စစ္တပ္ႏွင့္တိုက္ပြဲျဖစ္ေနေသာ ကန႔္ဘလူ၊ ျမင္းမူ၊ ကြၽန္းလွ၊ မုံ႐ြာ၊ ခင္ဦး၊ေရဦး၊ ေကာလင္း အပါအဝင္ စစ္ကိုင္း ၿမိဳ႕နယ္မ်ားတြင္ ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ားကို စစ္တပ္က ျဖတ္ေတာက္၊ တခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ စစ္ေၾကာင္းမ်ား ဝင္လာ
ရန္ကုန္၊ ေမ ၂၄
စစ္ကိုင္းတိုင္း၊ ၿမိဳ႕နယ္ ၉ ခုထက္မနည္းတြင္ ယေန႔နံနက္ ၆ နာရီမွစတင္ၿပီးတယ္လီဖုန္းလိုင္း၊ အင္တာနက္ လိုင္းမ်ား ျဖတ္ေတာက္ၿပီး တခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ စစ္ေၾကာင္းမ်ား ထိုးစစ္ဆင္လာေၾကာင္း ေဒသ ကာ ကြယ္ေရးတပ္မ်ားထံမွ သိရွိရသည္။
ကန႔္ဘလူ PDF က ကန႔္ဘလူႏွင့္ ကြၽန္းလွဘက္တြင္ ဖုန္းလိုင္မ်ား ျပတ္ေတာက္သြားၿပီျဖစ္ေၾကာင္း တရားဝင္ သတင္းထုတ္ျပန္သည္။ “ကန႔္ဘလူ ၊ ကြၽန္းလွ ဘက္ကေတာ့ နံနက္ ၆နာရီ ၅၅ မိနစ္ခန႔္က ဖုန္းလိုင္းမ်ား ျပတ္ေတာက္သြားတယ္”ဟု ကန႔္ဘလူ PDF က ေၾကညာသည္။
အလားတူ ျမင္းမူၿမိဳ႕နယ္အတြင္းတြင္လည္း ဖုန္းလိုင္းႏွင့္အင္တာနက္လိုင္းမ်ား ျပတ္ေတာက္သြားေၾကာင္း ၊ ျမင္းမူၿမိဳ႕နယ္ မူးျမစ္ အေရွ႕၊အေနာက္ဘက္တြင္ စစ္တပ္က စစ္ေၾကာင္းႏွစ္ခုျဖင့္ ေက်း႐ြာမ်ားကို ဝင္ေရာက္စီးနင္း ထိုးစစ္ဆင္ေနေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားက ေျပာသည္။
ေဒသခံတခ်ိဳ႕၏ ေျမျပင္ ခ်ိတ္ဆက္ထားေသာ ဆက္သြယ္ေရးကြန္ရက္မွတစ္ဆင့္ အေၾကာင္းၾကားခ်က္အရ မုံ႐ြာၿမိဳ႕နယ္၊ ေက်း႐ြာမ်ားတြင္လည္း ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္းမ်ား ျပတ္ေတာက္သြားၿပီျဖစ္ေၾကာင္း သိရွိရသည္။
“အင္တာနက္လိုင္းကေတာ့ နဂိုကတည္းက ျဖတ္ထားၿပီးသားပါ။ ဒါေပမယ့္ 2G ဆိုတာေတာ့ ေပၚတယ္ေလ။ ဘာမွေတာ့ သုံးမရဘူး။ အခုက 2G လည္း မေပၚေတာ့ဘူး။ ဖုန္းလိုင္းလည္း မရေတာ့ဘူး” ဟု ခင္ဦး PDFက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
လတ္တေလာ ဖုန္းလိုင္းအားလုံးႏွင့္ အင္တာနက္လိုင္း (2G ပါမရ) ျဖတ္ေတာက္ခံထားရသည့္ၿမိဳ႕နယ္မ်ားမွာ ခင္ဦး၊ မုံ႐ြာ၊ေရဦး၊ကြၽန္းလွ၊ ယင္းမာပင္၊ ပုလဲ၊ကနီ၊ကန႔္ဘလူ၊ ေကာလင္း၊ ျမင္းမူ ၿမိဳ႕နယ္မ်ားျဖစ္ၿပီး ဖုန္းလိုင္းႏွင့္ အင္တာနက္လိုင္း ျဖတ္ေတာက္ခံရသည့္ ၿမိဳ႕နယ္မ်ား ထပ္တိုးလာႏိုင္ေၾကာင္း ေျမျပင္ဆက္သြယ္ေရး PDFကြန္ရက္မ်ားထံမွ သိရွိရသည္။
စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသော ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မုံရွာ၊ ခင်ဦး၊ရေဦး၊ ကောလင်း အပါအဝင် စစ်ကိုင်း မြို့နယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်၊ တချို့မြို့နယ်များတွင် စစ်ကြောင်းများ ဝင်လာ
ရန်ကုန်၊ မေ ၂၄
စစ်ကိုင်းတိုင်း၊ မြို့နယ် ၉ ခုထက်မနည်းတွင် ယနေ့နံနက် ၆ နာရီမှစတင်ပြီးတယ်လီဖုန်းလိုင်း၊ အင်တာနက် လိုင်းများ ဖြတ်တောက်ပြီး တချို့မြို့နယ်များတွင် စစ်ကြောင်းများ ထိုးစစ်ဆင်လာကြောင်း ဒေသ ကာ ကွယ်ရေးတပ်များထံမှ သိရှိရသည်။
ကန့်ဘလူ PDF က ကန့်ဘလူနှင့် ကျွန်းလှဘက်တွင် ဖုန်းလိုင်များ ပြတ်တောက်သွားပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။ “ကန့်ဘလူ ၊ ကျွန်းလှ ဘက်ကတော့ နံနက် ၆နာရီ ၅၅ မိနစ်ခန့်က ဖုန်းလိုင်းများ ပြတ်တောက်သွားတယ်”ဟု ကန့်ဘလူ PDF က ကြေညာသည်။
အလားတူ မြင်းမူမြို့နယ်အတွင်းတွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားကြောင်း ၊ မြင်းမူမြို့နယ် မူးမြစ် အရှေ့၊အနောက်ဘက်တွင် စစ်တပ်က စစ်ကြောင်းနှစ်ခုဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်း ထိုးစစ်ဆင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
ဒေသခံတချို့၏ မြေပြင် ချိတ်ဆက်ထားသော ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အကြောင်းကြားချက်အရ မုံရွာမြို့နယ်၊ ကျေးရွာများတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။
“အင်တာနက်လိုင်းကတော့ နဂိုကတည်းက ဖြတ်ထားပြီးသားပါ။ ဒါပေမယ့် 2G ဆိုတာတော့ ပေါ်တယ်လေ။ ဘာမှတော့ သုံးမရဘူး။ အခုက 2G လည်း မပေါ်တော့ဘူး။ ဖုန်းလိုင်းလည်း မရတော့ဘူး” ဟု ခင်ဦး PDFက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လတ်တလော ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်လိုင်း (2G ပါမရ) ဖြတ်တောက်ခံထားရသည့်မြို့နယ်များမှာ ခင်ဦး၊ မုံရွာ၊ရေဦး၊ကျွန်းလှ၊ ယင်းမာပင်၊ ပုလဲ၊ကနီ၊ကန့်ဘလူ၊ ကောလင်း၊ မြင်းမူ မြို့နယ်များဖြစ်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် မြို့နယ်များ ထပ်တိုးလာနိုင်ကြောင်း မြေပြင်ဆက်သွယ်ရေး PDFကွန်ရက်များထံမှ သိရှိရသည်။