စစ္ကိုင္းတိုင္းကို စကစ မႏိုင္တာလဲမေျပာနဲ႔ မိန္းခေလးေတြကအစ ေတာ္လွန္းေရးစိတ္ဓာတ္က ေလးစားစရာ
စစ္ကိုင္းတိုင္းက အခ်ိဳ႕မိန္းမေတြဟာ ရွိတဲ့နားကပ္ ခြၽတ္ေပးၿပီး ေယာက္်ားအတြက္ လက္နက္ဝယ္ေပးတာေတြ ေကာက္ပဲသီးႏွံေရာင္းခ်ၿပီး ေဖာက္ခြဲေရးပစၥည္းဝယ္တာေတြ အိမ္က ႏြားတစ္ရွဥ္းေရာင္းၿပီး မိုင္းဝယ္တာေတြ ဆိုတာက ၾကားေကာင္းေအာင္ ေျပာျပၾကတဲ့ ပါးစပ္စကားေတြ မဟုတ္ပါဘူး ။
တကယ္ျဖစ္ရပ္မွန္ေတြပါ ။
အညာေဒသကို ေရာက္ဖူးၾကလား ခင္ဗ်အညာေဒသမွာ ေယာက္်ားဖိနပ္၊ မိန္းမ နားကပ္ ဆိုတဲ့ စကားပုံတစ္ခုရွိပါတယ္။
အမ်ားေသာအားျဖင့္ ေျခဗလာနဲ႔ ေနၾကေလ့ရွိတဲ့ ေတာသူေတာင္သား လယ္သမားႀကီးမ်ားဟာ အလႉပြဲ မဂၤလာပြဲ အစရွိတဲ့ ေနရာေတြသြားတဲ့အခါ သူ႔မွာရွိတဲ့ အေကာင္းဆုံးဆိုတဲ့ ဖိနပ္ကိုစီးၿပီး သြားၾကေလ့ရွိပါတယ္။
ထို႔အတူပါပဲအမ်ိဳးသမီးမ်ားဟာလည္း ငယ္စဥ္ကတည္းက နားေဖာက္ထားၾကေလ့ရွိၿပီး နားကပ္မဝယ္ႏိုင္ခင္ ငယ္ဘဝမွာ အဲဒီနားေပါက္ကို ပိတ္မသြားေအာင္ အပ္ခ်ည္ႀကိဳးနဲ႔ ကြင္းလုပ္ တြယ္ထားတတ္ၾကပါတယ္။ အမ်ိဳးသမီးတစ္ဦးမွာ နားေပါက္ေဟာင္းေလာင္းနဲ႔ မထားအပ္၊ နားကပ္ဝတ္ထားမွ တင့္တယ္တယ္ ဆိုတဲ့ အယူအဆမ်ိဳးရွိၾကပါတယ္။
အဲဒီလို နားကပ္တစ္ခု ပန္ဖို႔အတြက္လည္း လယ္ထဲကိုင္းထဲမွာ ေကာက္စိုက္ အမႈိက္ႏႈတ္ရင္း မူးစုမတ္စု စုတတ္ၾကပါတယ္။
ဒါေၾကာင့္လည္း သူတို႔ဟာ သူတို႔ နားကပ္ကို အင္မတန္ ျမတ္ႏိုးတန္ဖိုးထားၾကပါတယ္။ ဝမ္းစာအတြက္ေတာင္ နားကပ္ကို ေရာင္းတယ္ ဆိုတာမ်ိဳး မရွိသေလာက္ ရွားပါတယ္။
အခုေတာ့ အညာေဒသအမ်ိဳးသမီး ႏွစ္ဦးဟာ ေတာ္လွန္ေရး ေအာင္ႏိုင္ေရး ရံပုံေငြအတြက္ဆိုၿပီး သူတို႔ အႏွစ္ႏွစ္အလလ လယ္ထဲကိုင္းထဲ ေကာက္စိုက္ အမႈိက္ႏႈတ္ၿပီး စုေဆာင္းထားတဲ့ ေငြေၾကးနဲ႔ ဝယ္ထားတဲ့ နားကပ္ ၂ ရံကို ျဖဳတ္ၿပီး ထည့္ဝင္လိုက္ၾကပါတယ္။
ဒီလို စိတ္ဓာတ္မ်ိဳးေတြနဲ႔တိုက္ပြဲဝင္ေနတဲ့ အညာေဒသ၏ လူထုလူတန္းစား လယ္သမားေတာ္လွန္ေရး ေအာင္ျမင္ႏိုင္ရန္ က်ေနာ္တို႔ Justice Warriors Myanmar အဖြဲ႕သားမ်ားကလည္း အစြမ္းကူ ပါဝင္သြားမည္ဟု ကတိျပဳပါလိုက္ပါတယ္ခင္ဗ်ာ။
JusticeWarriorsMyanmar
Jerry M
Crd
လႈဒါဏ္းေပးသူမ်ားကိုေလးစားလို႔မွ်ေဝေပးလိုက္ပါတယ္
စစ်ကိုင်းတိုင်းကို စကစ မနိုင်တာလဲမပြောနဲ့ မိန်းခလေးတွေကအစ တော်လှန်းရေးစိတ်ဓာတ်က လေးစားစရာ
စစ်ကိုင်းတိုင်းက အချို့မိန်းမတွေဟာ ရှိတဲ့နားကပ် ချွတ်ပေးပြီး ယောက်ျားအတွက် လက်နက်ဝယ်ပေးတာတွေ ကောက်ပဲသီးနှံရောင်းချပြီး ဖောက်ခွဲရေးပစ္စည်းဝယ်တာတွေ အိမ်က နွားတစ်ရှဉ်းရောင်းပြီး မိုင်းဝယ်တာတွေ ဆိုတာက ကြားကောင်းအောင် ပြောပြကြတဲ့ ပါးစပ်စကားတွေ မဟုတ်ပါဘူး ။
တကယ်ဖြစ်ရပ်မှန်တွေပါ ။
အညာဒေသကို ရောက်ဖူးကြလား ခင်ဗျအညာဒေသမှာ ယောက်ျားဖိနပ်၊ မိန်းမ နားကပ် ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။
အများသောအားဖြင့် ခြေဗလာနဲ့ နေကြလေ့ရှိတဲ့ တောသူတောင်သား လယ်သမားကြီးများဟာ အလှူပွဲ မင်္ဂလာပွဲ အစရှိတဲ့ နေရာတွေသွားတဲ့အခါ သူ့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ ဖိနပ်ကိုစီးပြီး သွားကြလေ့ရှိပါတယ်။
ထို့အတူပါပဲအမျိုးသမီးများဟာလည်း ငယ်စဉ်ကတည်းက နားဖောက်ထားကြလေ့ရှိပြီး နားကပ်မဝယ်နိုင်ခင် ငယ်ဘဝမှာ အဲဒီနားပေါက်ကို ပိတ်မသွားအောင် အပ်ချည်ကြိုးနဲ့ ကွင်းလုပ် တွယ်ထားတတ်ကြပါတယ်။ အမျိုးသမီးတစ်ဦးမှာ နားပေါက်ဟောင်းလောင်းနဲ့ မထားအပ်၊ နားကပ်ဝတ်ထားမှ တင့်တယ်တယ် ဆိုတဲ့ အယူအဆမျိုးရှိကြပါတယ်။
အဲဒီလို နားကပ်တစ်ခု ပန်ဖို့အတွက်လည်း လယ်ထဲကိုင်းထဲမှာ ကောက်စိုက် အမှိုက်နှုတ်ရင်း မူးစုမတ်စု စုတတ်ကြပါတယ်။
ဒါကြောင့်လည်း သူတို့ဟာ သူတို့ နားကပ်ကို အင်မတန် မြတ်နိုးတန်ဖိုးထားကြပါတယ်။ ဝမ်းစာအတွက်တောင် နားကပ်ကို ရောင်းတယ် ဆိုတာမျိုး မရှိသလောက် ရှားပါတယ်။
အခုတော့ အညာဒေသအမျိုးသမီး နှစ်ဦးဟာ တော်လှန်ရေး အောင်နိုင်ရေး ရံပုံငွေအတွက်ဆိုပြီး သူတို့ အနှစ်နှစ်အလလ လယ်ထဲကိုင်းထဲ ကောက်စိုက် အမှိုက်နှုတ်ပြီး စုဆောင်းထားတဲ့ ငွေကြေးနဲ့ ဝယ်ထားတဲ့ နားကပ် ၂ ရံကို ဖြုတ်ပြီး ထည့်ဝင်လိုက်ကြပါတယ်။
ဒီလို စိတ်ဓာတ်မျိုးတွေနဲ့တိုက်ပွဲဝင်နေတဲ့ အညာဒေသ၏ လူထုလူတန်းစား လယ်သမားတော်လှန်ရေး အောင်မြင်နိုင်ရန် ကျနော်တို့ Justice Warriors Myanmar အဖွဲ့သားများကလည်း အစွမ်းကူ ပါဝင်သွားမည်ဟု ကတိပြုပါလိုက်ပါတယ်ခင်ဗျာ။
JusticeWarriorsMyanmar
Jerry M
Crd
လှုဒါဏ်းပေးသူများကိုလေးစားလို့မျှဝေပေးလိုက်ပါတယ်