Local News

ဘယ္လိုသိမ္းပိုက္ခဲ့သလဲဆိုတာ

ေသ့ေဘာဘိုး စခန္းသိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီ၏ ခလရ ၃၂ မွ ဒုတပ္ရင္းမႉး ဗိုလ္မႉး ေအာင္ၿငိမ္းခ်မ္းႏွင့္ ဗိုလ္ဟန္ဝင္းထြန္းတို႔ ေသဆုံးသူစစ္သားမ်ားတြင္ ပါဝင္သြား

ရန္ကုန္၊ ေမ ၂၀

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္တြင္ KNLA ပူးေပါင္းတပ္ဖြဲ႕က စစ္ေကာင္စီ၏ ေသ့ေဘာဘိုးစခန္းကို တိုက္ခိုက္သိမ္းပိုက္စဥ္ ခလရ ၃၂ မွ ဒု-တပ္ရင္းမႉး ဗိုလ္မႉး ေအာင္ၿငိမ္းခ်မ္းႏွင့္ ဗိုလ္ ဟန္ဝင္းထြန္းတို႔ ေသဆုံးသြားေၾကာင္း KNLA ေရွ႕တန္းတပ္ဖြဲ႕ဝင္မ်ားထံမွ သိရွိရသည္။

“ဒုတပ္ရင္းမႉး ေအာင္ၿငိမ္းခ်မ္းကေတာ့ စႏိုက္ပါ ထိၿပီး ေသတယ္၊ ဗိုလ္ဟန္ဝင္းထြန္းကေတာ့ ဒ႐ုန္းနဲ႔ ဗုံးက်ဲတဲ့အခ်ိန္မွာ ေသတယ္” ဟု KNLA ပူးေပါင္းတပ္ ေရွ႕တန္းတပ္ဖြဲ႕ဝင္ ၁ ဦးက ဆိုသည္။

ရန္ကုန္ေခတ္သစ္မွ ရရွိထားေသာ ဓါတ္ပုံတြင္ ဒုတပ္ရင္းမႉး ေအာင္ၿငိမ္းခ်မ္း၏ ဘယ္ဘက္ရင္အုံ၌ က်ည္ေပါက္ရာႏွင့္ ေသြးစမ်ားကို ျမင္ေတြ႕ရသည္။ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ေတာင္ဘက္ ဖလူး-ေဝၚေလ ကားလမ္းေပၚရွိ ေသ့ေဘာဘိုးစခန္းကို ေမလ ၁၈ ရက္ေန႔ မြန္းလြဲပိုင္းတြင္ KNLA ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ခဲ့စဥ္ စစ္ေကာင္စီဘက္မွ အနည္းဆုံး ၅ ဦးေသဆုံးခဲ့ၿပီး စစ္သား ၆ ဦးကို အရွင္ဖမ္းမိကာ လက္နက္ခဲယမ္းအေျမာက္အမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံးက သတင္းထုတ္ျပန္သည္။

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA တပ္မဟာ ၆၊ တပ္ရင္း ၂၇ တပ္ခြဲ ၂ ဒုခြဲမႉး ဗိုလ္ဒါေဘာ့ (လက္ရွိ Cobra စစ္ေၾကာင္းမႉး)ႏွင့္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ KNDO မွ ဗိုလ္အယ္ေစးဝါး ပူးေပါင္းအဖြဲ႕က ေသ့ေဘာဘိုးစခန္းကို တိုက္ခိုက္စဥ္ စစ္ေကာင္စီ စစ္သားမ်ားမွာ စခန္းစြန႔္ခြာ ထြက္ေျပးသြားၾကေၾကာင္း သတင္းရရွိသည္။

ေသာင္ရင္းျမစ္ကို ျဖတ္ကူးကာ ထိုင္းဘက္သို႔ ထြက္ေျပးေသာ စစ္သား ၁၁ ဦးႏွင့္ ေပၚတာ ၃ ဦးကို ထိုင္းအာဏာပိုင္းမ်ားက ဖမ္းမိခဲ့ၿပီး ယမန္ေန႔တြင္ ျမန္မာဘက္သို႔ ျပန္လည္ ပို႔ေဆာင္ခဲ့သည္။

(KNLA)တပ္မဟာ(၆)လက္ေအာက္ခံ တပ္ရင္း (၂၇)၊တပ္ခြဲ(၂)မွ ဒုခြဲမႉး ဗိုလ္ဒါ့ေဘာ(လက္ရွိ Cobraစစ္ေၾကာင္း၏ စစ္ေၾကာင္းမႉး)ႏွင့္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ (KNDO)မွ ဗိုလ္အယ္ေစးဝါး တို႔ျဖစ္ၾကပါသည္။

ေသ့ေဘာဘိုးစခန္းသည္ ျမဝတီ-ေလးေက့ေကာ္-ဖလူး-ေသ့ေဘာဘိုး-ေဝၚေလၿမိဳင္ ကားလမ္းေပၚတြင္ တည္ရွိၿပီး ဗ်ဴဟာအရ အေရးပါေသာ စခန္းတစ္ခုလည္းျဖစ္သည္။

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခလရ ၃၂ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အောင်ငြိမ်းချမ်းနှင့် ဗိုလ်ဟန်ဝင်းထွန်းတို့ သေဆုံးသူစစ်သားများတွင် ပါဝင်သွား

ရန်ကုန်၊ မေ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ခလရ ၃၂ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး အောင်ငြိမ်းချမ်းနှင့် ဗိုလ် ဟန်ဝင်းထွန်းတို့ သေဆုံးသွားကြောင်း KNLA ရှေ့တန်းတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“ဒုတပ်ရင်းမှူး အောင်ငြိမ်းချမ်းကတော့ စနိုက်ပါ ထိပြီး သေတယ်၊ ဗိုလ်ဟန်ဝင်းထွန်းကတော့ ဒရုန်းနဲ့ ဗုံးကျဲတဲ့အချိန်မှာ သေတယ်” ဟု KNLA ပူးပေါင်းတပ် ရှေ့တန်းတပ်ဖွဲ့ဝင် ၁ ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်မှ ရရှိထားသော ဓါတ်ပုံတွင် ဒုတပ်ရင်းမှူး အောင်ငြိမ်းချမ်း၏ ဘယ်ဘက်ရင်အုံ၌ ကျည်ပေါက်ရာနှင့် သွေးစများကို မြင်တွေ့ရသည်။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ဖလူး-ဝေါ်လေ ကားလမ်းပေါ်ရှိ သေ့ဘောဘိုးစခန်းကို မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ တပ်ခွဲ ၂ ဒုခွဲမှူး ဗိုလ်ဒါဘော့ (လက်ရှိ Cobra စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO မှ ဗိုလ်အယ်စေးဝါး ပူးပေါင်းအဖွဲ့က သေ့ဘောဘိုးစခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီ စစ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သတင်းရရှိသည်။

သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်သို့ ထွက်ပြေးသော စစ်သား ၁၁ ဦးနှင့် ပေါ်တာ ၃ ဦးကို ထိုင်းအာဏာပိုင်းများက ဖမ်းမိခဲ့ပြီး ယမန်နေ့တွင် မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

(KNLA)တပ်မဟာ(၆)လက်အောက်ခံ တပ်ရင်း (၂၇)၊တပ်ခွဲ(၂)မှ ဒုခွဲမှူး ဗိုလ်ဒါ့ဘော(လက်ရှိ Cobraစစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှ ဗိုလ်အယ်စေးဝါး တို့ဖြစ်ကြပါသည်။

သေ့ဘောဘိုးစခန်းသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိပြီး ဗျူဟာအရ အရေးပါသော စခန်းတစ်ခုလည်းဖြစ်သည်။