Local News

KTV မွာ ရဲေပ်ာက္သြားတဲ့ ေသနတ္ကိစၥ စြတ္စြဲခံရတဲ့ဝိတ္တာ စစ္ေဆးေနစဥ္ ေသဆုံးဟု

ျပည္က KTV မွာ ရဲေပ်ာက္သြားတဲ့ ေသနတ္ကိစၥ စြတ္စြဲခံရတဲ့ဝိတ္တာ စစ္ေဆးေနစဥ္ ေသဆုံးဟုဆို

ျပည္၊ ေမ ၂၀၊ ၂၀၂၂။

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ မနက္အေစာပိုင္းက KTV တခုမွာ ဒုရဲအုပ္တဦးရဲ႕ ေျခာက္လုံးျပဴး ေသနတ္နဲ႔အတူ ဖုန္းနဲ႔ပိုက္ဆံေတြပါ ေပ်ာက္ဆုံးမႈ သံသယရွိသူကို ဖမ္းမိခဲ့ၿပီး စစ္ေဆးေနစဥ္မွာပဲ ေသဆုံးသြားၿပီျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေသနတ္နဲ႔ ပစၥည္းေတြခိုးတယ္လို႔ သံသယနဲ႔ ဖမ္းဆီးခံရၿပီး စစ္ေဆးေနစဥ္ ေသဆုံးသြားသူဟာ Spider KTV က ဝန္ထမ္းတဦးျဖစ္ၿပီး ဧရာဝတီတိုင္း ေရၾကည္-အသုတ္ေဒသ ဇာတိျဖစ္တယ္လို႔ သိရပါတယ္။

“Spider KTV က ေသနတ္ခိုးတဲ့ Waiter ေလးကို မေန႔က (ေမ ၁၈) မိသြားၿပီး၊ အမွတ္ ၂ ရဲစခန္းမွာ ႏွိပ္စက္ခံရလို႔ ဒီေန႔(ေမ၁၉) ေသသြားၿပီ၊ နာမည္က ေဝယံစိုး ေတာ္ေတာ္ငယ္သးတယ္၊ ေသနတ္က ရွာမေတြ႕ေသး။ ေသနတ္ဘယ္မွာထားလဲစစ္ရင္း လက္လြန္သြားတာ” လို႔ သတင္းအရင္းျမစ္တဦးက ဆိုပါတယ္။

ဧရာဝတီတိုင္း ငသိုင္းေခ်ာင္းၿမိဳ႕နယ္မွာ ဖမ္းမိတာျဖစ္ၿပီး ရဲေတြကေတာ့ ေႁမြကိုက္ခံရလို႔ ေသတယ္ဆိုၿပီး ေျပာ‌ဆိုေနၾကတယ္လို႔ ေဒသခံတဦးဆီက သိရပါတယ္။

လက္ရွိအခ်ိန္အထိ ေပ်ာက္ဆုံးသြားတဲ့ ေျခာက္လုံးျပဴးနဲ႔ ‌က်ည္ ၆ ေတာင့္ကို ရွာမေတြ႕ေသးသလို ဒုရဲအုပ္ေအာင္မြန္ဟိန္းကလည္း အခ်ဳပ္က်ေနတယ္လို႔သိရၿပီး KTV ဝန္ထမ္းဘာေၾကာင့္ ေသဆုံးတယ္ ဆိုတာနဲ႔ ဒုရဲအုပ္ရဲ႕ဖုန္းကို အဲ့ဒီဝန္ထမ္းဆီက ျပန္ရတယ္ဆိုတဲ့ အေၾကာင္းကို အတည္ျပဳစုံစမ္းေနဆဲ ျဖစ္ပါတယ္။

#ေျမလတ္အသံ

ပြည်က KTV မှာ ရဲပျောက်သွားတဲ့ သေနတ်ကိစ္စ စွတ်စွဲခံရတဲ့ဝိတ်တာ စစ်ဆေးနေစဉ် သေဆုံးဟုဆို

ပြည်၊ မေ ၂၀၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနက်အစောပိုင်းက KTV တခုမှာ ဒုရဲအုပ်တဦးရဲ့ ခြောက်လုံးပြူး သေနတ်နဲ့အတူ ဖုန်းနဲ့ပိုက်ဆံတွေပါ ပျောက်ဆုံးမှု သံသယရှိသူကို ဖမ်းမိခဲ့ပြီး စစ်ဆေးနေစဉ်မှာပဲ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်နဲ့ ပစ္စည်းတွေခိုးတယ်လို့ သံသယနဲ့ ဖမ်းဆီးခံရပြီး စစ်ဆေးနေစဉ် သေဆုံးသွားသူဟာ Spider KTV က ဝန်ထမ်းတဦးဖြစ်ပြီး ဧရာဝတီတိုင်း ရေကြည်-အသုတ်ဒေသ ဇာတိဖြစ်တယ်လို့ သိရပါတယ်။

“Spider KTV က သေနတ်ခိုးတဲ့ Waiter လေးကို မနေ့က (မေ ၁၈) မိသွားပြီး၊ အမှတ် ၂ ရဲစခန်းမှာ နှိပ်စက်ခံရလို့ ဒီနေ့(မေ၁၉) သေသွားပြီ၊ နာမည်က ဝေယံစိုး တော်တော်ငယ်သးတယ်၊ သေနတ်က ရှာမတွေ့သေး။ သေနတ်ဘယ်မှာထားလဲစစ်ရင်း လက်လွန်သွားတာ” လို့ သတင်းအရင်းမြစ်တဦးက ဆိုပါတယ်။

ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်မှာ ဖမ်းမိတာဖြစ်ပြီး ရဲတွေကတော့ မြွေကိုက်ခံရလို့ သေတယ်ဆိုပြီး ပြော‌ဆိုနေကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသွားတဲ့ ခြောက်လုံးပြူးနဲ့ ‌ကျည် ၆ တောင့်ကို ရှာမတွေ့သေးသလို ဒုရဲအုပ်အောင်မွန်ဟိန်းကလည်း အချုပ်ကျနေတယ်လို့သိရပြီး KTV ဝန်ထမ်းဘာကြောင့် သေဆုံးတယ် ဆိုတာနဲ့ ဒုရဲအုပ်ရဲ့ဖုန်းကို အဲ့ဒီဝန်ထမ်းဆီက ပြန်ရတယ်ဆိုတဲ့ အကြောင်းကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

#မြေလတ်အသံ