မူဆယ်ပြည်ထောင်စုုလမ်းမကြီးဘေးမှာ ကိုယ်တော်တို့ ကားပျက်တယ်ဆိုလို့ ကူညီဖို့သွားလိုက်သောအခါ
ကျောက်မဲ-နောင်ချိုကြားကျောက်မဲ-သီပေါကြားနဲ့သီပေါ-လားရှိုးကြားကမန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေးမှာ ကားဘောနပ်ဖုံးဖွင့်ပြီးဖြတ်သန်းသွားလာနေကြတဲ့ ကားကြီးကားငယ်ကအစဆိိုင်ကယ်ပါမကျန်တားပြီးတော့ အလှူခံနေတဲ့အဖွဲ့ဖြစ်ပါတယ်။
အမှန်တကယ်ခရီးသွားလာရင်းကားပျက်လို့အခက်အခဲ ဖြစ်နေတဲ့ရဟန်းတွေမဟုတ်ဘဲ တစ်ရက်ကိိုတစ်နေရာရွေ့ အလှူခံနေကြတဲ့အဖွဲ့ဖြစ်ပါတယ်။ဒေသတွင်းက ရဟန်းတွေမဟုတ်ပါဘူး။ ကားဘောနပ်ဖုံးဖွင့်ထားပြီး ကားကိုလက်ညိုးထိုးပြကာ ဆီပျက်တယ် အင်ဂျင်ပျက်သွားတယ် စသည်ဖြင့်အကြောင်းပြပြီးအလှူခံပါတယ်။
ကားဆရာတွေကဆီီထည့်ပေးမယ်ဆိုရင်လည်း ဆီမယူ ပိုက်ဆံဘဲ အလှူခံပါတယ်။ ကဲဟုတ်ပြီ အင်ဂျင်ဘာဖြစ်သွားတာလဲတပည့်တော်စမ်းသပ်နှိုးကြည့်ပြီးပြင်ပေးမယ်ဆိုလည်း လက်မခံပါ။ဒီလိုဖြစ်စဉ်မျိုးတွေက အခုရက်ပိုင်းမှာ ပြန်တွေ့နေရတာပါ။
ပထမရက်ကနောင်ပိန်ရင်ကွဲတောင်’မနေ့ကစဉ့်အင်နဲ့စံလောင်းကြား ကျွန်းတောနေရာတွေမှာ တွေ့ခဲ့ရတာပါ။ မြို့တွေရွာတွေနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ လှုပ်ရှားပါတယ်။ ကြုံခဲ့ရသူတွေသိမှာပါ။P o s t တင်သူ ခင်ဗျားမလှူရင်နေပေါ့။ တခြားသူတွေလှူ နေကြတာပြောစရာလားလို့မေးစရာရှိပါတယ်။
ပြောစရာရှိပါတယ်။ ကျနော်တို့လူမျိုးတွေက ရဟန်းသံဃာဆိုတာနဲ့ ကြည်ညိုပြီးသား။ ကူညီကြ လှူကြတန်းကြ။အခုလိုမျိုး လက်တဆုပ်စာကိုယ်တော်တွေက သာသနာကိုခုတုံးလုပ် လိမ်လည်အလှူခံနေသည့်ကိစ္စသည် မသင့်တော်သည့် လုပ်ရပ်ဖြစ်ပါသည်။
အများပြည်သူသွားလာနေသည့် လမ်းမကြီးပေါ်ပြုမူနေခြင်းက ယာဉ်များသွားလာနေမှုကိိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။သို့ဖြစ်ပါ၍ ဒေသတွင်းရှိ သက်ဆိုင်ရာသာသနာရေးအဖွဲ့များက၎င်း’ဆရာတော်သံဃာတော်များက၎င်း’ အဆိိုပါမသင့်တော်သည့် လုပ်ရပ်များအား လိုအပ်သလို ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် အသိပေးဖော်ပြလိုက်ရပါတယ်။
မိမိတို့ယာဉ်မောင်းများအနေဖြင့် လမ်းပေါ်ကနည်းလမ်းအမျိုးမျိုးဖြင့် လိမ်စားနေသည့် ဖြစ်ရပ်များကို ရှောင်ရှားနိုင်ကြပါစေ။
အမှန်တကယ် အကူအညီလိုသူများကိုလည်း ချင့်ချိိန်တွေးဆ ကူညီနိုင်ကြပါစေ။
Konaykonay
မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေးမှာ ကိုယ်တော်တို့ ကားပျက်တယ်ဆိုလို့ ကူညီဖို့သွားလိုက်သောအခါ
ကျောက်မဲ-နောင်ချိုကြားကျောက်မဲ-သီပေါကြားနဲ့သီပေါ-လားရှိုးကြားကမန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေးမှာ ကားဘောနပ်ဖုံးဖွင့်ပြီးဖြတ်သန်းသွားလာနေကြတဲ့ ကားကြီးကားငယ်ကအစဆိုင်ကယ်ပါမကျန်တားပြီးတော့ အလှူခံနေတဲ့အဖွဲ့ဖြစ်ပါတယ်။
အများပြည်သူသွားလာနေသည့် လမ်းမကြီးပေါ်ပြုမူနေခြင်းက ယာဉ်များသွားလာနေမှုကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။သို့ဖြစ်ပါ၍ ဒေသတွင်းရှိ သက်ဆိုင်ရာသာသနာရေးအဖွဲ့များက၎င်း’ဆရာတော်သံဃာတော်များက၎င်း’ အဆိုပါမသင့်တော်သည့် လုပ်ရပ်များအား လိုအပ်သလို ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် အသိပေးဖော်ပြလိုက်ရပါတယ်။
အမှန်တကယ် အကူအညီလိုသူများကိုလည်း ချင့်ချိန်တွေးဆ ကူညီနိုင်ကြပါစေ။
Konaykonay