Local News
ယနေ့ည ရန်ကုန်မှာ အုံးကုန်ပြီ
ရန်ကုန်၊ မေ ၂၃
အင်းစိန်ထောင်ရှိ တော်လှန်ရေးရဲဘော်များ အားတက်စေရန်နှင့် စိတ်ဓာတ်မကျစေရန် UMCD အင်အားစု က ဗုံးဖောက်ခွဲ အသံပေး(ရုပ်/သံ)
ရန်ကုန်၊ မေ ၂၃
ယနေ့ မေလ ၂၃ ရက် ည ၈ နာရီ ဝန်းကျင်တွင် အင်းစိန်ထောင်အတွင်းရှိ တော် လှန်ရေး ရဲဘော်များ အားလုံး အား တက်စေရန်နှင့် စိတ်ဓာတ်ကျခြင်း မရှိစေရန် အင်းစိန်ထောင်အနီးတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း UMCD က ပြောသည်။
ထိုဖောက်ခွဲမှုများမှာ တော်လှန်ရေးရဲဘော်များ အားလုံးနှင့် တစ်သားထဲရှိကြောင်း ပြသရန် ဖောက်ခွဲခဲ့ရုံသာမက ထောင်တွင်း နှိပ်စက်ညှင်းပန်း ဖိနှိပ်နေသော ဝန်ထမ်းများအားလည်း နောက်ဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင် ဝန်ထမ်းအိမ်ရာဝင်းအတွင်း ယနေ့ ည ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင် အင်းစိန်မြို့နယ် အောက်မင်္ဂ လာဒုံ လမ်းမကြီး မင်းစေတီ အနား အင်းစိန် အကျဉ်းထောင် ဝန်ထမ်းအိမ်ရာဝင်းထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံ ၃ချက်ထွက်ပေါ်လာကြောင်း သိရှိရသည်။
“ဗုံး ၃ လုံးထင်တယ်။ ၃ ချက်ပေါက်တယ်။ ထိခိုက်မှုတော့မရှိဘူး။ လူတွေ လန့်ပြီး ထွက်လာတာ။ ရာအိမ်မှူးတွေကက စစ်ကားလာမယ်၊
ရဲကားလာမယ်ဆိုပြီး လမ်းတွေရှင်း လူတွေရှင်းတယ်။ ရဲကား တစ်စီးလာတယ်။ ပြန်သွားတယ်။ မီးခိုးတွေပါ ထွက်တယ်။ ပေါက်တာက ။ အသံလည်းကျယ်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်လည်း ယနေ့ ည ၈ နာရီ ၂၀ မိနစ်တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။