မကွေးတိုင်းထဲမှာ ယောသားတွေနေတဲ့ ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲ့ကျာက်ထုယောမြို့ ၅ မြို့စုပေါင်းပြီး YDF ဖြစ်လာတယ်မေ ၁၉ ရက် Yaw Defence ForceYDF တနှစ်ပြည့်မှာ ထုတ်ပြန်တဲ့ YDF အဖွဲ့လက်နက်ပိုင်ဆိုင်မူစာရင်းတွေ အားရစရာပါယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF မှာပြီးခဲ့တဲ့နှစ် ၂၀၂၁ စက်တက်ဘာလအထိ မောင်းပြန်ေ-သနတ် တစ်လက်မှမရှိခဲ့ဘဲ ပြည်တွင်း၊ပြည်ပ ယောသူ၊ ယောသားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လက်ရှိချိန်မှာမောင်းပြန်ေ-သနတ် ထောင်ဂဏန်းနီးပါး ရှိတဲ့အပြင် RPG7 ၊PKM စက်ေ-သနတ်များ၊
မေ ၂၀ ၊ ၂၀၂၂
ဒါလေး တော်တော်အားရဖို့ကောင်းတယ် ဒါကြောင့်လဲ မကွေးတိုင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ စိုမိုးတယ်
မကွေးတိုင်းထဲမှာ ယောသားတွေနေတဲ့ ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲ့ကျာက်ထုယောမြိ့ု ၅ မြိ့ုစုပေါင်းပြီး YDF ဖြစ်လာတယ်မေ ၁၉ ရက် Yaw Defence ForceYDF တနှစ်ပြည့်မှာ ထုတ်ပြန်တဲ့ YDF အဖွဲ့လက်နက်ပိုင်ဆိုင်မူစာရင်းတွေ အားရစရာပါယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF မှာပြီးခဲ့တဲ့နှစ် ၂၀၂၁ စက်တက်ဘာလအထိ မောင်းပြန်ေ-သနတ် တစ်လက်မှမရှိခဲ့ဘဲ ပြည်တွင်း၊ပြည်ပ ယောသူ၊ ယောသားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လက်ရှိချိန်မှာမောင်းပြန်ေ-သနတ် ထောင်ဂဏန်းနီးပါး ရှိတဲ့အပြင် RPG7 ၊PKM စက်ေ-သနတ်များ၊
တိုက်ခိုက်ရေး Drone တွေပါရှိနေပြီလို့ ဆိုထားပါတယ် ဒါအပြင် ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုတွေပါ ပြုလုပ်နိုင်ပြီလို့ သိရတယ်
ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တစ်နှစ်ပြည့် အခမ်းအနားပြုလုပ်၊ CDF မင်းတပ် ကိုယ်စားလှယ်တွေ တက်ရောက်
မေ ၂၀ ၊ ၂၀၂၂
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)ရဲ့ တော်လှန်ရေးတစ်နှစ်ပြည့် အ ခမ်းအနားကို မေ ၁၉ ရက်က ပြု လုပ်ခဲ့ရာ CDF မင်းတပ်ကိုယ်စား လှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
“YDF ဆိုတာ မကွေးတိုင်းထဲက ယောသားတွေနေတဲ့ ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲကျောက်ထုဆိုတဲ့ ယောငါးမြို့ကိုစုပေါင်းပီး Yaw Defence Force ဖြစ်လာတာပါ။ CDFs တွေနဲ့ မဟာမိတ်ဖြစ်ပြီး စစ်အာ ဏာသိမ်းမှုကို ကလေး၊မင်းတပ်၊ဒီမော့ဆိုးတို့နဲ့အတူအစဦးဆုံး တူမီးနဲ့ စတော်လှန်ခဲ့ကြတဲ့သူတွေဖြစ်တယ် “လို့ CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)ရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို CDF မင်းတပ်မှ ကိုယ်စားလှယ် ခုနစ်ဦးတတ်ရောက်ခဲ့ကြတာပါ။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)အနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တက်ဘာလအထိ မောင်းပြန်သေနတ် တစ်လက်မှတောင် မရှိခဲ့ဘဲ ပြည်တွင်း၊ပြည်ပ ယောသူ၊ ယောသားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်သာ
လက်ရှိအချိန်မှာ မောင်းပြန်သေနတ်ထောင်ဂဏန်းနီးပါးအထိ ရရှိထားတဲ့အပြင် RPG7 ၊PKM စက်သေ နတ်များ၊ တိုက်ခိုက်ရေး Drone တွေပါရှိနေပြီလို့ ဆိုထားပါတယ်။ ဒါအပြင် ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှု တွေပါ ပြုလုပ်လာနိုင်ခဲ့ပြီလို့လည်း ဆိုထားပါတယ်။
CDF မင်းတပ်နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) တို့က ညီနောင်မ ဟာမိတ်အဖြစ် ပူးပေါင်းထားပြီး စစ်ဆင်ရေးတွေကိုလည်း လက်တွဲပြီး လုပ်ဆောင်နေကြတယ်လို့ ဆိုထားပါတယ်။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)ရဲ့ တစ်နှစ်ပြည်မှာ ” YDF ၏ မဟာမိတ်ကောင်း ပီသမှု ၊ သတ္တိရှိမှုများနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့တိုင် အတူတကွဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်တယ်” လို့ CDF မင်းတပ်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB