Local News

မြင်းခြံ မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်အပစ်ခံရပြီး

မြင်းခြံ မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်အပစ်ခံရပြီး (၂)ယောက်သေ (ရုပ်သံ)

လူငယ့်ခေတ်

မေ ၂၁

မန္တလေးတိုင်း မြင်းခြံမြို့ အထက(၂)ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မေလ၁၉ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား(၂)ဦးသေခဲ့တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NatogyiPDF)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံ အထက(၂)စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို အနှောက်အယှက် အမျိုးမျိုးပေးနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဝင်ရောက်ပစ်ခတ်ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေခဲ့တာလို့ Natogyi PDF က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လဲ နွားထိုးကြီးPDFကို ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video-Natogyi People Defence Force


လူငယ့်ခေတ်

မေ ၂၁


