Articles








“သေ့ဘော်ဘိုးစခန်းသိမ်းတိုက်ပွဲက မိလာတဲ့သုံ့ပန်းတွေကို ဘယ်လိုထားသလဲ…?”

သေ့ဘောဘိုးစခန်းသိမ်းပိုက်စဥ်က ဖမ်းမိသည့် စစ်သား ၆ဦးကို NUG ၏ စစ်ကျင့်ဝတ်အတိုင်း စောင့်ရှောက်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို KNLA နှင့် ပူးပေါင်းတပ်များ မေလ(၁၈)ရက်နေ့က သိမ်းပိုက်ရာတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား(၆)ဦးအား

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ကျင့်ဝတ်အတိုင်း ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၁၇)ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း

စစ်ကောင်စီတပ်သား (၁၄၈၉၀)ဦး သေဆုံးခဲ့ပြီး (၄၈၁၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိထားသော အချက်အလက်များအရ သိရသည်။