Local News


ဧရာဝတီတိုင်းမ်

မေလ ၂၂ ရက်






ဧရာဝတီတိုင်းက ရဲစခန်းတွေမှာ သဲအိတ်တွေနဲ့ ခံစစ်ပုံစံပြုလုပ်လာ

ဧရာဝတီတိုင်းမ်

မေလ ၂၂ ရက်

ဧရာဝတီတိုင်းထဲက အာဏာသိမ်းစစ်ကောင်စီရဲ့ ဩဇာခံရဲစခန်း တွေမှာ မေလဆန်းပိုင်းက စတင်ပြီး သဲအိတ်တွေနဲ့ ခံစစ်ပုံစံတွေ စတင်ပြုလုပ်လာတယ်လို့ သိရပါတယ်။

ရေကြည်၊ မြောင်းမြစတဲ့မြို့နယ်တွေအပါဝင် ဧရာဝတီတိုင်းထဲက ရဲစခန်းတွေမှာ သဲအိတ်တွေစုပြီး ဘန်ကာပုံစံမျိုးတွေပြုလုပ်တာ ရှိသလို ပစ်ကျင်းတွေလည်းတူးနေရတယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

” သတင်းကြားတာတော့မရှိဘူး စခန်းတိုင်းကိုညွှန်ကြားထားတာ အင်အားနည်းတဲ့စခန်းတွေပေါင်းဖို့နဲ့ မြို့မရဲစခန်းတွေမှာ အသင့် ပြင်ဆင်ထားခိုင်းတဲ့သဘောပါ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ ရဲစခန်းတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိလာတာကြောင့် ခုလို မျိုးညွှန်ကြားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မေလ ၂၀ ရက်နေ့ညပိုင်းက ဓနုဖြူမြို့က စစ်ကောင်စီတပ်ရင်း အမှတ် ၁၀၈ ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်း ၆ လုံးခွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
