Local News

“NUG ရုံးတွေ နိုင်ငံ ၇ ခုမှာ ရှိနေပြီ”

UG ကိုယ္စားလွယ္ေတြ ကမာၻ႔ႏိုင္ငံခုနစ္ခုမွာ သံ႐ုံးလုပ္ငန္းေတြေဆာင္႐ြက္ေန

ဦးခင္ေမာင္စိုး ( ဝါရွင္တန္ဒီစီ )

အာဏာသိမ္းစစ္ေကာင္စီကို ႏိုင္ငံတကာက အသိအမွတ္ျပဳမႈ မရွိသေလာက္ နည္းပါးေနခ်ိန္မွာ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရက ခန႔္အပ္တာဝန္ေပးထားတဲ့ ကိုယ္စားလွယ္ေတြဟာ အခုကမာၻ႔ႏိုင္ငံ ခုနစ္ခုမွာ ႐ုံးခန္းေတြဖြင့္ထားပါၿပီ။ သူတို႔အေနနဲ႔ တရားဝင္ သံတမန္ေတြအလားလုပ္ပိုင္ခြင့္ေတြ ရရွိထားတယ္လို႔ ေနာ္ေဝႏိုင္ငံဆိုင္ရာ NUG ကိုယ္စားလွယ္ ဦးေမာင္ေမာင္ျမင့္က RFA ကိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔ကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကိုယ္စားလွယ္အေနနဲ႔ ဒီကႏိုင္ငံျခားေရးဝန္ႀကီးဌာနကေနၿပီး အသိအမွတ္ျပဳတယ္။ ဒါေပမဲ့ အခုေလာေလာဆယ္ဆယ္မွာ ျမန္မာႏိုင္ငံရဲ႕ အစိုးရအေနနဲ႔ စစ္ေကာင္စီကိုေရာ NUGကိုေရာ အခုခ်ိန္ထိ ႏိုင္ငံတကာက တိတိလင္းလင္း အသိအမွတ္မျပဳေသးတဲ့အတြက္ေၾကာင့္ သံအမတ္ဆိုတဲ့ ရာထူး ဒါမွမဟုတ္ရင္လည္း သံ႐ုံးဆိုတာကေတာ့ နဂိုရွိရင္းစြဲ သံ႐ုံးကိုပဲ သူတို႔က သံ႐ုံးလို႔ေလာေလာဆယ္ အသိအမွတ္ျပဳထားတယ္။ ဒါေပမဲ့လို႔ ကြၽန္ေတာ္တို႔ကိုေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေဆာင္တာမွန္သမွ်ကို သံတမန္အေနနဲ႔ပဲ သေဘာထားၿပီးေတာ့။

ေျပာရမယ္ဆိုရင္ေတာ့ de facto embassy ဒါမွမဟုတ္ de facto ambassador အေနနဲ႔သေဘာထားၿပီးေတာ့ သူတို႔ဆက္ဆံတယ္။ ေလာေလာဆယ္မွာ ကြၽန္ေတာ္တို႔ ဒီဥေရာပမွာဆိုလို႔ရွိရင္ ဒီခ်က္ႏိုင္ငံရယ္ ယူေကရယ္ ေနာ္ေဝရယ္ ျပင္သစ္ရယ္ ေလးႏိုင္ငံ ေနာက္ၿပီးေတာ့ အာရွတိုက္မွာ ဆိုလို႔ရွိရင္ေတာ့ ကိုရီးယားနဲ႔ ဂ်ပန္ရွိပါတယ္။ ၿပီးေတာ့တစ္ခါ … ၾသစေၾတးလ်ႏိုင္ငံမွာလည္းပဲ ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္႐ုံးတစ္ခုရွိပါတယ္”သူတို႔ဘာေတြလုပ္ေနၾကပါသလဲ။” ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္႐ုံးရဲ႕လုပ္ငန္းေဆာင္တာေတြက သံ႐ုံးတစ္႐ုံးရဲ႕ လုပ္ငန္းေဆာင္တာေတြနဲ႔ အလားတူပဲျဖစ္ပါတယ္။ ဥပမာနဲ႔ေျပာရမယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ ဒီဘက္ႏိုင္ငံကိုေရာက္ေနတဲ့ ျမန္မာေက်ာင္းသားေတြရွိတယ္။

ျမန္မာေက်ာင္းသားေတြက ဒီဘက္ျခမ္းမွာ ဒီေႏြဦးေတာ္လွန္ေရးကာလအေတာအတြင္း ၿပီးခဲ့တဲ့တစ္ႏွစ္ခြဲ အေတာအတြင္းမွာ သူတို႔လႈပ္ရွားခဲ့မႈေတြရွိတယ္။ သူတို႔အေနနဲ႔ ဒီမွာဆက္ေနခ်င္တဲ့ ကိစၥမ်ိဳးေတြရွိတယ္။ အဲ့ဒီအခါက်လို႔ရွိရင္ သူတို႔ရဲ႕ဗီဇာသက္တမ္းတိုးေပးဖို႔ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီဘက္က သက္ဆိုင္ရာႏိုင္ငံေတြကို ကြၽန္ေတာ္တို႔ ဆက္သြယ္ေပးရပါတယ္။ ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့အေျခအေနေတြ အားလုံးကို သက္ဆိုင္ရာႏိုင္ငံေတြက အစိုးရေတြကိုသိေအာင္ အၿမဲတမ္းအေၾကာင္းၾကားပါတယ္။ ေန႔စဥ္သတင္းေတြကို ကြၽန္ေတာ္တို႔ပို႔တယ္။ ၿပီးေတာ့ ေတာင္းဆိုစရာရွိတယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ေတာင္းဆိုတာမ်ိဳးေတြ က်ေနာ္တို႔ရွိပါတယ္၊ ဥပမာကုလသမဂၢရဲ႕ အေထြေထြညီလာခံက်င္းပမယ့္ရက္မ်ိဳး လုံၿခဳံေရးေကာင္စီက်င္းပမယ့္ရက္မ်ိဳးဆိုလို႔ရွိရင္ ျမန္မာႏိုင္ငံနဲ႔ပတ္သတ္တဲ့ ကိစၥေတြကို ေတာင္းဆိုေပးဖို႔ အတြက္ကို ဒီကႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြကို ကြၽန္ေတာ္တို႔ေျပာဆိုေဆြးေႏြးၿပီးေတာ့ ေတာင္းဆိုတာမ်ိဳးေတြ ကြၽန္ေတာ္တို႔ရွိပါတယ္။

ေနာက္တခုကေတာ့ NUG က လုပ္ငန္းေဆာင္တာေတြကို ကြၽန္ေတာ္တို႔ဒီဘက္ႏိုင္ငံေတြက အစိုးရေတြသိေအာင္ အၿမဲမျပတ္ သတင္းပို႔ပါတယ္။ ေနာက္ၿပီးေတာ့ အေရးႀကီးဆုံးျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ ေလာေလာဆယ္ အလိုအပ္ဆုံးျဖစ္ေနတဲ့ လူသားခ်င္း စာနာေထာက္ထားမႈအကူအညီေတြေပါ့ေနာ္။ ဒီစစ္ေျပးဒုကၡသည္ေတြနဲ႔ ပတ္သက္တဲ့ အကူအညီေတြရေအာင္ ႀကိဳးစားပါတယ္။ ဒုကၡသည္စခန္းေတြမွာ ရွိတဲ့ က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္းေတြ ၿပီးေတာ့ ပညာေရးဝန္ေဆာင္မႈလုပ္ငန္းေတြ အဲ့ဒါေတြကိုမျပည့္စုံမႈေတြ အမ်ားႀကီးရွိတဲ့ၾကားက လုပ္ေနရတာျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံရပ္ျခားမွာရွိတဲ့ အစိုးရေတြကေနၿပီးေတာ့ ဘယ္လိုကူညီႏိုင္မလဲ ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ အၿမဲတမ္းစုံစမ္းပါတယ္။ေနာက္ၿပီးေတာ့ ကူညီႏိုင္မယ္ဆိုလို႔ရွိရင္လည္းပဲ သူတို႔နဲ႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးၿပီးေတာ့ အဲ့ဒီဟာေတြကို ကြၽန္ေတာ္တို႔လက္ေတြ႕အေကာင္အထည္ေပၚေအာင္ NUG နဲ႔ ကြၽန္ေတာ္တို႔ ဆက္စပ္ၿပီးေတာ့ လုပ္ရတဲ့အေနအထားမ်ိဳးေတြ ရွိပါတယ္။

ေနာက္တစ္ခုကေတာ့ ပညာေရးနဲ႔ ပတ္သက္တဲ့ ကိစၥမ်ိဳးကေတာ့ အထူးသျဖင့္ ဟိုးတုန္းကတည္းက ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ အစိုးရခ်င္းျဖစ္ေစ NGO ေတြနဲ႔ျဖစ္ေစ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြ ရွိပါတယ္။ အဲ့ဒီလုပ္ငန္းေတြက အခုေလာေလာဆယ္မွာ ရပ္ဆိုင္းေနပါတယ္။ အဲ့ဒီလုပ္ငန္းေတြကို ျပန္ၿပီးေတာ့ ေဆာင္႐ြက္ႏိုင္ေအာင္၊ ေဆာင္႐ြက္တဲ့ အခါမွာလည္းပဲ စစ္ေကာင္စီကေန တစ္ဆင့္သြားၿပီးေတာ့ အကူအညီေပးၿပီးေတာ့ ေဆာင္႐ြက္တာမ်ိဳးမဟုတ္ဘဲနဲ႔ NUG ကေနတစ္ဆင့္ ကြၽန္ေတာ္တို႔ ဒီဘက္မွာ ရွိတဲ့ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အေကာင္အထည္ေဖာ္တဲ့ ကိစၥမ်ိဳးျဖစ္လာေအာင္ ကြၽန္ေတာ္တို႔က ဒီဘက္ကေနႀကိဳးစားေပးရပါတယ္”

ၾသစေၾတးလ်ႏိုင္ငံဆိုင္ရာ NUG ကိုယ္စားလွယ္ ဦးထြန္းေအာင္ေ႐ႊကလည္း သူတို႔႐ုံးအဖြဲ႕မွာ လူအင္အား ၃၅ ေယာက္ခန႔္ရွိၿပီး ဌာနအလိုက္တာဝန္ေတြခြဲၿပီး ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။“Political section ကေတာ့ ၾသစေတးလ်ရဲ႕ႏိုင္ငံေရးအေနအထားေတြ ကြၽန္ေတာ္တို႔ေလ့လာတယ္။ ေနာက္ၿပီးေတာ့မွ NUG ကိုျပန္ၿပီး briefing လုပ္တယ္။ ဒုတိယကေတာ့ consular section ကေတာ့ ဒီၾသစေတးလ်ကိုေရာက္ေနတဲ့ ျမန္မာပတ္စပို႔ကိုင္ထားတဲ့ေက်ာင္းသားေတြ skilledmigrants သက္ေမြးဝမ္းေၾကာင္းပညာရွင္ေတြ သူတို႔ရင္ဆိုင္ေနရတဲ့ ဒီပတ္စပို႔နဲ႔ပတ္သက္တဲ့ issue ေတြ ေနာက္ဗီဇာနဲ႔ပတ္သတ္တဲ့ issue ေတြ၊ ဒီ section ကကိုင္ရတယ္ ၿပီးေတာ့မွ သက္ဆိုင္ရာၾသစေတးလ်အစိုးရရဲ႕တာဝန္ရွိတဲ့သူေတြကိုတင္ျပေပးတာ။ ေျပာဆိုေပးတာေတြလုပ္ပါတယ္။ ေနာက္တစ္ခုကေတာ့ cultural and education section ဆိုတာပါ။

ဒါကေတာ့ NUG ပညာေရးဝန္ႀကီးဌာန က ေဆာင္႐ြက္ခ်င္တဲ့လုပ္ငန္းေတြအတြက္ကူညီေပးႏိုင္ဖို႔အတြက္ရည္႐ြယ္ၿပီးျပင္ဆင္ေနတာေတြေတာ့ရွိပါတယ္။ စတုတၳကေတာ့ ကြၽန္ေတာ္တို႔ ႐ုံးအဖြဲ႕ေပါ့ေလ အဲ့႐ုံးအဖြဲ႕ကေတာ့ ကြၽန္ေတာ္တို႔ news letter ေလးထုတ္တယ္။ ျမန္မာႏိုင္ငံရဲ႕ျဖစ္ပ်က္ေနတဲ့အေနအထားေတြကို ၾသစေတးလ်မွာရွိတဲ့ႏိုင္ငံေရးသမားေတြပိုၿပီးေတာ့သိဖို႔နဲ႔ ေနာက္ NUG ရဲ႕မူဝါဒေတြေဆာင္႐ြက္ေနတာေတြကိုသိႏိုင္ဖို႔ေပါ့ေနာ္ NUG ရဲ႕ရန္ပုံေငြရွာေဖြေရး လုပ္ငန္းေတြကိုလည္း ဒီအဖြဲ႕ကပဲ လုပ္ပါတယ္။”

ဦးထြန္းေအာင္ေ႐ႊ က သူတို႔ကိုယ္စားလွယ္႐ုံးအသစ္ကို ၾသစေၾတးလ်ႏိုင္ငံ၊ ကင္ဘာရာၿမိဳ႕မွာ ေရွ႕လအတြင္း ဖြင့္ဖို႔ႀကိဳးစားေနပါတယ္။ ဒီအေတာအတြင္း ဂ်ပန္ႏိုင္ငံဆိုင္ရာ NUG ကိုယ္စားလွယ္ ဦးေစာဘလွသိန္းကလည္း ဂ်ပန္အစိုးရ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ သူတို႔ခ်ိတ္ဆက္ထားတယ္လို႔ ေျပာပါတယ္။“ကြၽန္ေတာ္တို႔ ဒီမွာကိုယ္စားလွယ္ခန႔္ၿပီးေတာ့ အဲ့ဒီႏွစ္လပိုင္း တစ္ရက္ေန႔က သူတို႔ကို official အေၾကာင္း ၾကားထားတဲ့အျပင္ ဆရာမေဒၚဇင္မာေအာင္တို႔ဘက္ကေနၿပီးေတာ့လည္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို သူတို႔စာနဲ႔ အေၾကာင္းၾကားထားပါတယ္ခင္ဗ်။

ၿပီးေတာ့အခုေလာေလာဆယ္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ကြၽန္ေတာ္တို႔ ဆက္သြယ္ေဆာင္႐ြက္မႈေတြ လုပ္ေနတာရွိပါတယ္ခင္ဗ်။ ဒီအခ်ိန္မွာေတာ့ ဒီစကစကလည္း government မဟုတ္ဘူးေပါ့ေနာ္ ဒီ NUG ကလည္း သူတို႔ government မဟုတ္ေသးတဲ့အတြက္ေၾကာင့္ ႏွစ္ခုစလုံးကို သူတို႔ government အေနနဲ႔သူတို႔ မသတ္မွတ္ေသးဘူးေပါ့ေနာ္။ အဲ့ဒီအပိုင္းမွာ ကြၽန္ေတာ္တို႔ ကေတာ့ ဒီ NUG ကို ဂ်ပန္အစိုးရကေနၿပီးေတာ့မွ အသိအမွတ္ျပဳဖို႔အတြက္ ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္ဖို႔ရွိပါတယ္ခင္ဗ်။”

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဆိုင္းဖူးဒင္က သူတို႔ႏိုင္ငံမွာ ႐ုံးခန္းဖြင့္ခြင့္ျပဳဖို႔ NUG အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ေမလ ၁၄ ရက္ေန႔က RFA ကိုေျပာပါတယ္။ အျခားႏိုင္ငံတခ်ိဳ႕မွာလည္း ႐ုံးခန္းေတြဖြင့္ဖို႔ ႀကိဳးစားေနတယ္လို႔ NUG ေခါင္းေဆာင္ေတြကေျပာေပမယ့္ အတိအက် မသိရေသးပါဘူး။RFA

UG ကိုယ်စားလှယ်တွေ ကမ္ဘာ့နိုင်ငံခုနစ်ခုမှာ သံရုံးလုပ်ငန်းတွေဆောင်ရွက်နေ

ဦးခင်မောင်စိုး ( ဝါရှင်တန်ဒီစီ )

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုမှု မရှိသလောက် နည်းပါးနေချိန်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်တွေဟာ အခုကမ္ဘာ့နိုင်ငံ ခုနစ်ခုမှာ ရုံးခန်းတွေဖွင့်ထားပါပြီ။ သူတို့အနေနဲ့ တရားဝင် သံတမန်တွေအလားလုပ်ပိုင်ခွင့်တွေ ရရှိထားတယ်လို့ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်က RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အနေနဲ့ ဒီကနိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး အသိအမှတ်ပြုတယ်။ ဒါပေမဲ့ အခုလောလောဆယ်ဆယ်မှာ မြန်မာနိုင်ငံရဲ့ အစိုးရအနေနဲ့ စစ်ကောင်စီကိုရော NUGကိုရော အခုချိန်ထိ နိုင်ငံတကာက တိတိလင်းလင်း အသိအမှတ်မပြုသေးတဲ့အတွက်ကြောင့် သံအမတ်ဆိုတဲ့ ရာထူး ဒါမှမဟုတ်ရင်လည်း သံရုံးဆိုတာကတော့ နဂိုရှိရင်းစွဲ သံရုံးကိုပဲ သူတို့က သံရုံးလို့လောလောဆယ် အသိအမှတ်ပြုထားတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို သံတမန်အနေနဲ့ပဲ သဘောထားပြီးတော့။

ပြောရမယ်ဆိုရင်တော့ de facto embassy ဒါမှမဟုတ် de facto ambassador အနေနဲ့သဘောထားပြီးတော့ သူတို့ဆက်ဆံတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ ဒီဥရောပမှာဆိုလို့ရှိရင် ဒီချက်နိုင်ငံရယ် ယူကေရယ် နော်ဝေရယ် ပြင်သစ်ရယ် လေးနိုင်ငံ နောက်ပြီးတော့ အာရှတိုက်မှာ ဆိုလို့ရှိရင်တော့ ကိုရီးယားနဲ့ ဂျပန်ရှိပါတယ်။ ပြီးတော့တစ်ခါ … သြစတြေးလျနိုင်ငံမှာလည်းပဲ ကျွန်တော်တို့ ကိုယ်စားလှယ်ရုံးတစ်ခုရှိပါတယ်”သူတို့ဘာတွေလုပ်နေကြပါသလဲ။” ကျွန်တော်တို့ ကိုယ်စားလှယ်ရုံးရဲ့လုပ်ငန်းဆောင်တာတွေက သံရုံးတစ်ရုံးရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အလားတူပဲဖြစ်ပါတယ်။ ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီဘက်နိုင်ငံကိုရောက်နေတဲ့ မြန်မာကျောင်းသားတွေရှိတယ်။

မြန်မာကျောင်းသားတွေက ဒီဘက်ခြမ်းမှာ ဒီနွေဦးတော်လှန်ရေးကာလအတောအတွင်း ပြီးခဲ့တဲ့တစ်နှစ်ခွဲ အတောအတွင်းမှာ သူတို့လှုပ်ရှားခဲ့မှုတွေရှိတယ်။ သူတို့အနေနဲ့ ဒီမှာဆက်နေချင်တဲ့ ကိစ္စမျိုးတွေရှိတယ်။ အဲ့ဒီအခါကျလို့ရှိရင် သူတို့ရဲ့ဗီဇာသက်တမ်းတိုးပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီဘက်က သက်ဆိုင်ရာနိုင်ငံတွေကို ကျွန်တော်တို့ ဆက်သွယ်ပေးရပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေ အားလုံးကို သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေကိုသိအောင် အမြဲတမ်းအကြောင်းကြားပါတယ်။ နေ့စဉ်သတင်းတွေကို ကျွန်တော်တို့ပို့တယ်။ ပြီးတော့ တောင်းဆိုစရာရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့တောင်းဆိုတာမျိုးတွေ ကျနော်တို့ရှိပါတယ်၊ ဥပမာကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကျင်းပမယ့်ရက်မျိုး လုံခြုံရေးကောင်စီကျင်းပမယ့်ရက်မျိုးဆိုလို့ရှိရင် မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို တောင်းဆိုပေးဖို့ အတွက်ကို ဒီကနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို ကျွန်တော်တို့ပြောဆိုဆွေးနွေးပြီးတော့ တောင်းဆိုတာမျိုးတွေ ကျွန်တော်တို့ရှိပါတယ်။

နောက်တခုကတော့ NUG က လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့ဒီဘက်နိုင်ငံတွေက အစိုးရတွေသိအောင် အမြဲမပြတ် သတင်းပို့ပါတယ်။ နောက်ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လောလောဆယ် အလိုအပ်ဆုံးဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေပေါ့နော်။ ဒီစစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အကူအညီတွေရအောင် ကြိုးစားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ပြီးတော့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အဲ့ဒါတွေကိုမပြည့်စုံမှုတွေ အများကြီးရှိတဲ့ကြားက လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီနိုင်ငံရပ်ခြားမှာရှိတဲ့ အစိုးရတွေကနေပြီးတော့ ဘယ်လိုကူညီနိုင်မလဲ ဆိုပြီးတော့ ကျွန်တော်တို့ အမြဲတမ်းစုံစမ်းပါတယ်။နောက်ပြီးတော့ ကူညီနိုင်မယ်ဆိုလို့ရှိရင်လည်းပဲ သူတို့နဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ အဲ့ဒီဟာတွေကို ကျွန်တော်တို့လက်တွေ့အကောင်အထည်ပေါ်အောင် NUG နဲ့ ကျွန်တော်တို့ ဆက်စပ်ပြီးတော့ လုပ်ရတဲ့အနေအထားမျိုးတွေ ရှိပါတယ်။

နောက်တစ်ခုကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးကတော့ အထူးသဖြင့် ဟိုးတုန်းကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစိုးရချင်းဖြစ်စေ NGO တွေနဲ့ဖြစ်စေ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲ့ဒီလုပ်ငန်းတွေက အခုလောလောဆယ်မှာ ရပ်ဆိုင်းနေပါတယ်။ အဲ့ဒီလုပ်ငန်းတွေကို ပြန်ပြီးတော့ ဆောင်ရွက်နိုင်အောင်၊ ဆောင်ရွက်တဲ့ အခါမှာလည်းပဲ စစ်ကောင်စီကနေ တစ်ဆင့်သွားပြီးတော့ အကူအညီပေးပြီးတော့ ဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ NUG ကနေတစ်ဆင့် ကျွန်တော်တို့ ဒီဘက်မှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်တဲ့ ကိစ္စမျိုးဖြစ်လာအောင် ကျွန်တော်တို့က ဒီဘက်ကနေကြိုးစားပေးရပါတယ်”

သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ရွှေကလည်း သူတို့ရုံးအဖွဲ့မှာ လူအင်အား ၃၅ ယောက်ခန့်ရှိပြီး ဌာနအလိုက်တာဝန်တွေခွဲပြီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။“Political section ကတော့ သြစတေးလျရဲ့နိုင်ငံရေးအနေအထားတွေ ကျွန်တော်တို့လေ့လာတယ်။ နောက်ပြီးတော့မှ NUG ကိုပြန်ပြီး briefing လုပ်တယ်။ ဒုတိယကတော့ consular section ကတော့ ဒီသြစတေးလျကိုရောက်နေတဲ့ မြန်မာပတ်စပို့ကိုင်ထားတဲ့ကျောင်းသားတွေ skilledmigrants သက်မွေးဝမ်းကြောင်းပညာရှင်တွေ သူတို့ရင်ဆိုင်နေရတဲ့ ဒီပတ်စပို့နဲ့ပတ်သက်တဲ့ issue တွေ နောက်ဗီဇာနဲ့ပတ်သတ်တဲ့ issue တွေ၊ ဒီ section ကကိုင်ရတယ် ပြီးတော့မှ သက်ဆိုင်ရာသြစတေးလျအစိုးရရဲ့တာဝန်ရှိတဲ့သူတွေကိုတင်ပြပေးတာ။ ပြောဆိုပေးတာတွေလုပ်ပါတယ်။ နောက်တစ်ခုကတော့ cultural and education section ဆိုတာပါ။

ဒါကတော့ NUG ပညာရေးဝန်ကြီးဌာန က ဆောင်ရွက်ချင်တဲ့လုပ်ငန်းတွေအတွက်ကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးပြင်ဆင်နေတာတွေတော့ရှိပါတယ်။ စတုတ္ထကတော့ ကျွန်တော်တို့ ရုံးအဖွဲ့ပေါ့လေ အဲ့ရုံးအဖွဲ့ကတော့ ကျွန်တော်တို့ news letter လေးထုတ်တယ်။ မြန်မာနိုင်ငံရဲ့ဖြစ်ပျက်နေတဲ့အနေအထားတွေကို သြစတေးလျမှာရှိတဲ့နိုင်ငံရေးသမားတွေပိုပြီးတော့သိဖို့နဲ့ နောက် NUG ရဲ့မူဝါဒတွေဆောင်ရွက်နေတာတွေကိုသိနိုင်ဖို့ပေါ့နော် NUG ရဲ့ရန်ပုံငွေရှာဖွေရေး လုပ်ငန်းတွေကိုလည်း ဒီအဖွဲ့ကပဲ လုပ်ပါတယ်။”

ဦးထွန်းအောင်ရွှေ က သူတို့ကိုယ်စားလှယ်ရုံးအသစ်ကို သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှေ့လအတွင်း ဖွင့်ဖို့ကြိုးစားနေပါတယ်။ ဒီအတောအတွင်း ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးစောဘလှသိန်းကလည်း ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သူတို့ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။“ကျွန်တော်တို့ ဒီမှာကိုယ်စားလှယ်ခန့်ပြီးတော့ အဲ့ဒီနှစ်လပိုင်း တစ်ရက်နေ့က သူတို့ကို official အကြောင်း ကြားထားတဲ့အပြင် ဆရာမဒေါ်ဇင်မာအောင်တို့ဘက်ကနေပြီးတော့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို သူတို့စာနဲ့ အကြောင်းကြားထားပါတယ်ခင်ဗျ။

ပြီးတော့အခုလောလောဆယ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်နေတာရှိပါတယ်ခင်ဗျ။ ဒီအချိန်မှာတော့ ဒီစကစကလည်း government မဟုတ်ဘူးပေါ့နော် ဒီ NUG ကလည်း သူတို့ government မဟုတ်သေးတဲ့အတွက်ကြောင့် နှစ်ခုစလုံးကို သူတို့ government အနေနဲ့သူတို့ မသတ်မှတ်သေးဘူးပေါ့နော်။ အဲ့ဒီအပိုင်းမှာ ကျွန်တော်တို့ ကတော့ ဒီ NUG ကို ဂျပန်အစိုးရကနေပြီးတော့မှ အသိအမှတ်ပြုဖို့အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ။”

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆိုင်းဖူးဒင်က သူတို့နိုင်ငံမှာ ရုံးခန်းဖွင့်ခွင့်ပြုဖို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွေးနွေးခဲ့တယ်လို့ မေလ ၁၄ ရက်နေ့က RFA ကိုပြောပါတယ်။ အခြားနိုင်ငံတချို့မှာလည်း ရုံးခန်းတွေဖွင့်ဖို့ ကြိုးစားနေတယ်လို့ NUG ခေါင်းဆောင်တွေကပြောပေမယ့် အတိအကျ မသိရသေးပါဘူး။RFA