Local News

ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းဆီးဂိမ္းသမိုင္းတေလွ်ာက္ဆုမဲ့သမိုင္းသစ္ဝင္

ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းဆီးဂိမ္းသမိုင္းတေလွ်ာက္ဆုမဲ့သမိုင္းသစ္ဝင္

ရန္ကုန္၊ ေမ ၂၁ ….လူငယ့္ေခတ္

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းမွာယေန႔က်င္းပသည့္(၃၁)ႀကိမ္ေျမာက္ဆီးဂိမ္တတိယေနရာလုပြဲတြင္ ဖိလစ္ပိုင္အမ်ိဳးသမီးအသင္းကို ႏွစ္ဂိုးတစ္ဂိုးျဖင့္ရႈံးနိမ့္ကာဆီးဂိမ္းသမိုင္းတေလွ်ာက္ဆုမရသည့္ၿပိဳင္ပြဲအ​ျဖစ္သမိုင္းဝင္ခဲ့သည္။ျမန္မာအမ်ိဳးသမီးအသင္းတြင္ ေမဇင္ႏြယ္ (ဂိုး)၊ ခ်စ္ခ်စ္၊ ခင္သန္းေဝ၊ ျဖဴျဖဴဝင္း၊ ဝင္းသႋဂႌထြန္း၊ သင္းသင္းယု၊ ခင္မာလာထြန္း (အသင္းေခါင္းေဆာင္)၊ ျမတ္ႏိုးခင္၊ ခိုင္သဇင္၊ ေနာ္ထက္ထက္ေဝႏွင့္ ဂ်ဴလိုင္ေက်ာ္တို႔ ပါဝင္ကစားခဲ့ၾကသည္။

ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းမွာ အုပ္စုအတြင္းထိုင္း၊လာအို၊စင္ကာပူအသင္းတို႔ႏွင့္က်ေရာက္ခဲ့ကာလာအိုအသင္းကို သုံးဂိုး- ဂိုးမရွိ၊ထိုင္းအသင္းႏွင့္တစ္ဂိုးစီသေရက်ကာအုပ္စုေနာက္ဆုံးပြဲ၌စင္ကာပူအသင္းႏွင့္အသည္း သန္ကစားကာေနာက္ ေနာက္က်တစ္လုံးတည္းေသာဂိုးျဖင့္အႏိုင္ရၿပီး အုပ္စုဒုတိယအျဖစ္အႀကိဳဗိုလ္လုပြဲတက္ခဲ့သည္။

အႀကိဳဗိုလ္လုပြဲသို႔ခက္ခက္ခဲခဲတက္ေရာက္ခဲ့သည့္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းအား စစ္ေကာင္စီကေဒၚလာတစ္သိန္းဆုခ်ခဲ့သည္။အႀကိဳဗိုလ္လုပြဲ၌ အိမ္ရွင္ဗီယက္နမ္အမ်ိဳးသမီးအသင္းႏွင့္ေတြ႕ခဲ့ၿပီး အစဥ္လာမပ်က္ တစ္ဂိုး၊ဂိုးမရွိျဖင့္ရႈံးကာတတိယလုပြဲအဆင့္ေရာက္ရွိသြားခဲ့သည္။တတိယေနရာလုပြဲကို ေမ ၂၁ရက္ကျပဳလုပ္ခဲ့ၿပီးျမန္မာအမ်ိဳးသမီးအသင္းက ပယ္နယ္လ္ တီျဖင့္ဦးေဆာင္ဂိုးရရွိခဲ့ၿပီးဖိလစ္ပိုင္အမ်ိဳးသမီးအသင္းကေျခပဂိုးႏွင့္အႏိုင္ ဂိုးသြင္းကာတတိယဆုရယူသြားခဲ့သည္။

ထိုသို႔တတိယဆုရရွိျခင္းမွာဖိလစ္ပိုင္အမ်ိဳးသမီးအသင္းအတြက္သမိုင္းတေလွ်ာက္ဆီးဂိမ္းပြဲကာလာဝင္(ဆု)ရရွိမႈျဖစ္သည္။ျမန္မာအမ်ိဳးသမီးအသင္းအတြက္မွာလည္း ၁၉၉၅ ခုႏွစ္ကစ၍အသင္းဖြဲ႕ၿပီးဆီးဂိမ္းၿပိဳင္ပြဲတေလွ်ာက္ဆုလက္မဲ့အျဖစ္ပထမဆုံးႀကဳံေတြ႕ရျခင္းလည္းျဖစ္သည္။

အေရွ႕ေတာင္အာရွႏိုင္ငံအမ်ိဳးသမီးအသင္းမ်ားတြင္ ထိုင္း၊ဗီယက္နမ္၊ျမန္မာသုံးသင္းသာအဓိကၿပိဳင္ဖက္အျဖစ္ဆယ္စုႏွစ္ေက်ာ္ရပ္တည္လာခဲ့သည္။ျမန္မာအမ်ိဳးသမီးအသင္းမွာဆီးဂိမ္းၿပိဳင္ပြဲတေလွ်ာက္ေ႐ႊတံဆိပ္ဆုမရဖူးေသာ္လည္းေငြ သို႔မဟုတ္ ေၾကးဆုတစ္ဆုကအၿမဲေသခ်ာခဲ့သည္။က်န္ႏိုင္ငံအသင္းမ်ားမွာအိမ္ျဖည့္သာသာရွိခဲ့ၿပီးေနာက္ဆုံးပိတ္တြင္ယင္းသုံးသင္းသာဆုအေျပာင္းအလဲရယူေနခဲ့သည္။

ဆီးဂိမ္းသမိုင္းတေလွ်ာက္ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းအေနျဖင့္တတိယဆုေျခာက္ ႀကိမ္၊ဒုတိယဆုသုံးႀကိမ္ရရွိခဲ့သည္။ယခုႏွစ္တြင္လည္း အနည္းဆုံးေငြ(သို႔မဟုတ္) ေၾကးရမည္ဟုအမ်ားကခန္႔မွန္းခဲ့ၾကကာ အႀကိဳဗိုလ္လုပြဲ (အၿမဲတက္ေနၾက) တက္သည္ကို စစ္ေကာင္စီက ဂုဏ္ယူဟန္ျပ၍ ခ်ီးျမႇင့္ေျမႇာက္စားခဲ့သည္။

ထိုေျမႇာက္စားမႈ၏ေနာက္တြင္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းမွာသမိုင္းတေလွ်ာက္ရယူထားေသာေနရာလႊဲေျပာင္းလိုက္ရၿပီျဖစ္သည္။

Lungekhit

မြန်မာအမျိုးသမီးဘောလုံးအသင်းဆီးဂိမ်းသမိုင်းတလျှောက်ဆုမဲ့သမိုင်းသစ်ဝင်

ရန်ကုန်၊ မေ ၂၁ ….လူငယ့်ခေတ်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာယနေ့ကျင်းပသည့်(၃၁)ကြိမ်မြောက်ဆီးဂိမ်တတိယနေရာလုပွဲတွင် ဖိလစ်ပိုင်အမျိုးသမီးအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့်ရှုံးနိမ့်ကာဆီးဂိမ်းသမိုင်းတလျှောက်ဆုမရသည့်ပြိုင်ပွဲအဖြစ်သမိုင်းဝင်ခဲ့သည်။မြန်မာအမျိုးသမီးအသင်းတွင် မေဇင်နွယ် (ဂိုး)၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ ဝင်းင်္သိင်္ဂီထွန်း၊ သင်းသင်းယု၊ ခင်မာလာထွန်း (အသင်းခေါင်းဆောင်)၊ မြတ်နိုးခင်၊ ခိုင်သဇင်၊ နော်ထက်ထက်ဝေနှင့် ဂျူလိုင်ကျော်တို့ ပါဝင်ကစားခဲ့ကြသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ အုပ်စုအတွင်းထိုင်း၊လာအို၊စင်ကာပူအသင်းတို့နှင့်ကျရောက်ခဲ့ကာလာအိုအသင်းကို သုံးဂိုး- ဂိုးမရှိ၊ထိုင်းအသင်းနှင့်တစ်ဂိုးစီသရေကျကာအုပ်စုနောက်ဆုံးပွဲ၌စင်ကာပူအသင်းနှင့်အသည်း သန်ကစားကာနောက် နောက်ကျတစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရပြီး အုပ်စုဒုတိယအဖြစ်အကြိုဗိုလ်လုပွဲတက်ခဲ့သည်။

အကြိုဗိုလ်လုပွဲသို့ခက်ခက်ခဲခဲတက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအား စစ်ကောင်စီကဒေါ်လာတစ်သိန်းဆုချခဲ့သည်။အကြိုဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းနှင့်တွေ့ခဲ့ပြီး အစဉ်လာမပျက် တစ်ဂိုး၊ဂိုးမရှိဖြင့်ရှုံးကာတတိယလုပွဲအဆင့်ရောက်ရှိသွားခဲ့သည်။တတိယနေရာလုပွဲကို မေ ၂၁ရက်ကပြုလုပ်ခဲ့ပြီးမြန်မာအမျိုးသမီးအသင်းက ပယ်နယ်လ် တီဖြင့်ဦးဆောင်ဂိုးရရှိခဲ့ပြီးဖိလစ်ပိုင်အမျိုးသမီးအသင်းကခြေပဂိုးနှင့်အနိုင် ဂိုးသွင်းကာတတိယဆုရယူသွားခဲ့သည်။

ထိုသို့တတိယဆုရရှိခြင်းမှာဖိလစ်ပိုင်အမျိုးသမီးအသင်းအတွက်သမိုင်းတလျှောက်ဆီးဂိမ်းပွဲကာလာဝင်(ဆု)ရရှိမှုဖြစ်သည်။မြန်မာအမျိုးသမီးအသင်းအတွက်မှာလည်း ၁၉၉၅ ခုနှစ်ကစ၍အသင်းဖွဲ့ပြီးဆီးဂိမ်းပြိုင်ပွဲတလျှောက်ဆုလက်မဲ့အဖြစ်ပထမဆုံးကြုံတွေ့ရခြင်းလည်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံအမျိုးသမီးအသင်းများတွင် ထိုင်း၊ဗီယက်နမ်၊မြန်မာသုံးသင်းသာအဓိကပြိုင်ဖက်အဖြစ်ဆယ်စုနှစ်ကျော်ရပ်တည်လာခဲ့သည်။မြန်မာအမျိုးသမီးအသင်းမှာဆီးဂိမ်းပြိုင်ပွဲတလျှောက်ရွှေတံဆိပ်ဆုမရဖူးသော်လည်းငွေ သို့မဟုတ် ကြေးဆုတစ်ဆုကအမြဲသေချာခဲ့သည်။ကျန်နိုင်ငံအသင်းများမှာအိမ်ဖြည့်သာသာရှိခဲ့ပြီးနောက်ဆုံးပိတ်တွင်ယင်းသုံးသင်းသာဆုအပြောင်းအလဲရယူနေခဲ့သည်။

ဆီးဂိမ်းသမိုင်းတလျှောက်မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့်တတိယဆုခြောက် ကြိမ်၊ဒုတိယဆုသုံးကြိမ်ရရှိခဲ့သည်။ယခုနှစ်တွင်လည်း အနည်းဆုံးငွေ(သို့မဟုတ်) ကြေးရမည်ဟုအများကခန့်မှန်းခဲ့ကြကာ အကြိုဗိုလ်လုပွဲ (အမြဲတက်နေကြ) တက်သည်ကို စစ်ကောင်စီက ဂုဏ်ယူဟန်ပြ၍ ချီးမြှင့်မြှောက်စားခဲ့သည်။

ထိုမြှောက်စားမှု၏နောက်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းမှာသမိုင်းတလျှောက်ရယူထားသောနေရာလွှဲပြောင်းလိုက်ရပြီဖြစ်သည်။

Lungekhit