Articles Local News

ဗိုလ်ဂဠုန်တပ်ရင်းမှမိုးထဲရေထဲမှာပါ က လို့ရတဲ့ တထောင့်ထိုးလ က် န က်ကို ရေငုပ်စမ်းသပ်ပြ(ရုပ်သံ)


ဧရာဝတီတိုင်းမ်

မေလ ၂၂ ရက်






#Ayeyarwaddy_Times

ဗိုလ်ဂဠုန်တပ်ရင်းမှ ထုတ်လုပ်လိုက်သည့် အိန္ဒိယကျည်တထောင့်ထိုးလက်နက်ကို ရေထဲတွင်ပစ်ခတ်စမ်းသပ်ပြ (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

မေလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ဗိုလ်ဂဠုန်တပ် ရင်းမှ ထုတ်လုပ်လိုက်သည့် အိန္ဒိယကျည်တထောင့်ထိုးလက်နက်ကို ရေထဲတွင်ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှထုတ်ပြန်သည်။

“ကျွန်တော်တို့အနေနဲ့ ခုလိုထုတ်လုပ်အောင်မြင်တာဟာ စစ်ကောင်စီတပ်ကို မိုးရွာထဲလဲ တိုက်လို့ရတယ် ၊ ရေထဲလဲပစ်ခတ်လို့ရတယ် ပထမအကြိမ်တုန်းကလဲဝေဟင်ပစ် ရှော့တိုက်ဒုံးများ ထုတ်လုပ်မှုအောင် မြင်ခဲ့ပါသေးတယ် ” လို့ ဗိုလ်ဂဠုန်တပ်ရင်းမှ တာဝန် ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဗိုလ်ဂဠုန်တပ်ရင်းအနေဖြင့် ပြည်သူများလှူဒါန်းထားသည့် ငွေများဖြင့် အဝေးထိန်းမိုင်းများဆက် လက်ထုတ်လုပ်သွားပါမည်ဟု ဗိုလ်ဂဠုန်တပ်ရင်းမှ ရဲဘော်တဦးကဆက်လက်ပြောသည်။

ထို့ပြင် အိန္ဒိယကျည်တထောင့်ထိုးလက်နက်ကို အ တွက် လိုအပ်သည် အိန္ဒိယကျည်ဆံများကိုဝယ်ယူ သွားမည်ဖြစ်ပြီး ထပ်မံငွေကြေးလိုအပ်ချက်များကိုပြည်တွင်းပြည်ပ အလှူရှင်များမှ လှူဒါန်းပေးဖို့ကိုလည်း အကူအညီတောင်းခံထားကြောင်း ၎င်း တပ် ဖွဲ့ဝင်များကဆိုသည်။

ရုပ်သံ-ဗိုလ်ဂဠုန်တပ်ရင်း