Local News

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီထုတ္ျပန္ခဲ့တဲ့ ေၾကာင္ေတာင္ေတာင္အမိန႔္ၫႊန္ၾကားခ်က္မ်ား

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီထုတ္ျပန္ခဲ့တဲ့ ေၾကာင္ေတာင္ေတာင္အမိန႔္ၫႊန္ၾကားခ်က္မ်ား

By The 74 Media

ဥပေဒဆိုတာ ေက်ာသားရင္သား မခြဲျခားဘဲ ႏိုင္ငံသားတိုင္းလိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္း ျဖစ္ပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံမွာ ဥပေဒဆိုတာ မရွိေတာ့ရင္ တိုင္းသူျပည္သားေတြဟာ အႏၲရာယ္ကင္းကင္းနဲ႔ လုံလုံၿခဳံၿခဳံ ေနထိုင္ႏိုင္ေတာ့မွာ မဟုတ္ေတာ့ပါဘူး။

ႏိုင္ငံတိုင္းမွာ သူ႔ဥပေဒနဲ႔သူ ရွိေနေပမယ့္ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ တမူထူးျခားတဲ့ ဥပေဒေတြလည္း ရွိေနပါတယ္။ ဥပမာေျပာရရင္ အာဆီယံႏိုင္ငံျဖစ္တဲ့ စကၤာပူႏိုင္ငံမွာဆိုရင္ ၁၉၉၂ ခုနစ္ကေန ပီေကဝါးျခင္းနဲ႔ ေရာင္းဝယ္ေဖာက္ကားျခင္းကို တားျမစ္ထားပါတယ္။ ေဖာက္ဖ်က္ခဲ့မယ္ဆိုရင္ေတာ့ ေထာင္ဒဏ္ ၂ႏွစ္ (သို႔မဟုတ္) ေငြဒဏ္႐ိုက္ခံရမွာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းလိုတဲ့အတြက္ျဖစ္ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံမွာဆိုရင္လည္း ည ၁၀ နာရီေနာက္ပိုင္း ေရအိမ္ေရမဆြဲခ်ရတဲ့ ဥပေဒေတြလည္းရွိေနပါတယ္။ အေၾကာင္းကေတာ့ လူသူအိပ္စက္အနားယူခ်ိန္မွာ အေႏွာက္အယွက္ျဖစ္ေစတဲ့ ဆူညံသံေၾကာင့္ျဖစ္ပါတယ္။ထူးျခားတဲ့ ဥပေဒေတြျဖစ္ေနေပမယ့္ က်င့္သုံးေနတဲ့ ႏိုင္ငံေတြကေတာ့ အက်ိဳးသင့္၊ အေၾကာင္းသင့္ၿပီး အားလုံးသေဘာတူ စနစ္တက်ေရးဆြဲထားတဲ့ ဥပေဒျဖစ္တဲ့အတြက္ ႏိုင္ငံသားတိုင္း ေလးစားလိုက္နာ ေနၾကပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အရင္တုန္းက မၾကားဖူးတဲ့ ထူးဆန္းတဲ့ အမိန႔္ၫႊန္ၾကားခ်က္ေတြ အမ်ိဳးမ်ိဳးထုတ္ျပန္ေနသလို ဥပေဒတခ်ိဳ႕ကိုလည္း ျပင္ဆင္ဖို႔ စစ္ေကာင္စီ ႀကိဳးစားေနပါတယ္။

အမ်ိဳးသားႏွစ္ဦး ဆိုင္ကယ္အတူမစီးရ

အာဏာသိမ္းၿပီးေနာက္ပိုင္း ဆိုင္ကယ္တစ္စီးကို တေယာက္ပဲ စီးဖို႔၊ အမ်ိဳးသားႏွစ္ဦး မစီးဖို႔၊ ဆိုင္ကယ္စီးရင္ mask မတပ္ဖို႔၊ ဆိုင္ကယ္ဦးထုပ္ေဆာင္းထားရင္လည္း မွန္မခ်ထားဖို႔နဲ႔ အမ်ိဳးသမီးေမာင္းႏွင္တဲ့ ေနာက္မွာ အမ်ိဳးသားလိုက္မစီးဖို႔ စတဲ့ တားျမစ္ခ်က္ေတြ ထြက္ေပၚလာပါတယ္။ဒီတားျမစ္ခ်က္ဟာ ၂၀၂၀ ခုနစ္ ေမလတုန္းက ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳခဲ့တဲ့ ေမာ္ေတာ္ယာဥ္ ဥပေဒမွာလည္း မပါဝင္ပါဘူး။ ဆိုင္ကယ္စီးနင္းသူေတြရဲ႕ ေျပာက္က်ား တိုက္ခိုက္တာေတြကို ခံေနရတဲ့ ရန္ကုန္တိုင္းက ၿမိဳ႕နယ္တခ်ိဳ႕၊ မႏၲေလးၿမိဳ႕၊ လြိဳင္ေကာ္ၿမိဳ႕၊ ၿမိတ္ၿမိဳ႕နဲ႔ တိုက္ပြဲျပင္းထန္ေနတဲ့ စစ္ကိုင္းတိုင္းမွာ အခုလို တားျမစ္ခ်က္ ထုတ္ျပန္ထားတာျဖစ္တယ္လို႔ ဧရာဝတီသတင္းဌာနမွာ ေရးသားထားပါတယ္။

တားျမစ္ခ်က္ကို ေဖာက္ဖ်က္ခဲ့ရင္လည္း စစ္ေဆးေမးျမန္းတာေတြ ျပဳလုပ္သြားမွာ မဟုတ္ဘဲ တစ္ခါတည္း ေသနတ္နဲ႔ပစ္မယ္လို႔ ထုတ္ျပန္ထားတဲ့အတြက္ အမ်ိဳးသားႏွစ္ဦး ဆိုင္ကယ္အတူစီးရင္ ေသဒဏ္လို႔ေတာင္ ဆိုႏိုင္ပါတယ္။ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း မႏၲေလးၿမိဳ႕ ကုတင္ ၃၀၀ ေဆး႐ုံေရွ႕မွာ ဆိုင္ကယ္စီးလာတဲ့ ဇနီးေမာင္ႏွံကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ေသနတ္နဲ႔ပစ္ခံရလို႔ ႏွစ္ေယာက္စလုံး ေသဆုံးခဲ့ပါတယ္။

အခုလို စစ္ေကာင္စီရဲ႕ ဆိုင္ကယ္စီးနင္းမႈ တားျမစ္ခ်က္ေၾကာင့္ တစ္ဖက္မွာ ဒုကၡေရာက္သြားတဲ့သူေတြကေတာ့ ဆိုင္ကယ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳေနတဲ့ ဆိုင္ကယ္ကယ္ရီေမာင္းတဲ့ သူေတြျဖစ္ပါတယ္။ သတင္းေတြအရ ဆိုင္ကယ္စီးနင္းမႈ တားျမစ္ခ်က္ေတြေၾကာင့္ အခ်ိဳ႕ ကယ္ရီေမာင္းတဲ့သူေတြဟာ တျခားအလုပ္ေတြ ေျပာင္းလုပ္ ကုန္ၾကပါၿပီ။မႏၲေလးၿမိဳ႕မွာဆိုရင္ အမ်ိဳးသားႏွစ္ေယာက္ ဆိုင္ကယ္အတူစီးခ်င္ရင္ ခြင့္ျပဳမိန႔္ ေလွ်ာက္ထားရမယ္လို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလက RFA သတင္းဌာနမွာ ေရးသားထားပါတယ္။

ေဈးဆိုင္ပိတ္ရင္ ဖမ္းမယ္

စစ္အာဏာရွင္လက္ထက္မွာ ကိုယ္ဖြင့္ထားတဲ့ ေဈးဆိုင္ကိုလည္း ပိတ္လို႔မရပါဘူး။ စစ္ေကာင္စီက အသံတိတ္သပိတ္ဆိုတဲ့ လူထုလႈပ္ရွားမႈျပဳလုပ္တဲ့ေန႔မွာ ေဈးဆိုင္ေတြကို ပိတ္ရင္ ပိုင္ရွင္ေတြကို ဖမ္းမယ္ဆိုၿပီး အမိန႔္စာေတြ ထုတ္ပါတယ္။ဒီလို လူထုလႈပ္ရွားမႈကို စစ္ေကာင္စီကို အလြန္ေၾကာက္႐ြံ႕တဲ့အတြက္ ေဈးဆိုင္ေတြကို မပိတ္ခိုင္းဘဲ အတင္းအၾကပ္ ၿခိမ္းေျခာက္ၿပီး ဖြင့္ခိုင္းပါတယ္။ၿပီးခဲ့တဲ့ အာဏာသိမ္းတစ္ႏွစ္ျပည့္ေန႔မွာ ဆိုင္ပိတ္တယ္လို႔ အြန္လိုင္းေပၚကေန ေၾကျငာတဲ့ ရန္ကုန္၊ မႏၲေလးနဲ႔ တျခားၿမိဳ႕ႀကီးေတြက ဆိုင္ပိုင္ရွင္ ႏွစ္ရာေလာက္ကိုလည္း စစ္ေကာင္စီက ဖမ္းဆီးအေရးယူခဲ့သလို တခ်ိဳ႕ဆိုင္ေတြဆိုရင္ ခ်ိတ္ပိတ္ခံခဲ့ရပါတယ္။
အြန္လိုင္းေပၚမွာ ပ်ံႏွံ႔ခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုမွာဆိုရင္ ေရွ႕တန္းထြက္တဲ့အခ်ိန္ မေတြ႕ရတဲ့ ဝတ္စုံအျပည့္၊ လက္နက္အျပည့္အစုံ ကိုင္ေဆာင္ထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ အသံတိတ္ သပိတ္ပါဝင္မယ္လို႔ ေၾကျငာခဲ့တဲ့ စားေသာက္ဆိုင္တစ္ခုကို ရန္သူ႔စခန္း ဝင္စီးသလို ဝင္စီးခဲ့ၿပီး ဆိုင္ရွင္ကို ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။

ကိုယ္ပိုင္ပုဂၢလိက ဖြင့္ထားတဲ့ ေဈးဆိုင္ပိုင္ရွင္ေတြအတြက္ကေတာ့ ဆိုင္ပိတ္တာ၊ ဖြင့္တာကေတာ့ သူတို႔ရဲ႕ ဆႏၵပဲျဖစ္ပါတယ္။ ေဈးဆိုင္ဖြင့္ဖို႔ ဘယ္မွသူ အမိန႔္လာေပးလို႔မရပါဘူး။ဒါေပမဲ့ အစိုးရကဖြင့္ထားတဲ့ စည္ပင္သာယာေဈးေတြမွာဆိုရင္ေတာ့ ေဈးစည္းကမ္းဆိုတာရွိပါတယ္။ ေဈးစည္းကမ္းအရ သတ္မွတ္ထားတဲ့အခ်ိန္မွာသာ ေဈးဆိုင္ဖြင့္ရမွာျဖစ္ပါတယ္။ ဆိုင္ပိတ္ခိုင္းတဲ့ အခ်ိန္မွာ ဖြင့္ရင္သာ စည္းကမ္းခ်က္ကို ေဖာက္ဖ်က္တယ္လို႔ဆိုႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ဆိုင္ပိတ္ရင္ အေရးယူမယ္ဆိုတာ ဘယ္ဥပေဒမွာမွ မရွိပါဘူး။ ဒါေပမဲ့ စစ္ေကာင္စီသာ ေရရွည္ ဆက္အုပ္ခ်ဳပ္ေနမယ္ဆိုရင္ေတာ့ မရွိလာႏိုင္ဘူးလို႔ ေျပာလို႔မရပါဘူး။ အခုလိုမ်ိဳး စစ္ေကာင္စီက ဆိုင္ေတြကို အတင္းအက်ပ္ ဖြင့္ခိုင္းတာဟာ ဥပေဒနဲ႔မညီသလို လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တာျဖစ္ပါတယ္။ ဆိုင္ပိုင္ရွင္ေတြကို စစ္ေကာင္စီက အေရးယူ ဖမ္းဆီးတာေတြရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာ သုံးႀကိမ္ျပဳလုပ္ခဲ့တဲ့ အသံတိတ္သပိတ္ေတြဟာ ေအာင္ျမင္ခဲ့ပါတယ္။ အသံတိတ္သပိတ္ျပဳလုပ္တဲ့ မနက္ ၁၀ နာရီကေန ညေန ၄ နာရီအထိ တႏိုင္ငံလုံးက ေဈးဆိုင္ေတြပိတ္ခဲ့ၾကသလို လမ္းေပၚေတြမွာ လူသူကင္းမဲ့ခဲ့ပါတယ္။

VPN သုံးရင္ ဖမ္းမယ္

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ သတင္းအေမွာင္ခ်ခ်င္တဲ့အတြက္ စစ္ေကာင္စီက လူမူကြန္ယက္ေတြကို အသုံးျပဳလို႔မရေအာင္ ပိတ္ပင္လိုက္ပါတယ္။
လူမူကြန္ယက္စာမ်က္ႏွာ အမ်ိဳးမ်ိဳးရွိတဲ့အထဲမွာ ျမန္မာႏိုင္ငံက အသုံးျပဳတာ အမ်ားဆုံးကေတာ့ ေဖ့စ္ဘုတ္(Facebook) ျဖစ္ပါတယ္။၂၀၁၄ သန္းေခါင္စာရင္းအရ လူဦးေရ ၅၂ သန္းရွိတဲ့ ျမန္မာႏိုင္ငံမွာ ေဖ့စ္ဘုတ္လူမႈကြန္ရက္အသုံးျပဳသူ ၂၈ သန္းေက်ာ္ ရွိပါတယ္။စစ္ေကာင္စီက ျမန္မာႏိုင္ငံကို သတင္းအေမွာင္ခ်ဖို႔ အင္တာနက္အသုံးျပဳတာေတြကို ကန႔္သတ္လိုက္ၿပီး ေဖ့စ္ဘုတ္လို လူမူကြန္ယက္ကို အသုံးျပဳခ်င္ရင္ VPN (Virtual Private Network) လို႔ေခၚတဲ့ အင္တာနက္လိပ္စာ ေျခရာခံတာကို ေဖ်ာက္ႏိုင္တဲ့ ၾကားခံစနစ္ကို အသုံးျပဳၿပီးမွ လူမႈကြန္ရက္ေတြကို အသုံးျပဳႏိုင္တာပါ။စစ္ေကာင္စီက ဒါကို သိတဲ့အတြက္ VPN သုံးရင္ ဖမ္းဆီးေထာင္ခ်ႏိုင္မယ့္ ဆိုက္ဘာလုံၿခဳံေရး ဥပေဒကို ျပ႒ာန္းဖို႔ ျပင္ဆင္ေနခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘယ္အဆင့္ေရာက္ေနၿပီလဲဆိုတာေတာ့ မသိေသးပါဘူး။BBC သတင္းက ေဖာ္ျပတဲ့ အဲ့ဒီဥပေဒ မူၾကမ္းမွာ ဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ VPN အသုံးျပဳရင္ ေထာင္ဒဏ္ သုံးႏွစ္ (ဒါမွမဟုတ္) ေငြဒဏ္ က်ပ္ သိန္း ၅၀ အထိ ခ်မွတ္ႏိုင္တဲ့ ျပစ္ဒဏ္ေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒီသတင္းထြက္ေပၚၿပီးေနာက္ပိုင္းမွာ ၿမိဳ႕ျပတခ်ိဳ႕မွာ လမ္းသြားလမ္းလာေတြကို VPN စစ္ေဆးတာေတြ ရွိေနပါတယ္။ ေနာက္ပိုင္း ဆိုက္ဘာလုံၿခဳံေရး ဥပေဒကို အတည္ျပဳလိုက္ရင္ကေတာ့ VPN သုံးရင္၊ VPN အက္ပလီေကးရွင္းေတြ ဖုန္းထဲမွာ ေတြ႕ရင္ ေထာင္ဒဏ္ သုံးႏွစ္က်ခံရမယ့္ အေနအထားမွာရွိေနပါတယ္။ အဓိကကေတာ့ စစ္ေကာင္စီဟာ ေဖ့ဘုတ္လူမူကြန္ယက္ကို ထိန္းခ်ဳပ္လိုတဲ့အတြက္ အခုလို ဥပေဒေတြ ျပဌာန္းဖို႔ျပင္ဆင္လာတာျဖစ္ပါတယ္။ မိုဘိုင္းဖုန္းဆိုတာ ကိုယ္ေရးကိုယ္တာပစၥည္းျဖစ္ပါတယ္။ ဥေရာပႏိုင္ငံေတြမွာဆို အစိုးရရဲ႕ ၫႊန္ၾကားခ်က္ေတြ၊ ဘဏ္စနစ္ေတြ အားလုံးဟာ ဖုန္းနဲ႔ပဲ ခ်ိတ္ဆက္ထားတာျဖစ္ပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ အခုလို ကိုယ္ေရးကိုယ္တာနဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြရွိေနတဲ့ ဖုန္းကို ယူၿပီး စစ္ေဆးေနတာဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနတာျဖစ္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာ(Social Media)ေတြကို စစ္ေဆးေနတာဟာ ဒီမိုကေရစီစံခ်ိန္စံႏႈန္းရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကိုပါ ခ်ိဳးေဖာက္လိုက္တာ ျဖစ္ပါတယ္။ ၿပီးေတာ့ ေဖ့စ္ဘုတ္ဟာ ျပည္သူေတြပဲ သုံးတာမဟုတ္ပါဘူး။ စစ္ေကာင္စီ အသိုင္းအဝိုင္း အားလုံးလည္း အသုံးျပဳေနၾကပါတယ္။

မိုးဟိန္းရဲ႕ေဟာေျပာခ်က္ မၾကည့္မေနရ

မိုးဟိန္းဆိုတာကေတာ့ ဦးသိန္းစိန္အစိုးရ လက္ထက္တုန္းက သူရိယေနဝန္းဆိုတဲ့ ဂ်ာနယ္တစ္ခုကို တည္ေထာင္ၿပီး အမုန္းစကားေျပာတာ၊ ဝါဒျဖန႔္တာ၊ ပုဂၢိဳလ္ေရးတိုက္ခိုက္တာ စတဲ့ မီဒီယာက်င့္ဝတ္တစ္ခုနဲ႔မွ မညီတဲ့ Yellow Journalism လိုေခၚတဲ့ အပုတ္ခ်ဂ်ာနယ္တစ္ခုကို တည္ေထာင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ မိုးဟိန္းဟာ စစ္ေကာင္စီပိုင္ ျမဝတီတီဗီမွာ “ျမန္မာ့အေရး အေလးအနက္ ေတြးသူတစ္ဦး၏ စကားသံမ်ား” ဆိုၿပီး လက္ရွိေႏြဦးေတာ္လွန္ေရးနဲ႔ပတ္သက္ၿပီး အပါတ္စဥ္ ထုတ္လြင့္လာခဲ့တာဟာဆိုရင္ အပိုင္း ၁၆၀ နီးပါးေရာက္ရွိေနပါၿပီ။

ဒီပုဂၢိဳလ္ရဲ႕ ေဟာေျပာခ်က္ေတြကို ျပည္သူေတြက ဘယ္သူမွ မၾကည့္ၾကေပမယ့္ စစ္တပ္အသိုင္းအဝိုင္းကေတာ့ မၾကည့္မေနရ ဆိုတဲ့ အမိန႔္ၫႊန္ၾကားခ်က္ေၾကာင့္ ၾကည့္ရႈေနရပါတယ္။စစ္သင္တန္းေက်ာင္းေတြမွာေတာ့ ေန႔စဥ္ သင္တန္းခန္းမေတြမွာ မၾကည့္မေနရ ၾကည့္ရၿပီး တပ္ရင္းေတြမွာေတာ့ တပ္ရင္းမႉးေတြရဲ႕ အစီအစဥ္နဲ႔ စားရိပ္သာေတြမွာ ၾကည့္ခိုင္းတယ္လို႔ မဇၩိမသတင္းဌာနက ေရးသားထားပါတယ္။မိုးဟိန္းရဲ႕ေျပာဆိုခ်က္ေတြဟာလည္း စစ္ဗိုလ္ခ်ဳပ္ေတြအႀကိဳက္ျဖစ္ေစမယ့္ သမိုင္းအတု၊ အခ်က္အလက္ အမွားေတြကို လုပ္ႀကံဖန္တီးေျပာဆိုေနတာျဖစ္ပါတယ္။

“မိုးဟိန္းက လက္ရွိအေျခအေနေရာ၊ အရင္ ပုဂံေခတ္ကစလို႔ လက္ရွိေခတ္ထိသမိုင္းေရာ၊ သူတို႔ေက်ာင္းသားသမိုင္းေရာ အကုန္လိမ္ညာၿပီး ေဟာေနတာပဲ”လို႔ စစ္တပ္မိသားစုဝင္တစ္ဦးက မဇၩိမသတင္းဌာနကို ေျဖၾကားထားပါတယ္။စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ CDM လႈပ္ရွားမႈထဲ ပူးေပါင္းပါဝင္မွာ ေၾကာက္႐ြံ႕တဲ့အတြက္ အခုလို ထင္ေယာင္ထင္မွားျဖစ္ေစမယ့္ လုပ္ႀကံဖန္တီး ေဟာေျပာခ်က္ေတြနဲ႔ တပ္တြင္းအသိုင္းအဝိုင္းကို ဝါဒမိုင္းသြပ္သြင္းေနတာပဲ ျဖစ္ပါတယ္။

အသားမဲၿပီး ႐ုပ္ၾကမ္းရင္ ဖမ္းတယ္

အသားမဲၿပီး ႐ုပ္ရည္ၾကမ္းတမ္းတဲ့ သူကို ဖမ္းဆီးစစ္ေဆးဖို႔ စစ္ေကာင္စီက တကယ္ၫႊန္ၾကားထားသလားေတာ့ မသိပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းကေတာ့ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာေတာ့ အသားမဲၿပီး ႐ုပ္ၾကမ္းတဲ့သူေတြကို တကယ္ဖမ္းဆီးခဲ့ပါတယ္။ ပုသိမ္ၿမိဳ႕ရပ္ကြက္ေတြမွာ ပိတ္ဆို႔စစ္ေဆးေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက လမ္းသြားလမ္းလာေတြကို ႏွာေခါင္းစည္း (Mask) ျဖဳတ္ခိုင္းၿပီး အသားမဲ႐ုပ္ၾကမ္းတဲ့သူနဲ႔ လည္ပင္းတစ္ဝိုက္မွာ ဒဏ္ရာရွိတဲ့သူေတြကို ဖမ္းဆီးေနတယ္လို႔ ဧရာဝတီတိုင္မ္းသတင္းဌာန ေရးသားထားပါတယ္။ ဒီလို အသားမဲၿပီး ဒဏ္ရာရွိတဲ့သူေတြကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးထားတာမွန္ေပမယ့္ ဘယ္ႏွစ္ေယာက္ဖမ္းဆီးခံရတယ္၊ ျပန္လႊတ္လာတဲ့သူေတြရွိလား၊ ဘယ္လို ပုဒ္မနဲ႔ဖမ္းတာလည္းဆိုတာကေတာ့ မသိရပါဘူး။

PDF လို႔ေခၚတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ကေန စစ္သင္တန္းဆင္းလာသူေတြဟာ ေနပူက်ဲက်ဲထဲမွာ စစ္သင္တန္းယူရတဲ့အျပင္ ေသနတ္အခ်ိန္ျပည့္လြယ္ရတာေၾကာင့္ လည္ပင္းတစ္ဝိုက္မွာ ဒဏ္ရာေတြရွိေနတဲ့အတြက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ အခုလို အသားမဲ႐ုပ္ၾကမ္းၿပီး လည္ပင္းတစ္ဝိုက္မွာ ဒဏ္ရာရွိသူေတြကို စစ္ေဆးေနတာျဖစ္ႏိုင္ပါတယ္။စစ္အာဏာရွင္အုပ္ခ်ဳပ္ေနတဲ့ ကာလအတြင္းမွာ အသားမည္းၿပီး ႐ုပ္ၾကမ္းသူေတြဟာ PDF မဟုတ္ခဲ့ရင္ေတာင္ စစ္ေဆးေရးဂိတ္ေတြေရာက္ရင္ တျခားသူေတြထက္ ပိုၿပီးအစစ္ေဆးခံရမွာ ျဖစ္သလို ကံဆိုးရင္ေတာ့ ဖမ္းဆီးေထာင္ခ်တာ (ဒါမွမဟုတ္) အသတ္ေတာင္ခံရႏိုင္ပါတယ္။

ဖုန္းမပါရင္ ဒဏ္ေငြ႐ိုက္တယ္၊ Mask တပ္ရင္ ဒဏ္ေငြ႐ိုက္တယ္

လက္ရွိ PDF ေတြ အားေကာင္းတဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ အျပင္ထြက္တဲ့အခ်ိန္မွာ ဖုန္းမပါတဲ့သူေတြကို စစ္ေကာင္စီက ဒဏ္ေငြ႐ိုက္တယ္ဆိုတာပါပဲ။ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက လမ္းသြားလမ္းလာရင္း ဖုန္းစစ္တဲ့အခ်ိန္ ဖုန္းမပါရင္ ဒဏ္ေငြ႐ိုက္ၿပီး မေဆာင္ႏိုင္ရင္ စီးလာတဲ့ဆိုင္ကယ္သိမ္းတာတို႔ လုပ္ေဆာင္ေနတယ္လို႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက DVB သတင္းမွာ ေရးသားထားပါတယ္။စစ္ေကာင္စီအေနနဲ႔ မထင္ရင္မထင္သလို လမ္းမွာေတြ႕တဲ့သူေတြကို ေခၚယူစစ္ေဆးခ်ိန္မွာ ဖုန္းထဲက အခ်က္အလက္ေတြကို စစ္ေဆးေလ့ရွိပါတယ္။

ဖုန္းထဲက ဓါတ္ပုံေတြ၊ ဗီဒီယိုေတြကို စစ္ေဆးတဲ့အျပင္ ေဖ့ဘုတ္မွာ NUG ပ႐ိုဖိုင္းခ်ိန္းထားလား၊ ဘယ္သူနဲ႔စကားေျပာထားလဲ၊ ဘာအေၾကာင္းကို မွ်ေဝတာေတြ(Share)ထားလဲ၊ ဘယ္အေၾကာင္းကို လိုက္ခ္(Like) ေပးထားလဲ စတဲ့ အရာေတြကို စစ္ေဆးေလ့ရွိပါတယ္။DVB သတင္းဌာနရဲ႕ သတင္းေတြအရ ဧရာဝတီတိုင္းက ၿမိဳနယ္တခ်ိဳ႕မွာဆိုရင္ ဖုန္းမပါရင္ ဒဏ္ေငြ ငါးေထာင္ေဆာင္ခိုင္းသလို မႏၲေလးၿမိဳ႕မွာဆိုရင္ ဒဏ္ေငြ ႏွစ္ေသာင္းေဆာင္ခိုင္းပါတယ္။ စစ္ေကာင္စီရဲ႕ ၿခိမ္းေျခာက္စစ္ေဆးခံရမွာကို စိုးရိမ္တဲ့အတြက္ အျပင္ထြက္တဲ့အခ်ိန္ ဖုန္းမယူသြားေပမယ့္လည္း ဒဏ္ေငြစက္ကြင္းကေနေတာ့ မလြတ္ခဲ့ပါဘူး။

ေနာက္တစ္ခုကေတာ့ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္-၁၉ ေၾကာင့္ လူေပါင္း သန္းနဲ႔ခ်ီေသဆုံးခဲ့ပါၿပီ။ ကိုဗစ္ဟာ မ်ိဳး႐ိုးဗီဇအမ်ိဳးမ်ိဳး ေျပာင္းလဲေနၿပီး အခုထိ ရာႏႈန္းျပည့္ေပ်ာက္ကင္း၊ ရာႏႈန္းျပည့္ကာကြယ္ေပးတဲ့ ေဆးေတြလည္း မေပၚေသးပါဘူး။ အဲ့ဒါေၾကာင့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ ႏွာေခါင္းစည္း (Mask) တပ္ဖို႔ စည္းကမ္းေတြ ခ်မွတ္ထားသလို စည္းကမ္းေဖာက္ဖ်က္ရင္လည္း ျပစ္ဒဏ္ေတြ ခ်မွတ္ထားပါတယ္။ အိႏၵိယႏိုင္ငံမွာဆိုရင္ Mask မတပ္ရင္ ႀကိမ္ဒဏ္ေပးတာေတြရွိသလို အင္ဒိုနီးရွားႏိုင္ငံမွာဆိုရင္ Mask မတပ္ရင္ ကိုဗစ္ေၾကာင့္ ေသဆုံးသြားသူေတြကို ျမဳပ္ဖို႔ က်င္းတူးရတဲ့ ျပစ္ဒဏ္ခ်မွတ္ခံရမွာပါ။ဒါေပမဲ့ ကိုဗစ္-၁၉ ကူးစက္ႏႈန္းျမႇင့္မားေနဆဲျဖစ္တဲ့ ျမန္မာႏိုင္ငံမွာေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ထူးဆန္းစြာနဲ႔ပဲ Mask တပ္ရင္ ဒဏ္ေငြ ေပးေဆာင္ရပါတယ္။ ဒါကို စစ္ေကာင္စီက တရားဝင္ထုတ္ျပန္ထားတာ မဟုတ္သလို စာရိတၱပ်က္စီးေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ပိုက္ဆံရွာဖို႔အတြက္ ေခတ္စကားနဲ႔ဆိုရင္ “ဂြင္”လို႔ဆိုလိုရပါတယ္။

ဘိုကေလးၿမိဳ႕က အမ်ိဳးသမီးတစ္ဦးဆိုရင္ စစ္ေဆးေရးဂိတ္တစ္ခုျဖတ္တဲ့အခ်ိန္မွာ Mask တပ္ထားလို႔ ဒဏ္ေငြ ငါးေထာင္ ေဆာင္ခဲ့ရတယ္လို႔ DVB သတင္းဌာနကိုေျပာပါတယ္။ ကိုယ့္အသက္အႏၲရာယ္အျပင္ တျခားသူေတြရဲ႕အသက္အႏၲရာယ္အတြက္ Mask တပ္တာျဖစ္ေပမယ့္ Mask တပ္လို႔ ဒဏ္ေငြေဆာင္ရတာ ကမာၻမွာ ျမန္မာႏိုင္ငံပဲရွိမယ္ထင္ပါတယ္။ဒါဟာလည္း PDF ေခါင္းစဥ္တပ္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြအတြက္ ၿခိမ္းေျခာက္ေငြညစ္လို႔ေကာင္းတဲ့ နည္းလမ္းတစ္ခုျဖစ္ေနပါတယ္။

ထူးထူးဆန္းဆန္း ၫႊန္ၾကားခ်က္ေတြနဲ႔ ျပည္သူေတြရဲ႕အနာဂါတ္

စစ္အာဏာရွင္တစ္ႏွစ္ေက်ာ္ အုပ္ခ်ဳပ္ေနတဲ့ကာလအတြင္း အခုလို အမိန႔္ၫႊန္ၾကားခ်က္ေတြ အမ်ိဳးမ်ိဳးထြက္ေပၚလာၿပီး ျပည္သူေတြအေနနဲ႔ကေတာ့ ထင္ရာစိုင္းေနတဲ့ စစ္ေကာင္စီရဲ႕လက္ထဲမွာ တရားဥပေဒရဲ႕ အကာအကြယ္ကိုလည္း ရရွိမွာမဟုတ္ပါဘူး။ ဥပေဒအရ ျပန္လည္ေခ်ပခြင့္ရရွိရင္ေတာင္ အမိန႔္ခ်မွတ္မယ့္ တရားသူႀကီးေတြကေတာ့ စစ္ေကာင္စီ ေစခိုင္းတဲ့အတိုင္း အမိန႔္ခ်သြားဖို႔က ရာႏႈန္းျပည့္ျဖစ္ႏိုင္တဲ့အတြက္ မွ်တတဲ့ တရားစီရင္ေရးျဖစ္ဖို႔ ေမွ်ာ္လင့္လို႔မရပါဘူး။အေမရိကန္အေျခစိုက္ Freedom House အဖြဲ႕ရဲ႕ ၂၀၂၂ ခုႏွစ္အတြက္ ကမာၻတလႊား လြတ္လပ္မႈဆိုင္ရာ အစီရင္ခံစာမွ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္မႈဟာ ၁၀၀ ရာခိုင္ႏႈန္းမွာ ၉ ရာခိုင္ႏႈန္းပဲရွိပါေတာ့တယ္။ ျမန္မာႏိုင္ငံနဲ႔အတူ ၁၀ ရာခိုင္ႏႈန္းေအာက္မွာရွိတဲ့ ႏိုင္ငံေတြကေတာ့ ေျမာက္ကိုရီးယား၊ ဆိုမားလီးယား၊ ဆီးရီးယား၊ ေတာင္ဆူဒန္စတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။ တာလီဘန္အဖြဲ႕အုပ္ခ်ဳပ္ေနတဲ့ အာဖန္ဂန္နစၥတန္ႏိုင္ငံေတာင္ ျမန္မာထက္ တစ္ရာခိုင္ႏႈန္းပို လြတ္လပ္တာကိုေတြ႕ရပါတယ္။

လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ျဖစ္တဲ့ Human Rights Watch (HRW) အဖြဲ႕ရဲ႕ ၂၀၂၁ ခုနစ္ ႏွစ္ပတ္လည္ အစီရင္ခံစာမွာ စစ္ေကာင္စီဟာ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈက်ဴးလြန္ေနတယ္လို႔ အစီရင္ခံထားပါတယ္။ အေမရိကန္ႏိုင္ငံဟာလည္း ခရီးမသြားသင့္တဲ့ ႏိုင္ငံစာရင္းမွာ ျမန္မာႏိုင္ငံကို အနီေရာင္ အဆင့္အျဖစ္ သတ္မွတ္ထားပါတယ္။ ဒါေတာင္ စစ္ေကာင္စီအုပ္ခ်ဳပ္ေနတာ တစ္ႏွစ္ေက်ာ္ကာလပဲရွိပါေသးတယ္။ စစ္ေကာင္စီသာ ေရရွည္ဆက္အုပ္ခ်ဳပ္သြားမယ္ဆိုရင္ သူတို႔ထုတ္ျပန္ထားတဲ့ အမိန႔္ၫႊန္ၾကားခ်က္ေတြေၾကာင့္ အသားျဖဴေဆးေတြ အေရာင္းသြက္လာႏိုင္သလို ျမန္မာႏိုင္ငံအတြက္ သီးသန႔္ထုတ္တဲ့ တစ္ေယာက္စီး ဆိုင္ကယ္ေတြလည္း ေပၚထြက္လာႏိုင္ပါတယ္။

ဖုန္းမရွိရင္ ဒဏ္ေငြ႐ိုက္တဲ့အတြက္ ဖုန္းကုမၸဏီေတြကေတာ့ ေရာင္းအားေကာင္းလာမွာျဖစ္ၿပီး ကိုဗစ္ကာလ ျဖစ္ေပမယ့္ Mask ကုမၸဏီေတြကေတာ့ ေရာင္းအားက်ေတာ့မွာျဖစ္ပါတယ္။ေဈးမဖြင့္မေနရ အမိန႔္ထုတ္ထားေပမယ့္လည္း ဘယ္သူမွ ေဈးလာဝယ္မွာ မဟုတ္တဲ့အတြက္ ဆိုင္ဝန္ထမ္းေတြအတြက္ေတာ့ နားနားေနေနျဖစ္မယ့္ ေန႔တစ္ေန႔ပါ။ စစ္တပ္အသိုင္းအဝိုင္းဟာလည္း မိုးဟိန္း စကားေျပာႏိုင္ေသးသမွ် ကာလပါတ္လုံး သူ႔ရဲ႕ဗီဒီယိုေတြကို ေအာင့္အီးၿပီး ၾကည့္ေနရဦးမွာပဲျဖစ္ပါတယ္။

စစ္ေကာင္စီသာ သက္ဆိုးရွည္ဦးမယ္ဆိုရင္ ကမာၻေပၚမွာ မရွိေသးတဲ့ ဥပေဒေတြ၊ အမိန႔္ၫႊန္ၾကားခ်က္ေတြကို အမ်ိဳးမ်ိဳးထုတ္ျပန္ေနဦးမွာပဲျဖစ္ၿပီး အနာဂါတ္မွာ ျမန္မာႏိုင္ငံကို “အေရွ႕ေတာင္အာရွရဲ႕ ေျမာက္ကိုရီးယား” လို႔ေတာင္ ႏိုင္ငံတကာကေခၚေဝၚသမုတ္လာႏိုင္ပါတယ္။By The 74 Media

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ကြောင်တောင်တောင်အမိန့်ညွှန်ကြားချက်များ

By The 74 Media

ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားဘဲ နိုင်ငံသားတိုင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေဆိုတာ မရှိတော့ရင် တိုင်းသူပြည်သားတွေဟာ အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။

နိုင်ငံတိုင်းမှာ သူ့ဥပဒေနဲ့သူ ရှိနေပေမယ့် တချို့နိုင်ငံတွေမှာတော့ တမူထူးခြားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။ ဥပမာပြောရရင် အာဆီယံနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာဆိုရင် ၁၉၉၂ ခုနစ်ကနေ ပီကေဝါးခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်ထားပါတယ်။ ဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၂နှစ် (သို့မဟုတ်) ငွေဒဏ်ရိုက်ခံရမှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုတဲ့အတွက်ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာဆိုရင်လည်း ည ၁၀ နာရီနောက်ပိုင်း ရေအိမ်ရေမဆွဲချရတဲ့ ဥပဒေတွေလည်းရှိနေပါတယ်။ အကြောင်းကတော့ လူသူအိပ်စက်အနားယူချိန်မှာ အနှောက်အယှက်ဖြစ်စေတဲ့ ဆူညံသံကြောင့်ဖြစ်ပါတယ်။ထူးခြားတဲ့ ဥပဒေတွေဖြစ်နေပေမယ့် ကျင့်သုံးနေတဲ့ နိုင်ငံတွေကတော့ အကျိုးသင့်၊ အကြောင်းသင့်ပြီး အားလုံးသဘောတူ စနစ်တကျရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် နိုင်ငံသားတိုင်း လေးစားလိုက်နာ နေကြပါတယ်။မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရင်တုန်းက မကြားဖူးတဲ့ ထူးဆန်းတဲ့ အမိန့်ညွှန်ကြားချက်တွေ အမျိုးမျိုးထုတ်ပြန်နေသလို ဥပဒေတချို့ကိုလည်း ပြင်ဆင်ဖို့ စစ်ကောင်စီ ကြိုးစားနေပါတယ်။

အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ

အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်တစ်စီးကို တယောက်ပဲ စီးဖို့၊ အမျိုးသားနှစ်ဦး မစီးဖို့၊ ဆိုင်ကယ်စီးရင် mask မတပ်ဖို့၊ ဆိုင်ကယ်ဦးထုပ်ဆောင်းထားရင်လည်း မှန်မချထားဖို့နဲ့ အမျိုးသမီးမောင်းနှင်တဲ့ နောက်မှာ အမျိုးသားလိုက်မစီးဖို့ စတဲ့ တားမြစ်ချက်တွေ ထွက်ပေါ်လာပါတယ်။ဒီတားမြစ်ချက်ဟာ ၂၀၂၀ ခုနစ် မေလတုန်းက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ မော်တော်ယာဉ် ဥပဒေမှာလည်း မပါဝင်ပါဘူး။ ဆိုင်ကယ်စီးနင်းသူတွေရဲ့ ပြောက်ကျား တိုက်ခိုက်တာတွေကို ခံနေရတဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့၊ မန္တလေးမြို့၊ လွိုင်ကော်မြို့၊ မြိတ်မြို့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ အခုလို တားမြစ်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနမှာ ရေးသားထားပါတယ်။

တားမြစ်ချက်ကို ဖောက်ဖျက်ခဲ့ရင်လည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်သွားမှာ မဟုတ်ဘဲ တစ်ခါတည်း သေနတ်နဲ့ပစ်မယ်လို့ ထုတ်ပြန်ထားတဲ့အတွက် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးရင် သေဒဏ်လို့တောင် ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း မန္တလေးမြို့ ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခံရလို့ နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။

အခုလို စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းမှု တားမြစ်ချက်ကြောင့် တစ်ဖက်မှာ ဒုက္ခရောက်သွားတဲ့သူတွေကတော့ ဆိုင်ကယ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ သူတွေဖြစ်ပါတယ်။ သတင်းတွေအရ ဆိုင်ကယ်စီးနင်းမှု တားမြစ်ချက်တွေကြောင့် အချို့ ကယ်ရီမောင်းတဲ့သူတွေဟာ တခြားအလုပ်တွေ ပြောင်းလုပ် ကုန်ကြပါပြီ။မန္တလေးမြို့မှာဆိုရင် အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးချင်ရင် ခွင့်ပြုမိန့် လျှောက်ထားရမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက RFA သတင်းဌာနမှာ ရေးသားထားပါတယ်။

ဈေးဆိုင်ပိတ်ရင် ဖမ်းမယ်

စစ်အာဏာရှင်လက်ထက်မှာ ကိုယ်ဖွင့်ထားတဲ့ ဈေးဆိုင်ကိုလည်း ပိတ်လို့မရပါဘူး။ စစ်ကောင်စီက အသံတိတ်သပိတ်ဆိုတဲ့ လူထုလှုပ်ရှားမှုပြုလုပ်တဲ့နေ့မှာ ဈေးဆိုင်တွေကို ပိတ်ရင် ပိုင်ရှင်တွေကို ဖမ်းမယ်ဆိုပြီး အမိန့်စာတွေ ထုတ်ပါတယ်။ဒီလို လူထုလှုပ်ရှားမှုကို စစ်ကောင်စီကို အလွန်ကြောက်ရွံ့တဲ့အတွက် ဈေးဆိုင်တွေကို မပိတ်ခိုင်းဘဲ အတင်းအကြပ် ခြိမ်းခြောက်ပြီး ဖွင့်ခိုင်းပါတယ်။ပြီးခဲ့တဲ့ အာဏာသိမ်းတစ်နှစ်ပြည့်နေ့မှာ ဆိုင်ပိတ်တယ်လို့ အွန်လိုင်းပေါ်ကနေ ကြေငြာတဲ့ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေက ဆိုင်ပိုင်ရှင် နှစ်ရာလောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သလို တချို့ဆိုင်တွေဆိုရင် ချိတ်ပိတ်ခံခဲ့ရပါတယ်။
အွန်လိုင်းပေါ်မှာ ပျံနှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် ရှေ့တန်းထွက်တဲ့အချိန် မတွေ့ရတဲ့ ဝတ်စုံအပြည့်၊ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသံတိတ် သပိတ်ပါဝင်မယ်လို့ ကြေငြာခဲ့တဲ့ စားသောက်ဆိုင်တစ်ခုကို ရန်သူ့စခန်း ဝင်စီးသလို ဝင်စီးခဲ့ပြီး ဆိုင်ရှင်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ပုဂ္ဂလိက ဖွင့်ထားတဲ့ ဈေးဆိုင်ပိုင်ရှင်တွေအတွက်ကတော့ ဆိုင်ပိတ်တာ၊ ဖွင့်တာကတော့ သူတို့ရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ ဈေးဆိုင်ဖွင့်ဖို့ ဘယ်မှသူ အမိန့်လာပေးလို့မရပါဘူး။ဒါပေမဲ့ အစိုးရကဖွင့်ထားတဲ့ စည်ပင်သာယာဈေးတွေမှာဆိုရင်တော့ ဈေးစည်းကမ်းဆိုတာရှိပါတယ်။ ဈေးစည်းကမ်းအရ သတ်မှတ်ထားတဲ့အချိန်မှာသာ ဈေးဆိုင်ဖွင့်ရမှာဖြစ်ပါတယ်။ ဆိုင်ပိတ်ခိုင်းတဲ့ အချိန်မှာ ဖွင့်ရင်သာ စည်းကမ်းချက်ကို ဖောက်ဖျက်တယ်လို့ဆိုနိုင်ပါတယ်။

ဒါ့ကြောင့် ဆိုင်ပိတ်ရင် အရေးယူမယ်ဆိုတာ ဘယ်ဥပဒေမှာမှ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီသာ ရေရှည် ဆက်အုပ်ချုပ်နေမယ်ဆိုရင်တော့ မရှိလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ အခုလိုမျိုး စစ်ကောင်စီက ဆိုင်တွေကို အတင်းအကျပ် ဖွင့်ခိုင်းတာဟာ ဥပဒေနဲ့မညီသလို လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်တွေကို စစ်ကောင်စီက အရေးယူ ဖမ်းဆီးတာတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာ သုံးကြိမ်ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်တွေဟာ အောင်မြင်ခဲ့ပါတယ်။ အသံတိတ်သပိတ်ပြုလုပ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တနိုင်ငံလုံးက ဈေးဆိုင်တွေပိတ်ခဲ့ကြသလို လမ်းပေါ်တွေမှာ လူသူကင်းမဲ့ခဲ့ပါတယ်။

VPN သုံးရင် ဖမ်းမယ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းအမှောင်ချချင်တဲ့အတွက် စစ်ကောင်စီက လူမူကွန်ယက်တွေကို အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်ပါတယ်။
လူမူကွန်ယက်စာမျက်နှာ အမျိုးမျိုးရှိတဲ့အထဲမှာ မြန်မာနိုင်ငံက အသုံးပြုတာ အများဆုံးကတော့ ဖေ့စ်ဘုတ်(Facebook) ဖြစ်ပါတယ်။၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်လူမှုကွန်ရက်အသုံးပြုသူ ၂၈ သန်းကျော် ရှိပါတယ်။စစ်ကောင်စီက မြန်မာနိုင်ငံကို သတင်းအမှောင်ချဖို့ အင်တာနက်အသုံးပြုတာတွေကို ကန့်သတ်လိုက်ပြီး ဖေ့စ်ဘုတ်လို လူမူကွန်ယက်ကို အသုံးပြုချင်ရင် VPN (Virtual Private Network) လို့ခေါ်တဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ ကြားခံစနစ်ကို အသုံးပြုပြီးမှ လူမှုကွန်ရက်တွေကို အသုံးပြုနိုင်တာပါ။စစ်ကောင်စီက ဒါကို သိတဲ့အတွက် VPN သုံးရင် ဖမ်းဆီးထောင်ချနိုင်မယ့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာတော့ မသိသေးပါဘူး။BBC သတင်းက ဖော်ပြတဲ့ အဲ့ဒီဥပဒေ မူကြမ်းမှာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ VPN အသုံးပြုရင် ထောင်ဒဏ် သုံးနှစ် (ဒါမှမဟုတ်) ငွေဒဏ် ကျပ် သိန်း ၅၀ အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းထွက်ပေါ်ပြီးနောက်ပိုင်းမှာ မြို့ပြတချို့မှာ လမ်းသွားလမ်းလာတွေကို VPN စစ်ဆေးတာတွေ ရှိနေပါတယ်။ နောက်ပိုင်း ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုလိုက်ရင်ကတော့ VPN သုံးရင်၊ VPN အက်ပလီကေးရှင်းတွေ ဖုန်းထဲမှာ တွေ့ရင် ထောင်ဒဏ် သုံးနှစ်ကျခံရမယ့် အနေအထားမှာရှိနေပါတယ်။ အဓိကကတော့ စစ်ကောင်စီဟာ ဖေ့ဘုတ်လူမူကွန်ယက်ကို ထိန်းချုပ်လိုတဲ့အတွက် အခုလို ဥပဒေတွေ ပြဌာန်းဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဆိုတာ ကိုယ်ရေးကိုယ်တာပစ္စည်းဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာဆို အစိုးရရဲ့ ညွှန်ကြားချက်တွေ၊ ဘဏ်စနစ်တွေ အားလုံးဟာ ဖုန်းနဲ့ပဲ ချိတ်ဆက်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုလို ကိုယ်ရေးကိုယ်တာနဲ့ဆိုင်တဲ့ အချက်အလက်တွေရှိနေတဲ့ ဖုန်းကို ယူပြီး စစ်ဆေးနေတာဟာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာ(Social Media)တွေကို စစ်ဆေးနေတာဟာ ဒီမိုကရေစီစံချိန်စံနှုန်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပါ ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဖေ့စ်ဘုတ်ဟာ ပြည်သူတွေပဲ သုံးတာမဟုတ်ပါဘူး။ စစ်ကောင်စီ အသိုင်းအဝိုင်း အားလုံးလည်း အသုံးပြုနေကြပါတယ်။

မိုးဟိန်းရဲ့ဟောပြောချက် မကြည့်မနေရ

မိုးဟိန်းဆိုတာကတော့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက သူရိယနေဝန်းဆိုတဲ့ ဂျာနယ်တစ်ခုကို တည်ထောင်ပြီး အမုန်းစကားပြောတာ၊ ဝါဒဖြန့်တာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ စတဲ့ မီဒီယာကျင့်ဝတ်တစ်ခုနဲ့မှ မညီတဲ့ Yellow Journalism လိုခေါ်တဲ့ အပုတ်ချဂျာနယ်တစ်ခုကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မိုးဟိန်းဟာ စစ်ကောင်စီပိုင် မြဝတီတီဗီမှာ “မြန်မာ့အရေး အလေးအနက် တွေးသူတစ်ဦး၏ စကားသံများ” ဆိုပြီး လက်ရှိနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး အပါတ်စဉ် ထုတ်လွင့်လာခဲ့တာဟာဆိုရင် အပိုင်း ၁၆၀ နီးပါးရောက်ရှိနေပါပြီ။

ဒီပုဂ္ဂိုလ်ရဲ့ ဟောပြောချက်တွေကို ပြည်သူတွေက ဘယ်သူမှ မကြည့်ကြပေမယ့် စစ်တပ်အသိုင်းအဝိုင်းကတော့ မကြည့်မနေရ ဆိုတဲ့ အမိန့်ညွှန်ကြားချက်ကြောင့် ကြည့်ရှုနေရပါတယ်။စစ်သင်တန်းကျောင်းတွေမှာတော့ နေ့စဉ် သင်တန်းခန်းမတွေမှာ မကြည့်မနေရ ကြည့်ရပြီး တပ်ရင်းတွေမှာတော့ တပ်ရင်းမှူးတွေရဲ့ အစီအစဉ်နဲ့ စားရိပ်သာတွေမှာ ကြည့်ခိုင်းတယ်လို့ မဇ္ဈိမသတင်းဌာနက ရေးသားထားပါတယ်။မိုးဟိန်းရဲ့ပြောဆိုချက်တွေဟာလည်း စစ်ဗိုလ်ချုပ်တွေအကြိုက်ဖြစ်စေမယ့် သမိုင်းအတု၊ အချက်အလက် အမှားတွေကို လုပ်ကြံဖန်တီးပြောဆိုနေတာဖြစ်ပါတယ်။

“မိုးဟိန်းက လက်ရှိအခြေအနေရော၊ အရင် ပုဂံခေတ်ကစလို့ လက်ရှိခေတ်ထိသမိုင်းရော၊ သူတို့ကျောင်းသားသမိုင်းရော အကုန်လိမ်ညာပြီး ဟောနေတာပဲ”လို့ စစ်တပ်မိသားစုဝင်တစ်ဦးက မဇ္ဈိမသတင်းဌာနကို ဖြေကြားထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM လှုပ်ရှားမှုထဲ ပူးပေါင်းပါဝင်မှာ ကြောက်ရွံ့တဲ့အတွက် အခုလို ထင်ယောင်ထင်မှားဖြစ်စေမယ့် လုပ်ကြံဖန်တီး ဟောပြောချက်တွေနဲ့ တပ်တွင်းအသိုင်းအဝိုင်းကို ဝါဒမိုင်းသွပ်သွင်းနေတာပဲ ဖြစ်ပါတယ်။

အသားမဲပြီး ရုပ်ကြမ်းရင် ဖမ်းတယ်

အသားမဲပြီး ရုပ်ရည်ကြမ်းတမ်းတဲ့ သူကို ဖမ်းဆီးစစ်ဆေးဖို့ စစ်ကောင်စီက တကယ်ညွှန်ကြားထားသလားတော့ မသိပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ အသားမဲပြီး ရုပ်ကြမ်းတဲ့သူတွေကို တကယ်ဖမ်းဆီးခဲ့ပါတယ်။ ပုသိမ်မြို့ရပ်ကွက်တွေမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို နှာခေါင်းစည်း (Mask) ဖြုတ်ခိုင်းပြီး အသားမဲရုပ်ကြမ်းတဲ့သူနဲ့ လည်ပင်းတစ်ဝိုက်မှာ ဒဏ်ရာရှိတဲ့သူတွေကို ဖမ်းဆီးနေတယ်လို့ ဧရာဝတီတိုင်မ်းသတင်းဌာန ရေးသားထားပါတယ်။ ဒီလို အသားမဲပြီး ဒဏ်ရာရှိတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာမှန်ပေမယ့် ဘယ်နှစ်ယောက်ဖမ်းဆီးခံရတယ်၊ ပြန်လွှတ်လာတဲ့သူတွေရှိလား၊ ဘယ်လို ပုဒ်မနဲ့ဖမ်းတာလည်းဆိုတာကတော့ မသိရပါဘူး။

PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကနေ စစ်သင်တန်းဆင်းလာသူတွေဟာ နေပူကျဲကျဲထဲမှာ စစ်သင်တန်းယူရတဲ့အပြင် သေနတ်အချိန်ပြည့်လွယ်ရတာကြောင့် လည်ပင်းတစ်ဝိုက်မှာ ဒဏ်ရာတွေရှိနေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုလို အသားမဲရုပ်ကြမ်းပြီး လည်ပင်းတစ်ဝိုက်မှာ ဒဏ်ရာရှိသူတွေကို စစ်ဆေးနေတာဖြစ်နိုင်ပါတယ်။စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ ကာလအတွင်းမှာ အသားမည်းပြီး ရုပ်ကြမ်းသူတွေဟာ PDF မဟုတ်ခဲ့ရင်တောင် စစ်ဆေးရေးဂိတ်တွေရောက်ရင် တခြားသူတွေထက် ပိုပြီးအစစ်ဆေးခံရမှာ ဖြစ်သလို ကံဆိုးရင်တော့ ဖမ်းဆီးထောင်ချတာ (ဒါမှမဟုတ်) အသတ်တောင်ခံရနိုင်ပါတယ်။

ဖုန်းမပါရင် ဒဏ်ငွေရိုက်တယ်၊ Mask တပ်ရင် ဒဏ်ငွေရိုက်တယ်

လက်ရှိ PDF တွေ အားကောင်းတဲ့ မြို့နယ်တချို့မှာ အပြင်ထွက်တဲ့အချိန်မှာ ဖုန်းမပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေရိုက်တယ်ဆိုတာပါပဲ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာရင်း ဖုန်းစစ်တဲ့အချိန် ဖုန်းမပါရင် ဒဏ်ငွေရိုက်ပြီး မဆောင်နိုင်ရင် စီးလာတဲ့ဆိုင်ကယ်သိမ်းတာတို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက DVB သတင်းမှာ ရေးသားထားပါတယ်။စစ်ကောင်စီအနေနဲ့ မထင်ရင်မထင်သလို လမ်းမှာတွေ့တဲ့သူတွေကို ခေါ်ယူစစ်ဆေးချိန်မှာ ဖုန်းထဲက အချက်အလက်တွေကို စစ်ဆေးလေ့ရှိပါတယ်။

ဖုန်းထဲက ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို စစ်ဆေးတဲ့အပြင် ဖေ့ဘုတ်မှာ NUG ပရိုဖိုင်းချိန်းထားလား၊ ဘယ်သူနဲ့စကားပြောထားလဲ၊ ဘာအကြောင်းကို မျှဝေတာတွေ(Share)ထားလဲ၊ ဘယ်အကြောင်းကို လိုက်ခ်(Like) ပေးထားလဲ စတဲ့ အရာတွေကို စစ်ဆေးလေ့ရှိပါတယ်။DVB သတင်းဌာနရဲ့ သတင်းတွေအရ ဧရာဝတီတိုင်းက မြိုနယ်တချို့မှာဆိုရင် ဖုန်းမပါရင် ဒဏ်ငွေ ငါးထောင်ဆောင်ခိုင်းသလို မန္တလေးမြို့မှာဆိုရင် ဒဏ်ငွေ နှစ်သောင်းဆောင်ခိုင်းပါတယ်။ စစ်ကောင်စီရဲ့ ခြိမ်းခြောက်စစ်ဆေးခံရမှာကို စိုးရိမ်တဲ့အတွက် အပြင်ထွက်တဲ့အချိန် ဖုန်းမယူသွားပေမယ့်လည်း ဒဏ်ငွေစက်ကွင်းကနေတော့ မလွတ်ခဲ့ပါဘူး။

နောက်တစ်ခုကတော့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လူပေါင်း သန်းနဲ့ချီသေဆုံးခဲ့ပါပြီ။ ကိုဗစ်ဟာ မျိုးရိုးဗီဇအမျိုးမျိုး ပြောင်းလဲနေပြီး အခုထိ ရာနှုန်းပြည့်ပျောက်ကင်း၊ ရာနှုန်းပြည့်ကာကွယ်ပေးတဲ့ ဆေးတွေလည်း မပေါ်သေးပါဘူး။ အဲ့ဒါကြောင့် နိုင်ငံတော်တော်များများမှာတော့ နှာခေါင်းစည်း (Mask) တပ်ဖို့ စည်းကမ်းတွေ ချမှတ်ထားသလို စည်းကမ်းဖောက်ဖျက်ရင်လည်း ပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် Mask မတပ်ရင် ကြိမ်ဒဏ်ပေးတာတွေရှိသလို အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် Mask မတပ်ရင် ကိုဗစ်ကြောင့် သေဆုံးသွားသူတွေကို မြုပ်ဖို့ ကျင်းတူးရတဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာပါ။ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်နှုန်းမြှင့်မားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထူးဆန်းစွာနဲ့ပဲ Mask တပ်ရင် ဒဏ်ငွေ ပေးဆောင်ရပါတယ်။ ဒါကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားတာ မဟုတ်သလို စာရိတ္တပျက်စီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုက်ဆံရှာဖို့အတွက် ခေတ်စကားနဲ့ဆိုရင် “ဂွင်”လို့ဆိုလိုရပါတယ်။

ဘိုကလေးမြို့က အမျိုးသမီးတစ်ဦးဆိုရင် စစ်ဆေးရေးဂိတ်တစ်ခုဖြတ်တဲ့အချိန်မှာ Mask တပ်ထားလို့ ဒဏ်ငွေ ငါးထောင် ဆောင်ခဲ့ရတယ်လို့ DVB သတင်းဌာနကိုပြောပါတယ်။ ကိုယ့်အသက်အန္တရာယ်အပြင် တခြားသူတွေရဲ့အသက်အန္တရာယ်အတွက် Mask တပ်တာဖြစ်ပေမယ့် Mask တပ်လို့ ဒဏ်ငွေဆောင်ရတာ ကမ္ဘာမှာ မြန်မာနိုင်ငံပဲရှိမယ်ထင်ပါတယ်။ဒါဟာလည်း PDF ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ခြိမ်းခြောက်ငွေညစ်လို့ကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်နေပါတယ်။

ထူးထူးဆန်းဆန်း ညွှန်ကြားချက်တွေနဲ့ ပြည်သူတွေရဲ့အနာဂါတ်

စစ်အာဏာရှင်တစ်နှစ်ကျော် အုပ်ချုပ်နေတဲ့ကာလအတွင်း အခုလို အမိန့်ညွှန်ကြားချက်တွေ အမျိုးမျိုးထွက်ပေါ်လာပြီး ပြည်သူတွေအနေနဲ့ကတော့ ထင်ရာစိုင်းနေတဲ့ စစ်ကောင်စီရဲ့လက်ထဲမှာ တရားဥပဒေရဲ့ အကာအကွယ်ကိုလည်း ရရှိမှာမဟုတ်ပါဘူး။ ဥပဒေအရ ပြန်လည်ချေပခွင့်ရရှိရင်တောင် အမိန့်ချမှတ်မယ့် တရားသူကြီးတွေကတော့ စစ်ကောင်စီ စေခိုင်းတဲ့အတိုင်း အမိန့်ချသွားဖို့က ရာနှုန်းပြည့်ဖြစ်နိုင်တဲ့အတွက် မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့ မျှော်လင့်လို့မရပါဘူး။အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုဟာ ၁၀၀ ရာခိုင်နှုန်းမှာ ၉ ရာခိုင်နှုန်းပဲရှိပါတော့တယ်။ မြန်မာနိုင်ငံနဲ့အတူ ၁၀ ရာခိုင်နှုန်းအောက်မှာရှိတဲ့ နိုင်ငံတွေကတော့ မြောက်ကိုရီးယား၊ ဆိုမားလီးယား၊ ဆီးရီးယား၊ တောင်ဆူဒန်စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ တာလီဘန်အဖွဲ့အုပ်ချုပ်နေတဲ့ အာဖန်ဂန်နစ္စတန်နိုင်ငံတောင် မြန်မာထက် တစ်ရာခိုင်နှုန်းပို လွတ်လပ်တာကိုတွေ့ရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch (HRW) အဖွဲ့ရဲ့ ၂၀၂၁ ခုနစ် နှစ်ပတ်လည် အစီရင်ခံစာမှာ စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတယ်လို့ အစီရင်ခံထားပါတယ်။ အမေရိကန်နိုင်ငံဟာလည်း ခရီးမသွားသင့်တဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို အနီရောင် အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါတောင် စစ်ကောင်စီအုပ်ချုပ်နေတာ တစ်နှစ်ကျော်ကာလပဲရှိပါသေးတယ်။ စစ်ကောင်စီသာ ရေရှည်ဆက်အုပ်ချုပ်သွားမယ်ဆိုရင် သူတို့ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် အသားဖြူဆေးတွေ အရောင်းသွက်လာနိုင်သလို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်တဲ့ တစ်ယောက်စီး ဆိုင်ကယ်တွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။

ဖုန်းမရှိရင် ဒဏ်ငွေရိုက်တဲ့အတွက် ဖုန်းကုမ္ပဏီတွေကတော့ ရောင်းအားကောင်းလာမှာဖြစ်ပြီး ကိုဗစ်ကာလ ဖြစ်ပေမယ့် Mask ကုမ္ပဏီတွေကတော့ ရောင်းအားကျတော့မှာဖြစ်ပါတယ်။ဈေးမဖွင့်မနေရ အမိန့်ထုတ်ထားပေမယ့်လည်း ဘယ်သူမှ ဈေးလာဝယ်မှာ မဟုတ်တဲ့အတွက် ဆိုင်ဝန်ထမ်းတွေအတွက်တော့ နားနားနေနေဖြစ်မယ့် နေ့တစ်နေ့ပါ။ စစ်တပ်အသိုင်းအဝိုင်းဟာလည်း မိုးဟိန်း စကားပြောနိုင်သေးသမျှ ကာလပါတ်လုံး သူ့ရဲ့ဗီဒီယိုတွေကို အောင့်အီးပြီး ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။

စစ်ကောင်စီသာ သက်ဆိုးရှည်ဦးမယ်ဆိုရင် ကမ္ဘာပေါ်မှာ မရှိသေးတဲ့ ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကို အမျိုးမျိုးထုတ်ပြန်နေဦးမှာပဲဖြစ်ပြီး အနာဂါတ်မှာ မြန်မာနိုင်ငံကို “အရှေ့တောင်အာရှရဲ့ မြောက်ကိုရီးယား” လို့တောင် နိုင်ငံတကာကခေါ်ဝေါ်သမုတ်လာနိုင်ပါတယ်။By The 74 Media