Local News

ဗိုလ္ အပါအဝင္ စကစ (၁၀)ဦးထက္မနည္း

ဗိုလ္ အပါအဝင္ စကစ (၁၀)ဦးထက္မနည္း ေသတဲ့ အရာေတာ္နယ္ ထန္းေတာကုန္းတိုက္ပြဲ၊

MFP ၊ ေမ -၂၁

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္ ေျမာက္ပိုင္း ထန္းေတာကုန္း႐ြာထဲ ဝင္ေမႊလုယက္ေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုကို ေမ(၁၇)ရက္မွာ ေဒသကာကြယ္ေရး (၄)ၿမိဳ႕နယ္ တပ္ေပါင္းစုေတြက တိုက္ခိုက္ခဲ့ၿပီး ဗိုလ္အဆင့္ အပါအဝင္ စကစ (၁၀)ဦးထက္မနည္း ေသတယ္လို႔ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက သတင္း ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ ေမ(၁၇)ရက္က ထန္းေတာကုန္း႐ြာထဲ ဝင္ေမႊေနတဲ့ စစ္အုပ္စုကို အရာေတာ္၊ ေ႐ႊဘို၊ ဝက္လက္ႏွင့္ ဒီပဲယင္းၿမိဳ႕နယ္ေတြက ေဒသကာကြယ္ေရး တပ္ဖြဲပေတြ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“ထန္းေတာကုန္းေက်း႐ြာရွိ တစ္ထပ္တိုက္ အေဆာက္အဦးႏွင့္ သုံးထပ္ အေဆာက္အဦးတို႔တြင္ ယာယီ တပ္စြဲထားေသာ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေမလ(၁၇)ရက္ နံနက္ခင္း (၅)နာရီခြဲခန႔္မွ စတင္၍ တိုက္ခိုက္ခဲ့ၿပီး

ညေနခင္းအခ်ိန္ထိ တိုက္ပြဲျပင္းထန္ခဲ့ကာ ဖက္ဆစ္စစ္တပ္ဘက္မွ ဗိုလ္အပါအဝင္ (၁၀)ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ကာကြယ္ေရး အဖြဲ႕ဝင္မ်ားဘက္မွ ရဲေဘာ္(၄)ဦးတို႔ အနည္းငယ္ ဒဏ္ရာရရွိခဲ့ၾကသည္” လို႔ ပါဝင္တိုက္ခိုက္ခဲ့တဲ့ အေနာက္ေျမာက္လြင္ျပင္ ေတာ္လွန္ေရးအင္အားစု တပ္ဖြဲ႕က ေဖာ္ျပပါတယ္။

ထန္ေတာကုန္း႐ြာ တိုက္ပြဲမွာ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ တာေတြလည္း ႏိုင္ခဲ့ေသာေၾကာင့္ စစ္သားအမ်ားအျပား ဒဏ္ရာျပင္းထန္ခဲ့သည္။လုပ္ေဆာင္ခဲ့ၿပီး စစ္အုပ္စု အထိနာက အေလာင္းနဲ႔ ဒဏ္ရာရသူေတြကို ေနာင္ႀကီးအိုင္႐ြာ ရဲစခန္းဘက္ သယ္သြားၿပီး အေလာင္းေတြကို ေန႔ခ်င္းသၿဂႋဳဟ္ခဲ့သလို တခ်ိဳ႕ကိုေတာ့ ေနာင္ႀကီးအိုင္ကတဆင့္ သံခ်ပ္ကာကားႏွစ္စီးနဲ႔ အရာေတာ္ၿမိဳ႕ေပၚကို သယ္ယူခဲ့ရတယ္လို႔ အရာေတာ္ၿမိဳ႕နယ္ သတင္းမွန္ ျပန္ၾကားေရးက ေဖာ္ျပပါတယ္။

စစ္အုပ္စုဟာ အရာေတာ္နယ္ကို ၿပီးခဲ့သည့္ႏွစ္ထဲက အင္တာနက္ ျဖတ္ေတာက္ထားၿပီး ႐ြာစဥ္ပတ္‌ေမႊကာ ျပည္သူပိုင္ပစၥည္းေတြကို ခိုးယူလုယက္တာ၊ ေနအိမ္ေတြကို မီးရႈိ႕တာ၊ အပစ္မဲ့ ျပည္သူေတြကို အေသခံ လူသားဒိုင္း အသုံးျပဳတာ၊ ဖမ္းဆီးေငြညႇစ္ ႐ိုက္ႏွက္ သတ္ျဖတ္တာေတြ က်ဴးလြန္ေနတာ ျဖစ္ပါတယ္။

အရာေတာ္ၿမိဳ႕နယ္ ထန္းေတာကုန္း႐ြာ တိုက္ပြဲ/Video – အေနာက္ေျမာက္လြင္ျပင္ ေတာ္လွန္ေရးအင္အားစု

ဗိုလ် အပါအဝင် စကစ (၁၀)ဦးထက်မနည်း သေတဲ့ အရာတော်နယ် ထန်းတောကုန်းတိုက်ပွဲ၊

MFP ၊ မေ -၂၁

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြောက်ပိုင်း ထန်းတောကုန်းရွာထဲ ဝင်မွှေလုယက်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မေ(၁၇)ရက်မှာ ဒေသကာကွယ်ရေး (၄)မြို့နယ် တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ပြီး ဗိုလ်အဆင့် အပါအဝင် စကစ (၁၀)ဦးထက်မနည်း သေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ(၁၇)ရက်က ထန်းတောကုန်းရွာထဲ ဝင်မွှေနေတဲ့ စစ်အုပ်စုကို အရာတော်၊ ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်တွေက ဒေသကာကွယ်ရေး တပ်ဖွဲပတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ထန်းတောကုန်းကျေးရွာရှိ တစ်ထပ်တိုက် အဆောက်အဦးနှင့် သုံးထပ် အဆောက်အဦးတို့တွင် ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေလ(၁၇)ရက် နံနက်ခင်း (၅)နာရီခွဲခန့်မှ စတင်၍ တိုက်ခိုက်ခဲ့ပြီး

ညနေခင်းအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ဖက်ဆစ်စစ်တပ်ဘက်မှ ဗိုလ်အပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ကာကွယ်ရေး အဖွဲ့ဝင်များဘက်မှ ရဲဘော်(၄)ဦးတို့ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြသည်” လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု တပ်ဖွဲ့က ဖော်ပြပါတယ်။

ထန်တောကုန်းရွာ တိုက်ပွဲမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် တာတွေလည်း နိုင်ခဲ့သောကြောင့် စစ်သားအများအပြား ဒဏ်ရာပြင်းထန်ခဲ့သည်။လုပ်ဆောင်ခဲ့ပြီး စစ်အုပ်စု အထိနာက အလောင်းနဲ့ ဒဏ်ရာရသူတွေကို နောင်ကြီးအိုင်ရွာ ရဲစခန်းဘက် သယ်သွားပြီး အလောင်းတွေကို နေ့ချင်းသင်္ဂြိုဟ်ခဲ့သလို တချို့ကိုတော့ နောင်ကြီးအိုင်ကတဆင့် သံချပ်ကာကားနှစ်စီးနဲ့ အရာတော်မြို့ပေါ်ကို သယ်ယူခဲ့ရတယ်လို့ အရာတော်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အရာတော်နယ်ကို ပြီးခဲ့သည့်နှစ်ထဲက အင်တာနက် ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်‌မွှေကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ အပစ်မဲ့ ပြည်သူတွေကို အသေခံ လူသားဒိုင်း အသုံးပြုတာ၊ ဖမ်းဆီးငွေညှစ် ရိုက်နှက် သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

အရာတော်မြို့နယ် ထန်းတောကုန်းရွာ တိုက်ပွဲ/Video – အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု