Local News
ဗုဒ္ဓဟူး၊ ရာဟုသားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောကိန်း
#အလုပ်စီးပွားကံ
#လူမှုရေး
#အချစ်ရေး မေတ္တာရေး
#အိမ်ထောင်ရေး
#ကျန်းမာရေး
#ပညာရေး
#အနှစ်ချုပ်
# ယတြာ
ဒီနှစ်ဟာ ဗုဒ္ဓဟူးရာဟုသားသမီးတွေအတွက် ကောင်းသော၊ဆိုးသော ကံနှစ်ခုလုံးယှဉ်တွဲပါဝင်နေတဲ့နှစ်ပဲ ဖြစ်ပါတယ်။ မထင်မှတ်ကံကြမ္မာက အမြင့်ဆုံးရောက်သွားနိုင်သလို၊ မထင်မှတ်ဘဲနဲ့ ကျဆုံးမှုတွေကြုံရနိုင်ပါတယ်။
ငွေကံကောင်းနေတတ်သလို ငွေအိတ်ရတဲ့နှစ်မျိုးပါပဲ။ ငွေစုဆောင်းရလွယ်တယ်။ ငွေအစုလိုက်ဝင်တာမျိုးတွေရှိ တယ်။ ရပ်ဝေးက ငွေကြေးတွေရလာနိုင်တဲ့နှစ်မျိုးဖြစ်ပါတယ်။စိတ်ချမ်းသာစရာတွေများမဲ့ကာလလဲဖြစ်ပါတယ်။
အားနဲချက်က တစ်ခုခုကိုဆောင်ရွက်မယ်ကြံတိုင်း အခက်အခဲအရင်ကြုံပြီးမှအဆင်ပြေတတ်ပါတယ်။ လွယ်ကူတဲ့ ကိစ္စတွေကခက်ခဲနေတတ်ပြီး ခက်ခဲတဲ့ကိစ္စတွေကို ‘’ရအောင်လုပ်မယ် ‘’ဆိုတဲ့ စိတ်မွေးလိုက်တာနဲ့ လွယ်ကူသွား တတ်ပါတယ်။
စိတ်ဓာတ်မာကြောသူတွေသိသာစွာ အဆင်ပြေတတ်သလို ၊ဉာဏ်ကြီးသူများရေရှည်စီမံကိန်းချပြီးလုပ် တတ်သူများပိုမိုအဆင်ပြေပါလိမ့်မယ်။ ဖြစ်လာတဲ့အခြေအနေကိုကြည့်ပြီး မီးစင်ပြီးကမယ်ကွာ၊အေးအေးပဲ ဘာမှ ကြိုမတွေးဘူးဆိုတဲ့သူတွေကတော့ ဒီနှစ်အခက်အခဲများမယ်။
ဒီနှစ်က chess ကစားသလိုပဲပါပဲ။ အကွက်များစွာ ကြိုမြင်ပြီးဆောင်ရွက်သွားနိုင်ရင် မိမိတို့ရဲ့အောင်မြင်မှုလဲ လက်တစ်ကမ်းမှာပဲရှိနေပါလိမ့်မယ်။
#အလုပ်စီးပွားကံ
စီးပွားရေးနဲ့ပတ်သက်ရင်တော့ အပြောင်းအလဲများစွာကြုံရတတ်ပါတယ်။ မိမိအနေနဲ့ အပြောင်းအလဲတွေ က အခက်အခဲမကင်းတာမျိုးတော့ ကြုံရပါလိမ့်မယ်။ ဒါကြောင့်ဝန်ထမ်းများ မလိုအပ်ဘဲ အလုပ်ထွက်တာမျိုးတွေ၊ နည်းနည်းလေးမှသည်းမခံဘဲ အပြောင်းအလဲလုပ်ချင်တာမျိုးတွေရှိနေရင် စိတ်ကိုထိန်းပါ။
စိတ်ကပြောင်းလဲချင် စိတ်ကို တွန်းအားပေးပါ။ အလုပ်တစ်ခုနဲ့တစ်ခုကြား မျောက်သစ်ကိုင်းလွတ်ဖြစ်တတ်ပါတယ်။ အလုပ်တစ်ခုကို အခန့်မသင့်လို့ ထွက်လိုက်မိရင် အသစ်ပြန်ရဖို့ကြန့်ကြာနိုင်ပါတယ်။
ဘုန်းတန်ခိုးနဲ့သက်ဆိုင်သော ဂြိုဟ်တွေအား နည်းတာမို့ မိမိကိုမြင်တဲ့သူတိုင်းက ခိုင်းချင်တာမျိုး၊အပြစ်တင်တာအရင်လုပ်ပြီးမှ ချီးကျူးတတ်တာမျိုးကြောင့် တော်ရုံစိတ်နုတဲ့သူတွေကတော့ စိတ်ရှုပ်ရတတ်တယ်ပေါ့။
ဒါကြောင့်အကြံပေးလိုတာက ဝန်ထမ်းဆို မိမိလုပ်ဖော် ကိုင်ဖက်ထဲက စိတ်ချင်းသဘောချင်းတူသူတွေနဲ့ အတူတကွတွဲလုပ်ပါ။ group ဖွဲ့ပြီး အလုပ်တွေကိုဘယ်လိုလုပ်ကြ မလဲ တိုင်ပင်လုပ်ဆောင်ကြည့်ပါ။ ပိုမိုအဆင်ပြေပါလိမ့်မယ်။
ကိုယ်ပိုင်စီးပွားများကတော့ ဖြစ်နိုင်ရင်မလိုအပ်ဘဲ အပြောင်းအလဲ မလုပ်မိပါနဲ့။ အထိုင်ပျက်သွားရင် ပြန် အထိုင်ချပြီး နေရာသစ်မှာ အသားကျဖို့ အချိန်ပေးရတတ်ပါတယ်။
အလုပ်ထက်ချဲ့တာမျိုးတွေ၊ တစ်ခုခုကိုရင်းနှီးမြုပ်နှံတာမျိုးတွေ၊ လက်လီထက် လက်ကားပိုလုပ်မယ်ဟေ့ ဆိုတာမျိုးတွေကတော့ သိပ်ကောင်းပါ တယ်။ရင်းနှီးမြုပ်နှံမှုအလုပ်တွေ၊ စိတ်ချင်းသူတွေနဲ့စပ်ပြီး တစ်ခုခုကိုရင်းနှီးမြုပ်နှံတာမျိုးတွေက ဒီနှစ်အတွက်သိပ် ကောင်းပါတယ်။
#လူမှုရေး
လူမှုရေးပြဿနာတွေကတော့ ဒီနှစ်မှာ ငွေကြောင့်ပဲဖြစ်တာများတယ်ဗျ….ဒါကြောင့်ပဲ ငွေကြေးနဲ့ပတ်သက် ရင်ဘယ်သူနဲ့မှစပ်ယှက်တာမျိုးတွေမလုပ်နဲ့။ သူများကိုပိုက်ဆံသွားမချေးနဲ့ ။အချိန်ကျလို့ ပြန်တောင်းရင်မရတဲ့ အပြင်အဆဲပါခံရမဲ့နှစ်ဗျ။
တတ်နိုင်သမျှ အလကားပေးနိုင်တဲ့ငွေအမောက်လောက်ဆိုကူညီလိုက်။ တနင့်တပိုးသွား ချေးမိလို့ကတော့ ကျေးဇူးကန်းသူနဲ့တွေ့ပြီး ဒေါသတလိပ်လိပ်တက်လာလိမ့်မယ်။ သူများဆီကလဲ ငွေမချေးနဲ့။
စပ် တူလုပ်ရင်တောင် ငွေစာရင်းကို တိတိကျကျ လေးလုပ်ထားနိုင်ဖို့လိုပါတယ်။ နောက်ထပ်သတိထားရမှာက အိမ် ထောင်သည်တွေပါပဲ။ ခင်ပွန်းဘက်ကဆွေမျိုးတွေနဲ့ဖြစ်စေ၊ဇနီးဘက်ကဆွေမျိုးတွေနဲ့ဖြစ်စေ စကားများရတာမျိုး တွေဖြစ်တတ်ပါတယ်။
အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီး ဆွေမျိုးတော်ရတဲ့သူတွေနဲ့ အဆင်မပြေဖြစ်ရတတ် တာမျိုးတွေကြုံရနိုင်ပါတယ်။ နောက်ဆုံးသတိပေးလိုတာက မိမိဆီမှာရန်သူရှိနေသူတွေ
မိမိကိုအရင်ကတည်းက မနာလိုအကောက်ကြံသူတွေရှိခဲ့ရင် အထူးသတိထားပါ။ ထိုသူတွေရဲ့ အစီအစဉ်တကျ တိုက်ခိုက်မှုတွေကို အလူးအလဲခံရမဲ့နှစ်ဖြစ်နေလို့ပါပဲ။
#အချစ်ရေး မေတ္တာရေး
အချစ်ရေးကိစ္စတွေမှာတော့ အကောင်းများပါတယ်။ ချစ်သူခင်သူပေါမယ်။ အချစ်ရေးမှာအောင်သွယ်ပေးမဲ့ သူတွေ၊ကူညီမဲ့သူတွေလဲ များပါတယ်။ လူကြီးမိဘတွေတွေသဘောမတူလို့ စိတ်ညစ်နေတဲ့သူများ ဒီနှစ်မှာမိဘတွေ ကိုနားဝင်အောင်ပြောနိုင်မဲ့နှစ်လဲ ဖြစ်ပါတယ်။
ချစ်သူမရှိသေးသူများ မိမိထက်ငယ်သော၊ ကလေးဆန်သောသူမျိုးနဲ့ ချစ်ခွင့်ရတတ်သလို၊ မိမိအောက်လက်ငယ်သား မိမိလက်အောက်ဝန်ထမ်းတစ်ဦးဦးနဲ့လဲ ငြိစွန်းတတ်တဲ့ကာလပါပဲ။
ချစ်သူရှိပြီးသူများကတော့ အချစ်ရေးမှာမိမိက အရွဲ့တိုက်တာ၊ဂျစ်ကျချင်တာတွေကြောင့် အချစ်ရေးအဆင် မပြေလေးတွေဖြစ်နေရတတ်ပါတယ်။ တတ်နိုင်သမျှလိုက်ရောညီထွေနေတတ်ဖို့ လိုပါတယ်။
ကိုယ့်အနားမှာ နီးစပ် တဲ့ သူတွေရှိရင်လဲ ငြိစွန်းလွယ်တာမို့ တီတီတာတာပြောတတ်သူ၊ချွဲတတ်သူတွေကို အနားမှာမထားနဲ့ဗျ။ ကိုယ်နဲ့ညိပြီးတော့ ချစ်သူနဲ့ပြဿနာလေးတွေများရတတ်ပါတယ်။
#အိမ်ထောင်ရေး
အိမ်ထောင်ရေးမှာတော့ တစ်ခုသတိထားရမယ်ဗျ။ အရင်တုန်းက အိမ်ထောင်ဘက်ကို နိုင်စားသူတွေသတိ ထားပါ။ ငါနိုင်တယ်ဆိုပြီး အိမ်ထောင်ဘက်ကိုနှိပ်ကွက်ထားကြသူတွေသတိထားပါ။
လက်ပါပြီးရိုက်နှက်တတ်သူ တွေလဲ ဒီနှစ်မှာအိမ်ထောင်ဘက်က ဖြစ်ချင်ရာဖြစ်ပြန်လုပ်မယ်ဆိုတဲ့စိတ်တွေဖြစ်ပေါ်နေပါတယ်။
ငါကိုလက်နဲ့ရိုက် ရင် ဓားနဲ့ပြန်ခုတ်မယ်ဆိုတဲ့ စိတ်မျိုး မိမိတို့အိမ်ထောင်ဘက်က ခံယူထားပြီးတော့ဒီနှစ်မှာ အိမ်ထောင်ဘက်ကိုနှိပ် စက်တတ်သူတွေဆို ဆေးရုံလား..သင်္ချိုင်းကုန်းလားတစ်ခုခုတော့ ရောက်ရပါလိမ့်မယ်။
နောက်တစ်ချက်က အိမ်ခွဲမနေဘဲ နှစ်ဖက်မိဘဆွေမျိုးတွေဆီမှာနေကြသူတွေကတော့ တတ်နိုင်သ၍တော့ တည့်အောင်နေနိုင်ဖို့လိုပါတယ်။ ကုန်းချောတာမျိုးတွေ၊ရန်တိုက်ပေးတာမျိုးတွေ၊ အိမ်ထောင်ဘက်နဲ့ ကွဲအောင်ထိ ကြံကြတာမျိုးတွေကြုံရတာမို့ပါ။
ဒါကြောင့် အကျင့်မကောင်းတဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာနေကြသူတွေ ခွဲမနေနိုင်သေးရင်တော့ သတိထားပါ။အိမ်ထောင်ဘက်နဲ့ တစ်သားထဲဖြစ်အောင် နေနိုင်မှအဆင်ပြေပါလိမ့်မယ်။
#ကျန်းမာရေး
ဒီနှစ်မှာ ကျောက်တည်တာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ သွားကိုက်ဝေဒနာခံစားရတာမျိုးတွေကြုံရပါ လိမ့်မယ်။အသည်းမှာကျောက်တည်တာ၊ သောက်တတ်စားတတ်သူတွေ အသည်းကြီးတာမျိုးတွေဖြစ်တတ်ပါတယ် ။
ကျောက်ကပ်အားနည်းသူများဒီနှစ်သတိထားပါ။ကျောက်ကပ်ဆေးနေရသူများပိုဆိုးလာနိုင်ဖွယ်ရှိတဲ့နှစ်ဖြစ်ပါတယ် ။ခန္ဓာကိုယ်အောက်ပိုင်းအားနည်းတတ်တဲ့နှစ်မျိုး၊ ခြေထောက်၊ပေါင်၊ခါး၊ ခြေဖဝါးစတာတွေထိမိခိုက်မိဖြစ်ရတတ်ပါ တယ်။အမျိုးသမီးကြီးများ သွေးဆုံးမီးယပ်ကိုင်တာမျိုးတွေလဲ သတိထားရတတ်ပါတယ်။
#ပညာရေး
ပညာရေးကတော့ဒီနှစ်မှာ ဗုဒ္ဓဟူး၊ရာဟုသားသမီးတွေကအကောင်းဆုံးလို့ပြောရပါလိမ့်မယ်။ ပညာရေးကြိုး စားကြပါ။ လိုရာပန်းတိုင်ရောက်ပါလိမ့်မယ်။ အကြိမ်ကြိမ်ကျနေတဲ့ စာမေးပွဲဒီနှစ်မထင်မှတ်ဘဲအောင်သွားတတ်ပါ တယ်။
ကပ်ရောဂါတွေ၊နိုင်ငံရေးတွေကြောင့်ပညာရေးတစ်ပိုင်းတစဖြစ်နေသူများ ဒီနှစ်မှာအားထည့်လိုက်စေချင်ပါ တယ်။ သိသိသာသာအဆင်ပြေတိုးတတ်ပါလိမ့်မယ်။
နိုင်ငံခြားပညာတော်သင်သွားချင်တာတွေကို အားပေးပါတယ်။ အိမ်နဲ့အဝေးက ဆရာတစ်ဦးဦးဆီမှာတပည့်သွားခံတာမျိုးတွေ အထူးကောင်းပါတယ်။
#အနှစ်ချုပ်
ဒီနှစ်မှာတော့ ကောင်းတာတွေ၊ဆိုးတာတွေယှဉ်ကြည့်မယ်ဆိုရင် အကောင်းများပါတယ်။ အလုပ်စီးပွားကံ တွေကောင်းကြသလို ဝန်ထမ်းတွေလဲ ကျရာတာဝန်ကို တာဝန်ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့် ရာထူးအဆင့်တိုးခြင်း ကံတွေဖြစ်လာတတ်ပါတယ်။
ကိုယ်ပိုင်စီးပွားများ နယ်ပယ်သစ်ချဲ့ထွင်နိုင်သော၊ လုပ်ငန်းအရှိန်မြှင့်နိုင်သော၊ ပိုပြီး အင်အားကြီးဖို့ ရှယ်ယာခေါ်ပြီး ရင်းနှီးမြုပ်နှံခြင်းများ ဆောင်ရွက်လို့ကောင်းပါတယ်။ နီးနီးနားနားထက်ရပ်ဝေးက အလုပ်တွေအထူးကောင်းနေ၊အကျိုးပေးနေတတ်ပါတယ်။
နိုင်ငံခြားမှာလုပ်နေကြတဲ့ အဝေးရောက်ဗုဒ္ဓဟူး၊ရာဟုသားတွေအနေနဲ့ လုပ်ငန်းရှင်နိုင်ငံခြားသားနဲ့စကားများ တာမျိုးတွေ၊မိမိအပေါ်အညှိုးထားတာမျိုးတွေကြုံတတ်တာမို့ ဒီအချက်လေးတော့ သတိထားပါ။
ကုမ္ပဏီလုပ်ငန်း ရှင်များ ဝန်ထမ်းတွေထဲက ချီးမြှောက်သင့်သူကိုချီးမြှောက်ပါ။နေရာပေးပါ။ ထိုဝန်ထမ်းတွေရဲ့ သစ္စာရှိရှိကြိုးစားမှု တွေကြောင့် မိမိလုပ်ငန်းလဲ တိုးတတ်လာပါလိမ့်မယ်။ ဝန်ထမ်းကောင်းတွေကို သေချာနေရာချတတ်ဖို့လိုပါတယ်။ လိုအပ်ရင် HR ရဲ့အကူအညီယူပါ။
ဒီနှစ်မှာ သတိထားရမှာကတော့ လူမှုရေး၊အိမ်တွင်းရေး အိမ်ထောင်ရေးတွေပါပဲ။ မိသားစုတွေထဲမှာ စုန်းပြူး တစ်ယောက်လောက်ပါလာတတ်ပါတယ်။ ထိုစုန်းပြူးတွေ..ဆင်ခြင်တုံတရားမဲ့သူတွေကို အကြောင်းပြုပြီးအိမ်တွင်း ရေးအပူတွေကြုံရတတ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။
# ယတြာ
ဒီနှစ်ဟာ အရွတ်အဖတ်အနေနဲ့ မေတ္တာသုတ်ရွတ်တာမျိုး၊ မေတ္တာပွားတာမျိုးသာအကောင်းဆုံးယတြာပါ။
အချိုရည်၊အအေး၊ဖျော်ရည်၊ရေသန့်စတာတွေကို အဆင်ပြေမဲ့နေရာတွေမှာ အဆင်ပြေသလိုလှူပေးလိုက်ပါ။
တတ်နိုင်သူများကတော့ လိုအပ်တဲ့နေရာတွေမှာ စက်ရေတွင်းတူးပေးတာမျိုး၊ရေကန်၊အုတ်ကန်၊over Head Tank တည်ဆောက်လှူဒါန်းတာမျိုးတွေအထူးဆောင်ရွက်ခြင်းဖြင့် ဒီနှစ်ကံကောင်းခြင်းတွေပေါ်လာနိုင်ပါကြောင်း တင်ပြ လိုက်ရပါတယ်။
ဗုဒ္ဓဟူး၊ရာဟုသားသမီးအပေါင်း သူတော်ကောင်းတို့ နှစ်သစ်မှစ၍ ရန်သူမျိုးငါးပါးဘေးမှကင်းဝေးကြပါစေ Crd- ဆရာ ငြိမ်းအေးလူ 09775555695