ဆရာမခိုင္မာ လြင္ကေတာ့ အမ်ိဳးသားယဥ္ေက်းမႈတကၠသိုလ္က ဆရာမတစ္ဦး ျဖစ္ၿပီး
ျမန္မာရိုးရာအကဗြီဒီယိုေလး ရိုက္ကာ လူမႈကြန္ ရက္မွာ မၽွေဝေလ့ရွိသူပါ။
ျမန္မာအကဆို ပ်င္းစရာႀကီးလို႔ သတ္မွတ္ ထားၾကသူေတြေတာင္ ဆရာမရဲ့ အခ်ိဳးအစား က်က် ကတတ္မႈ၊
မ်က္ႏွာအမူအရာေလးေတြေၾကာင့္ ၾကည့္ရႈသူေတာ္ေတာ္မ်ားမ်ား သေဘာက်ကာ ဝန္းရံ အားေပးမႈရရွိခဲ့တယ္လို႔ ဆိုရမွာပါ
ပရိသတ္ႀကီးေရ… ျမန္မာအကေတြကို တန္ဖိုးထားေလးစားသလို ေနာက္မ်ိဳးဆက္ ေတြကို
လက္ဆင့္ကမ္းျပန္လည္မၽွေဝေပးေနတဲ့ ဆ ရာမခိုင္မာလြင္ရဲ့ ၾကည့္ရႈသူ တစ္သန္းနီးပါးအားေပးခဲ့တဲ့
အကဗြီဒီယိုေလးကို ဆယ္လီကမၻာပရိသတ္ႀကီးအတြက္ ျပန္လည္မၽွေဝေပး လိုက္ပါတယ္။
တိုင္းတစ္ပါး ယဥ္ေက်း မႈေတြ အမ်ားဆုံး စိမ့္ဝင္ လာတဲ့ ႏွစ္ဆယ့္ တစ္ရာစု ေခတ္ႀကီး ထဲမွာ
ေခတ္ေပၚအကေတြကို စိတ္ဝင္တစား သင္ယူေနသူေတြမ်ား လာေပမယ့္ ျမန္မာ့ရိုးရာယဥ္ေက်းမႈအကေတြကို
စိတ္ဝင္တစား သင္ယူမယ့္ သူေတြကေတာ့ တျဖည္းျဖည္းရွားလာၿပီလို႔ ဆိုရမွာပါ ဒါေပမယ့္ ေခတ္သစ္ ပညာေရးစနစ္အရ
အေျခခံပညာ ေက်ာင္းေတြမွာ အေျခခံ က ဗ်ာလြတ္အက နဲ႔ ျမန္မာ့ရိုးရာယဥ္ေက်းမႈ အကေတြကို
သင္ၾကားဖို႔ သတ္မွတ္လိုက္ တာကေတာ့ တကယ္ကို ဝမ္းသာစရာပါ…
ျမန္မာအကကို တကယ္တတ္ကၽြမ္းလိမၼာစြာ ကတတ္သူေတြရွား လာတဲ့ ေခတ္ႀကီးထဲမွာေတာ့
လတ္တေလာ လူမႈကြန္ရက္ေပၚမွာ ျမန္မာ အကေတြ နဲ႔ နာမည္ႀကီး လာသူကေတာ့ ဆရာမခိုင္မာလြင္ပါ…။
Ref: SHWE WIKI
Unicode Version
ဆရာမခိုင်မာ လွင်ကတော့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က ဆရာမတစ်ဦး ဖြစ်ပြီး
မြန်မာရိုးရာအကဗွီဒီယိုလေး ရိုက်ကာ လူမှုကွန် ရက်မှာ မျှဝေလေ့ရှိသူပါ။
မြန်မာအကဆို ပျင်းစရာကြီးလို့ သတ်မှတ် ထားကြသူတွေတောင် ဆရာမရဲ့ အချိုးအစား ကျကျ ကတတ်မှု၊
မျက်နှာအမူအရာလေးတွေကြောင့် ကြည့်ရှုသူတော်တော်များများ သဘောကျကာ ဝန်းရံ အားပေးမှုရရှိခဲ့တယ်လို့ ဆိုရမှာပါ
ပရိသတ်ကြီးရေ… မြန်မာအကတွေကို တန်ဖိုးထားလေးစားသလို နောက်မျိုးဆက် တွေကို
လက်ဆင့်ကမ်းပြန်လည်မျှဝေပေးနေတဲ့ ဆ ရာမခိုင်မာလွင်ရဲ့ ကြည့်ရှုသူ တစ်သန်းနီးပါးအားပေးခဲ့တဲ့
အကဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်။
တိုင်းတစ်ပါး ယဉ်ကျေး မှုတွေ အများဆုံး စိမ့်ဝင် လာတဲ့ နှစ်ဆယ့် တစ်ရာစု ခေတ်ကြီး ထဲမှာ
ခေတ်ပေါ်အကတွေကို စိတ်ဝင်တစား သင်ယူနေသူတွေများ လာပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို
စိတ်ဝင်တစား သင်ယူမယ့် သူတွေကတော့ တဖြည်းဖြည်းရှားလာပြီလို့ ဆိုရမှာပါ ဒါပေမယ့် ခေတ်သစ် ပညာရေးစနစ်အရ
အခြေခံပညာ ကျောင်းတွေမှာ အခြေခံ က ဗျာလွတ်အက နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အကတွေကို
သင်ကြားဖို့ သတ်မှတ်လိုက် တာကတော့ တကယ်ကို ဝမ်းသာစရာပါ…
မြန်မာအကကို တကယ်တတ်ကျွမ်းလိမ္မာစွာ ကတတ်သူတွေရှား လာတဲ့ ခေတ်ကြီးထဲမှာတော့
လတ်တလော လူမှုကွန်ရက်ပေါ်မှာ မြန်မာ အကတွေ နဲ့ နာမည်ကြီး လာသူကတော့ ဆရာမခိုင်မာလွင်ပါ…။
Ref: SHWE WIKI
ရုပ္သံၾကည့္ရန္…