်လို့ ဆိုလိုတာ မဟုတ်ဘဲ အလုပ်များနေသည့်အတွက် ဘွန်းမရသည့် ပြသနာအားဖြေရှင်းပေးမည်ဟု ပြောပြီးသည့်အတွက် အေး ရတယ်ဟု ပြောလိုက်ခြင်းသာဖြစ်ပြီး နားလည်မှု လွဲမှားခြင်းသာဖြစ်သည်ဟု ရှင်းလင်းပါတယ်။

လူသားအရင်းအမြစ်ရှားပါးမှုနှင့် ဖိအားများကြောင့် ကျွန်မဘက်က အရေးယူရန်၊ ဖြုတ်ပစ်ရန်အထိ အလွန်အကျွံ မတောင်းဆိုပါ။ နောက်နောင် ဒီလို ပြသနာများမဖြစ်ရန်နှင့် Bond Agent များအပေါ် ဆက်ဆံရေးတင်းမာမှုများကို တားဆီးပေးရန် တောင်းဆိုခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စက ပြေလည်မှုရရှိပြီဟု ပြောလို့ရတာကြောင့် ပြည်သူများအနေနဲ့လည်း ပြေလည်မှုကို ကြိုဆိုပေးကြဖို့ တောင်းဆိုပါတယ်။ ကျွန်မအနေနဲ့လည်း Bond ရောင်းချပွဲများသည် ကျွန်မရဲ့ ဘဝရပ်တည်မှုအချိန်လုံးဝမရှိတော့သည်အထိ ဖြစ်လာခြင်းကြောင့် အချိန်အနည်းငယ်လျှော့ချခြင်းမှအပ ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး ဒီ့ထက်ပို အချိန်သက်သာ လွယ်ကူမြန်ဆန်သော နည်းဖြင့် အရှိန်မြှင့်တင်သွားမည် ဖြစ်ပါတယ်။

NUG Bond သည် တော်လှန်ရေး ရန်ပုံငွေရှာဖွေခြင်းအတွက် အရေးကြီးသော ထောက်တိုင်တစ်ခု ဖြစ်တာကြောင့် အနည်းငယ်သောလူအချို့၏ အဆင်မပြေမှုကြောင့် စိတ်ပျက်ရပ်တန့်လိုက်လို့မရတဲ့အရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မကျေနပ်တာရှိရင် ပြောပါမယ်၊ ဖြေရှင်းပါ့မယ်၊ နားလည်မှုရအောင် ကြိုးပန်းကြပြီး ရှေ့ဆက်ကြပါမယ်။ အရေးတော်ပုံကာလ အကြပ်အတည်းများ စိတ်ပင်ပန်းမှုများကြောင့် ပွတ်တိုက်မှုများဖြစ်ပေါ်လာခြင်းလောက်နဲ့ စိတ်ပျက်အားလျော့လို့ မရတာကြောင့် ဆက်လက်ကြိုးစားကြရအောင်ပါ။

ကျွန်မကတော့ အားလုံးကို မေ့လိုက်ပါပြီ။ အားနည်းချက်များကို ပြင်ဆင်မည်၊ အလားတူကိစ္စရပ်တွေထပ်ဖြစ်မလာဖို့ အစွမ်းကုန်ကြိုးစားပါမည်ဟူသော ဝန်ကြီး၏ ကတိစကားကိုလည်း အထူးဂုဏ်ယူပါတယ်။ ကျွန်မတို့လိုချင်တဲ့ စနစ်ဆိုတာ ဝန်ကြီးဆိုပြီး နယ်လှည့်ပါးရိုက်တဲ့ စနစ်မျိုး မဟုတ်ဘူး။ ဒါမျိုး ဆွေးနွေးညှိနှိုင်းအဖြေရှာမည့် စနစ်မျိုးသာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့လည်း ဆက်တိုက်စိတ်ပင်ပန်းလူပင်ပန်းခြင်း စိတ်ဖိစီးခြင်းများကြောင့် အမှားအယွင်းတစုံတရာရှိခဲ့လျင်၊ ပြည်သူကို စိတ်ရှုပ်ထွေးအားလျော့စေခဲ့ရင် တောင်းပန်ပါတယ်။

တွဲထားတဲ့လက်တွေမှာ တို့မိဆိတ်မိရှိပေမယ့် လက်တွဲတွေ မပြည်ကြောင်းပါ။

ဘယ်အထိ တိုက်မလဲ

အဆုံးထိ တိုက်ပါမယ်။