Local News


C8 News

ရန်ကုန်၊မေ (၂၂)





အိမ်သာတက်နေချိန် ေ-သန-တ်နဲ့ ရှစ်ချက်ပ-စ်ခံရလို့ ကြံ့ခိုင်ရေး အလုပ်အမှုဆောင် ဦးသန့်ဇင်ဦး ေ-သဆုံး

C8 News

ရန်ကုန်၊မေ (၂၂)

ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အလုပ်အမှုဆောင် ဦးသန့်ဇင်ဦး အိမ်သာတက်ချိန် မနေ့ညပိုင်းက အမည်မသိ သေနတ် ကိုင်ဆောင်ထားသူတွေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“အမှန်က သူက ပျူစောထီးဆိုတော့ လာရှာတာ။ အိမ်သာတက်နေတာ အိမ်သာထဲထိ ဝင်ပစ်တာ။ ရှစ်ချက်ဒဏ်ရာရပြီး သေသွားတယ်လို့ ကြားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့ ကိုသန့်ဇင်ဦး ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သလို ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အီးပုံတွေကြားမှာ ရွံလိုက်တာဗျာ အခြားနေရာပုန်းလို့ ရရဲ့သားနဲ့ အီးတွေအရင်ဆေးပြီးမှ သူ့ကိုသယ်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။