သပြေကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်မှု “နန်းထိုက်အောင်စစ်ဆင်ရေး”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကြေညာ
ရဲခေါင်/People’s Spring
“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် သန်လျင်မြို့နယ်ရှိ သပြေကန်ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။
အဆိုပါရဲစခန်းကို ယမန်နေ့(မေ ၂၀ ရက်)ည ၁၁နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှင့်စစ်ကောင်စီတပ်သားများထိခိုက်နိုင်သည်ဟု ဆိုသည်။
“အတိအကျ မသိရသေးပေမယ့်။သေချာတာတစ်ခုကတော့ စခန်းတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားတာပါပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ဘန်ကာများကို ပေ ၂၀ ခန့်ပြုလုပ်ထားသည့် ယင်းစခန်းရှိ ရဲနှင့်စစ်သားများသည်ပစ်ခတ်တိုက်ခိုက်စဥ် ခေါင်းပင် မဖော်ရဲကြောင်း စစ်ဆင်ရေးပါဝင်သူတစ်ဦးက အတည်ပြုသည်။
ယခုတိုက်ခိုက်မှုမတိုင်မီ ယခုခ ၁၄ ရက်က “နန်းထိုက်အောင်စစ်ဆင် ရေး”စစ်ရေးပစ်မှတ်အဖြစ် ရန်ကုန်မြို မင်္ဂလာဒုံမြိုနယ်ရှိ အမှတ်(၈၂) တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းအဆိုပါ မစ်ရှင်ဦးဆောင်သည့် စစ်ရေးတာဝန်ခံက People’s Spring သို အတည်ပြုထားသည်။
ထို့အပြင် ဒဏ်ရာရရှိသူများအနက် အချိုမှာ သေဆုံးနိုင်ချေရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် မေလ၁၃ရက် ညနေပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။
“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။
ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
သေျပကန္ရဲစခန္း ပစ္ခတ္တိုက္ခိုက္မႈ “နန္းထိုက္ေအာင္စစ္ဆင္ေရး”ဟု ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ေၾကညာ
ရဲေခါင္/People’s Spring
“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”အျဖစ္ သန္လ်င္ၿမိဳ႕နယ္ရွိ သေျပကန္ရဲစခန္းအား ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ဟု ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕တာဝန္ရွိသူက People’s Springသို႔ ေျပာသည္။
အဆိုပါရဲစခန္းကို ယမန္ေန႔(ေမ ၂၀ ရက္)ည ၁၁နာရီခြဲခန္႔တြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ရဲႏွင့္စစ္ေကာင္စီတပ္သားမ်ားထိခိုက္နိုင္သည္ဟု ဆိုသည္။
“အတိအက် မသိရေသးေပမယ့္။ေသခ်ာတာတစ္ခုကေတာ့ စခန္းတစ္ခုလုံး တုန္လႈပ္ေျခာက္ျခားသြားတာပါပဲ”ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
ဘန္ကာမ်ားကို ေပ ၂၀ ခန္႔ျပဳလုပ္ထားသည့္ ယင္းစခန္းရွိ ရဲႏွင့္စစ္သားမ်ားသည္ပစ္ခတ္တိုက္ခိုက္စဥ္ ေခါင္းပင္ မေဖာ္ရဲေၾကာင္း စစ္ဆင္ေရးပါဝင္သူတစ္ဦးက အတည္ျပဳသည္။
ယခုတိုက္ခိုက္မႈမတိုင္မီ ယခုခ ၁၄ ရက္က “နန္းထိုက္ေအာင္စစ္ဆင္ ေရး”စစ္ေရးပစ္မွတ္အျဖစ္ ရန္ကုန္ၿမိဳ မဂၤလာဒုံၿမိဳနယ္ရွိ အမွတ္(၈၂) တပ္ရင္းကို တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲဝင္ ငါးဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္းအဆိုပါ မစ္ရွင္ဦးေဆာင္သည့္ စစ္ေရးတာဝန္ခံက People’s Spring သို အတည္ျပဳထားသည္။
ထို႔အျပင္ ဒဏ္ရာရရွိသူမ်ားအနက္ အခ်ိဳမွာ ေသဆုံးနိုင္ေခ်ရွိေၾကာင္းလည္း ၎က ဆိုသည္။
ထို႔အျပင္ ေမလ၁၃ရက္ ညေနပိုင္းကလည္း ရန္ကုန္ၿမိဳ႕ ျပည္လမ္းႏွင့္အင္းယားလမ္းေထာင့္ရွိ ရဲကင္းအား “နန္းထိုက္ေအာင္စစ္ဆင္ေရး “အျဖစ္ ပစ္ခတ္ရွင္းလင္းခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ႏွစ္ဦးေသဆုံးခဲ့သည္။
“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”စတင္ၿပီး တစ္လအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီေထာက္တိုင္ စုစုေပါင္း ၅၅ဦးကို သုတ္သင္ရွင္းလင္းထားၿပီး ၆၀ေက်ာ္ဒဏ္ရာရရွိခဲ့ေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ တာဝန္ရွိသူက People’s Springသို႔ ေမလ၈ရက္က ေျပာထားသည္။
ယခုႏွစ္ ဧၿပီ၈ရက္က စတင္ခဲ့ေသာ “နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”သည္ ေမလ၈ ရက္က တစ္လျပည့္ေျမာက္ခဲ့ျခင္းျဖစ္သည္။