Local News

၈ တန်းအောင် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိတ်ခေါ်

စစ္တပ္၏ အာဏာသိမ္းမႈကို လက္နက္ကိုင္ ျပန္ခုခံေနသည့္ ႏိုင္ငံအႏွံ႔အျပားမွ ေဒသခံကာကြယ္ေရးအဖြဲ႕မ်ားကို ရင္ဆိုင္ေနရသည့္ စစ္ေကာင္စီသည္ အေျခခံပညာအလယ္တန္းေအာင္ အမ်ိဳးသမီးမ်ားကို စစ္သည္အျဖစ္ ေခၚယူေနသည္။၈ တန္းေအာင္ အမ်ိဳးသမီးမ်ားကို အျခားအဆင့္စစ္မႈထမ္းအျဖစ္ ေခၚယူေနျခင္းျဖစ္သည္။ စစ္ေကာင္စီ၏ ဝါဒျဖန္႔မီဒီယာ ေၾကးမုံသတင္းစာတြင္ ေမ ၂၃ က ၾကည္း/ေရ/ေလ လက္႐ုံးတပ္ႏွင့္ ဝန္ထမ္းတပ္မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ ၁၈ ႏွစ္ႏွင့္ ၂၅ ႏွစ္ၾကား အမ်ိဳးသမီးမ်ားကို ဖိတ္ေခၚသည့္ ေၾကာ္ျငာထည့္သြင္းထားျခင္းျဖစ္သည္ဟု အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ေနသည့္ စစ္တပ္အရာရွိမ်ားက ဆိုသည္။

ေခၚယူသည့္ အပတ္စဥ္တစ္ခုလ်င္ အင္အား ၂၀၀ ခန႔္ရွိတတ္ေၾကာင္း၊ အပတ္စဥ္ ၇ အထိ ေခၚယူၿပီးျဖစ္ေၾကာင္း CDM စစ္ဘက္ဆိုင္ရာ အရာရွိမ်ားက ေျပာသည္။၈ တန္းေအာင္ အမ်ိဳးသမီးမ်ားကို စစ္တပ္က ေခၚယူေနသည္မွာ ႏွစ္အနည္းငယ္ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း CDM ဗိုလ္ႀကီးညီသုတက ေျပာသည္။

“ပုံမွန္ဆိုရင္ေတာ့ လက္႐ုံးတပ္ေတြမွာ သုံးတာမ်ားတာေပါ့ေလ၊ အုပ္ခ်ဳပ္မႈလုပ္ငန္းေတြမွာ သုံးတယ္။ အခုအေျခအေနက ေရွ႕တန္းစစ္သည္အင္အား ဆုံးရႈံးမႈက မ်ားေနေတာ့ ဘယ္လိုသုံးမလဲကေတာ့ မေသခ်ာဘူးေပါ့ေလ၊ အရန္အင္အားအေနနဲ႔ သုံးတာေတာ့ မ်ားပါတယ္”ဟု ဗိုလ္ႀကီးညီသုတက မွတ္ခ်က္ျပဳသည္။

“ၾကည့္ရတာေတာ့ ေျခလ်င္/ေျချမန္မွာပါ သုံးခ်င္တဲ့သ‌ေဘာရွိပါတယ္”

စစ္သည္အေရအတြက္ နည္းပါးလာသည့္ စစ္တပ္က အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား၊ ေရး/ေထာက္လုပ္ငန္းမ်ား၊ ေျခလ်င္ေျချမန္တပ္ရင္းတပ္ဖြဲ႕မ်ား၏ ေနာက္တန္း အထိုင္တပ္မ်ားတြင္ အုပ္ခ်ဳပ္မႈလုပ္ငန္းမ်ား၊ ေဆးတပ္ဖြဲ႕အကူမ်ားအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ စစ္သားမ်ားကို ေျပာင္းေ႐ႊ႕ၿပီး လစ္လပ္သြားမည့္ ထိုေနရာတြင္လည္း အမ်ိဳးသမီးစစ္သည္မ်ားႏွင့္ အစားထိုးႏိုင္ေျခရွိသည္ဟု သူက သုံးသပ္သည္။

တပ္ထဲတြင္ စစ္သားတို႔၏ဇနီးမ်ားကို အရန္အင္အားအျဖစ္ အသုံးျပဳႏိုင္ရန္အတြက္ တပ္ဝင္းအတြင္း ေနထိုင္သူမ်ားကို စစ္ပညာသင္တန္းမ်ားတက္ေရာက္ေစကာ ယခင္ကတည္းက အသုံးျပဳေနသည္။ ၎တို႔ကို ရဲေမဟုလည္း ေခၚၾကသည္။

စစ္သားမ်ား၏ ဇနီးမ်ားသည္ စစ္တန္းလ်ားတြင္ လိုက္ပါေနထိုင္ပါက အေျခခံစစ္ပညာမွအစျပဳၿပီး လက္နက္ငယ္၊ လက္နက္ႀကီး အသုံးျပဳျခင္းသင္တန္းမ်ား သင္ၾကားၾကရသည္ဟု CDM ဗိုလ္ႀကီး ရဲမင္းဦးက ေျပာသည္။

“သင္တန္းေတြကမ်ားတယ္၊ ေလးလပတ္တစ္ခါကို သင္တန္း ၂ ခု၊ ၃ ခုေလာက္ ဖြင့္တယ္။ လက္နက္ႀကီးငယ္၊ အကုန္ပဲ” ဟု ဗိုလ္ႀကီးရဲမင္းဦးက ေျပာသည္။

“အရင္တုန္းကေတာ့ စာ႐ြက္ေပၚမွာပဲ သင္တန္းေတြေပးတာပဲ၊ ၿပီးရင္ စစ္တပ္ရဲ႕ အရန္အင္အားစာရင္းထဲမွာ ထည့္ထားတယ္၊ လိုအပ္ရင္ တပ္ဖြဲ႕လုံၿခဳံေရးယူတာမ်ိဳး လုပ္ေပးရတယ္၊ ေျခလ်င္ေျချမန္မွာ ပိုဆိုးတယ္၊ လူမရွိေတာ့ သူတို႔ ကင္းဝင္ရတာပဲ”

ဇနီးသည္တို႔မွာ စစ္ပညာသင္ၾကား၊ စစ္ေရးတာဝန္မ်ား ထမ္းေဆာင္ၾကရေသာ္လည္း စစ္သည္စာရင္းမဝင္သည့္အတြက္ လစာခံစားခြင့္မရွိၾကေၾကာင္း သိရသည္။

ယမန္ႏွစ္ ေအာက္တိုဘာ ၂၂ ကလည္း ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ရင္း ခမရ-၃၃၆ (ေျချမန္တပ္ရင္း) ၏ အေနာက္ဘက္ဂိတ္ေပါက္ရွိ ကင္းစခန္းတစ္ခုကို ဖယ္ခုံၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ေသဆုံးသူ ၅ ဦးအနက္ လက္နက္ကိုင္ ရဲေမ ၃ ဦး ပါဝင္ေနသည္။

၂၀၁၈ မတ္ ၁၈ တြင္ စစ္တပ္ေခါင္းေဆာင္က KIA ကို တိုက္ခိုက္ခဲ့သည့္ တႏိုင္းၿမိဳ႕နယ္၊ ရွာဒူဇြပ္ေက်း႐ြာရွိ တပ္ရင္းဌာနခ်ဳပ္မွ စစ္သည္၊ ရဲေမမ်ားကို ေတြ႕ဆုံခဲ့ၿပီး တရားေသာစစ္ ဆင္ႏႊဲေနျခင္းျဖစ္ေၾကာင္း၊ မွီခိုသူတို႔ကို စစ္ပညာသင္ၾကားေပးထားသျဖင့္ အေရးႀကဳံပါက ျပန္တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။

ထို႔ေနာက္ ၎၏ ဇနီးက စစ္သည္မ်ား၊ ရဲေမမ်ားကို ဂုဏ္ျပဳေငြႏွင့္ ပစၥည္းမ်ား ေပးခဲ့သည္။

စစ္ကိုင္းတိုင္းသို႔ စစ္ေၾကာင္းထိုးေသာ စစ္တပ္တြင္လည္း အမ်ိဳးသမီးစစ္သည္အခ်ိဳ႕ လိုက္ပါလာသည္ကို ေတြ႕ ရေၾကာင္း ေဒသခံမ်ားက ေမလအေစာပိုင္းက ျမန္မာေနာင္း ကို ေျပာထားသည္။ ႏိုင္ငံအႏွံ႔ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားတြင္ ေသဆုံးထိခိုက္မႈမ်ား၊ အာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ပါဝင္လာသူ အရာရွိ၊ အျခားအဆင့္၊ ေအာက္ေျခတပ္သားမ်ား မ်ားျပားလာျခင္း၊ စသည့္ အေၾကာင္းျပခ်က္မ်ားေၾကာင့္ စစ္သည္အင္အား ေလ်ာ့နည္းလာေနသည့္ စစ္ေကာင္စီတပ္က စစ္သားစုေဆာင္းေရးကို နည္းမ်ိဳးစုံသုံးေနသည္။

တပ္သားစုေဆာင္းေရးကို နည္းမ်ိဳးစုံလုပ္ေနေသာ္လည္း ယခင္က ႏွစ္စဥ္ လူ ၃၀၀၀၊ ၄၀၀၀ ခန္႔ တက္ေရာက္ေလ့ရွိသည့္ တကၠသိုလ္အဆင့္ အရာရွိသင္တန္းေက်ာင္းျဖစ္သည့္ စစ္တကၠသိုလ္မွာပင္ လူ ၁၀၀ ခန္႔သာ ေလွ်ာက္ထားေၾကာင္း စစ္တပ္အသိုင္းအဝိုင္းထံမွ သိရသည္။

အလယ္တန္းေအာင္ျမင္ၿပီးသည့္ အမ်ိဳးသမီးမ်ားကို စစ္မႈထမ္းရန္ ဖိတ္ေခၚခ်က္သည္ ျပည္သူအမ်ားအျပား စစ္တပ္ကို အထင္ေသး ႐ြံရွာလာခ်ိန္ႏွင့္လည္း တိုက္ဆိုင္ေနၿပီး ေလွ်ာက္လႊာတင္သူ မည္မွ်ရွိေၾကာင္း မသိရေသးေပ။

ႏိုင္ငံအႏွံ႔အျပား စစ္မ်က္ႏွာဖြင့္ထားရသည့္ စစ္ေကာင္စီတပ္သည္ အာဏာသိမ္းမႈဆန႔္က်င္သည့္ လက္နက္ကိုင္ေတာ္လွန္ေရးမ်ား စတင္ခဲ့ခ်ိန္ ၂၀၂၁၊ ဇြန္လမွ ၂၀၂၂ ခုႏွစ္ ေမလလယ္ခန႔္အထိ ေသဆုံးစစ္သည္ ၁၅၀၀၀ နီးပါး ရွိေနၿပီး ဒဏ္ရာရရွိသူ ၅၀၀၀ နီးပါးရွိေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

စစ္တပ္က အရပ္သားတခ်ိဳ႕ကို ေလ့က်င့္၊ လက္နက္တပ္ဆင္ေပးကာ ျပည္သူ႔စစ္ ေခၚ ပ်ဴေစာထီးအဖြဲ႕မ်ား ဖြဲ႕ေပးၿပီး အသုံးျပဳသည့္နည္းႏွင့္ အင္အားအခက္အခဲကို ေျဖရွင္းေနသည္ဟု စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ PDF ၏ ေျပာေရးဆိုခြင့္ရွိသူက မွတ္ခ်က္ျပဳသည္။

“စကစအေနနဲ႔က သူတို႔အင္အားေတြကို ရတဲ့နည္းမွန္သမွ်နဲ႔ စည္း႐ုံးေနတာမ်ိဳး ေတြ႕ေနရတာပါပဲ၊ ပ်ဴေတြဖြဲ႕ေပးတာ၊ အဘိုးႀကီးေတြ ျပန္ေခၚၿပီး ကင္းေစာင့္ခိုင္းတာမ်ိဳးေတြ လုပ္ေနတာေလ၊ သူတို႔ ေသသြားတဲ့ေကာင္ေတြေနရာမွာ ျပန္ထည့္ႏိုင္ဖို႔ လုပ္တာပါ” ဟု သူက ေျပာသည္။

စစ္ေကာင္စီသည္ ျပဳန္းတီးအင္အားမ်ားတြင္ အစားထိုးႏိုင္ေရးအတြက္ ထိုသို႔ ေျဖရွင္းေနေသာ္လည္း ေျမျပင္တြင္ ရဲ၊ ပ်ဴေစာထီးႏွင့္ စစ္သားတို႔ၾကား ျပႆနာတက္မႈမ်ား မ်ားစြာရွိေနသည္ဟု ဆိုသည္။

“သူတို႔က အင္အားရမလားလို႔လည္း အသုံးခ်ခ်င္တယ္၊ မထိန္းႏိုင္မွာလည္းစိုးေတာ့ ေကာင္းေကာင္းကန္းကန္း လက္နက္လည္း မေပးရဲဘူး၊ ကာဘိုင္အစုတ္ေတြ ေပးထားတယ္၊ ေသစရာရွိ ေရွ႕က ပို႔လိုက္တယ္” ဟု PDF ေျပာဆိုခြင့္ရွိသူက ေျပာသည္။

“အခုျဖစ္ေနတာက နယ္ေျမထဲက သတင္းေလးရဖို႔ေလာက္ပဲ အသုံးခ်ႏိုင္ေတာ့တယ္၊ ၿပီးေတာ့ ပ်ဴေတြကို ဖြဲ႕ေပးလိုက္တာက အၾကမ္းဖက္၊ မုဒိမ္းက်င့္၊ လုယက္တာေတြ လုပ္ႏိုင္ေအာင္ လုပ္ေပးလိုက္သေလာက္ပဲ ျဖစ္သြားတယ္”

လက္ရွိတြင္ ပ်ဴေစာထီးစုေဆာင္းႏိုင္ေရးမွာလည္း ခက္ခဲေနၾကရာ သာမန္အရပ္သား၊ ႐ြာသားမ်ားကို အေၾကာင္းအမ်ိဳးမ်ိဳးျပ ဖမ္းဆီးၿပီး မေပးႏိုင္သည့္ ေငြေတာင္းကာ ပ်ဴေစာထီးအဖြဲ႕ထဲသို႔ အတင္းဝင္ခိုင္းေနသည္ဟု ဆိုသည္။

အာဏာသိမ္းစစ္တပ္၏ စစ္အင္အားသည္ ငါးသိန္းအထိရွိေၾကာင္း စစ္တပ္တာဝန္ရွိသူမ်ားက ေျပာဆိုေသာ္လည္း အမွန္တတကယ္တြင္ သုံးသိန္းခြဲခန႔္သာရွိႏိုင္ေၾကာင္း စစ္ေရးပညာရွင္မ်ားက သုံးသပ္ၾကသည္။

ထို႔ျပင္ အာဏာသိမ္းစစ္ေကာင္စီသည္ အ႐ြယ္ေရာက္ၿပီး ျပည္သူလူထုကို စစ္မႈမထမ္းမေနရဥပေဒ အသက္သြင္းၿပီး တာဝန္ထမ္းေဆာင္ခိုင္းမည့္ သေဘာသက္ေရာက္သည့္စကားမ်ားကို စစ္ေကာင္စီ၏ ျပန္ၾကားေရး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္လင္းပြဲမ်ားတြင္ ေျပာၾကားခဲ့ဖူးသည္။

ၿပီးခဲ့သည့္မတ္လ ၂၅ ရက္ေန႔တြင္လည္း ျပည္ထဲေရးဝန္ႀကီးဌာနရွိ ရဲတပ္ဖြဲ႕ကို မူလတာဝန္မ်ားျဖစ္သည့္ တရားဥပေဒစိုးမိုးေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ မူးယစ္ေဆးဝါးအႏၲရာယ္ ကာကြယ္တားဆီးေရးတာဝန္မ်ားအျပင္ စစ္တိုက္ခိုင္းႏိုင္ေရးအတြက္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးကိစၥမ်ားတြင္ ပါဝင္ေဆာင္႐ြက္ရမည္ ဆိုသည့္အခ်က္ကို ထည့္သြင္းျပင္ဆင္ခဲ့ေသးသည္။

အသက္ ၆၀ ျပည့္၍ အၿငိမ္းစားယူရေတာ့မည့္ စစ္သားမ်ားကို ဆက္လက္ထိန္းသိမ္းထားႏိုင္ရန္အတြက္ စစ္မႈထမ္းသက္ကို အသက္ ၆၀ မွ ၆၂ ႏွစ္အထိ စစ္ေကာင္စီက တိုးျမႇင့္သတ္မွတ္ထားသည္ဟု ဗိုလ္ႀကီးညီသုတက ေထာက္ျပသည္။

“ဒီလိုလုပ္တာေတြက သူတို႔အင္အား ေလ်ာ့နည္းလာတာနဲ႔ ဆိုင္ပါတယ္ခင္ဗ်။ အထူးသျဖင့္ စစ္မႈထမ္း သက္တမ္းတိုးတာဆိုရင္ သိသာတာေပါ့ဗ်ာ၊ ၆၀ ကေန ၆၂ တိုးလိုက္တာက လုံးဝမျဖစ္သင့္တာမ်ိဳးေပါ့၊ ႐ုတ္တရက္ႀကီး တိုးခ်လိုက္တာက ဒီႏွစ္ႏွစ္အတြင္းမွာ သူတို႔ လုံးဝအင္အားေလ်ာ့လို႔ မျဖစ္ဘူးဆိုတဲ့ ပုံစံမ်ိဳးဗ်” ဟု ဗိုလ္ႀကီးညီသုတက မွတ္ခ်က္ျပဳသည္။

“ပ်ဴေစာထီးေတြဖြဲ႕လိုက္တာကက်ေတာ့ ႏိုင္ငံေရးအရလည္း ပါတယ္ဗ်။ နဂိုကတည္းက ဒီမိုကေရစီဘက္ေတာ္သားေတြနဲ႔ တျခားကြန္ဆာေဗးတစ္ျဖစ္တဲ့အဖြဲ႕ေတြနဲ႔က သေဘာထားမတိုက္ဆိုင္တာေတြ ရွိတယ္၊ အဲဒီအဖြဲ႕ေတြက ပ်ဴေစာထီးျဖစ္လာတာေပါ့၊ ျပည္သူ႔စစ္ေတြကေတာ့ နဂိုကတည္းက ရွိထားၿပီးသား၊ အဲဒီအဖြဲ႕ေတြ အားေကာင္းလာေအာင္၊ သူတို႔အဖြဲ႕ (စစ္သားေတြ) ေလ်ာ့မသြားေအာင္ သူတို႔အတြက္ အေသခံခိုင္းေနတာေပါ့‌ဗ်” ဟု သူက ဆိုသည္။ source-ျမန္မာေနာင္း

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်ခုခံနေသည့် နိုင်ငံအနှံ့အပြားမှ ဒေသခံကာကွယ်ရေးအဖွဲ့များကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အခြေခံပညာအလယ်တန်းအောင် အမျိုးသမီးများကို စစ်သည်အဖြစ် ခေါ်ယူနေသည်။၈ တန်းအောင် အမျိုးသမီးများကို အခြားအဆင့်စစ်မှုထမ်းအဖြစ် ခေါ်ယူနေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ ကြေးမုံသတင်းစာတွင် မေ ၂၃ က ကြည်း/ရေ/လေ လက်ရုံးတပ်နှင့် ဝန်ထမ်းတပ်များတွင် တာဝန်ထမ်းဆောင်ရန် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား အမျိုးသမီးများကို ဖိတ်ခေါ်သည့် ကြော်ငြာထည့်သွင်းထားခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်တပ်အရာရှိများက ဆိုသည်။

ခေါ်ယူသည့် အပတ်စဉ်တစ်ခုလျင် အင်အား ၂၀၀ ခန့်ရှိတတ်ကြောင်း၊ အပတ်စဉ် ၇ အထိ ခေါ်ယူပြီးဖြစ်ကြောင်း CDM စစ်ဘက်ဆိုင်ရာ အရာရှိများက ပြောသည်။၈ တန်းအောင် အမျိုးသမီးများကို စစ်တပ်က ခေါ်ယူနေသည်မှာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးညီသုတက ပြောသည်။

“ပုံမှန်ဆိုရင်တော့ လက်ရုံးတပ်တွေမှာ သုံးတာများတာပေါ့လေ၊ အုပ်ချုပ်မှုလုပ်ငန်းတွေမှာ သုံးတယ်။ အခုအခြေအနေက ရှေ့တန်းစစ်သည်အင်အား ဆုံးရှုံးမှုက များနေတော့ ဘယ်လိုသုံးမလဲကတော့ မသေချာဘူးပေါ့လေ၊ အရန်အင်အားအနေနဲ့ သုံးတာတော့ များပါတယ်”ဟု ဗိုလ်ကြီးညီသုတက မှတ်ချက်ပြုသည်။

“ကြည့်ရတာတော့ ခြေလျင်/ခြေမြန်မှာပါ သုံးချင်တဲ့သ‌ဘောရှိပါတယ်”

စစ်သည်အရေအတွက် နည်းပါးလာသည့် စစ်တပ်က အုပ်ချုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေး/ထောက်လုပ်ငန်းများ၊ ခြေလျင်ခြေမြန်တပ်ရင်းတပ်ဖွဲ့များ၏ နောက်တန်း အထိုင်တပ်များတွင် အုပ်ချုပ်မှုလုပ်ငန်းများ၊ ဆေးတပ်ဖွဲ့အကူများအဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်သားများကို ပြောင်းရွှေ့ပြီး လစ်လပ်သွားမည့် ထိုနေရာတွင်လည်း အမျိုးသမီးစစ်သည်များနှင့် အစားထိုးနိုင်ခြေရှိသည်ဟု သူက သုံးသပ်သည်။

တပ်ထဲတွင် စစ်သားတို့၏ဇနီးများကို အရန်အင်အားအဖြစ် အသုံးပြုနိုင်ရန်အတွက် တပ်ဝင်းအတွင်း နေထိုင်သူများကို စစ်ပညာသင်တန်းများတက်ရောက်စေကာ ယခင်ကတည်းက အသုံးပြုနေသည်။ ၎င်းတို့ကို ရဲမေဟုလည်း ခေါ်ကြသည်။

စစ်သားများ၏ ဇနီးများသည် စစ်တန်းလျားတွင် လိုက်ပါနေထိုင်ပါက အခြေခံစစ်ပညာမှအစပြုပြီး လက်နက်ငယ်၊ လက်နက်ကြီး အသုံးပြုခြင်းသင်တန်းများ သင်ကြားကြရသည်ဟု CDM ဗိုလ်ကြီး ရဲမင်းဦးက ပြောသည်။

“သင်တန်းတွေကများတယ်၊ လေးလပတ်တစ်ခါကို သင်တန်း ၂ ခု၊ ၃ ခုလောက် ဖွင့်တယ်။ လက်နက်ကြီးငယ်၊ အကုန်ပဲ” ဟု ဗိုလ်ကြီးရဲမင်းဦးက ပြောသည်။

“အရင်တုန်းကတော့ စာရွက်ပေါ်မှာပဲ သင်တန်းတွေပေးတာပဲ၊ ပြီးရင် စစ်တပ်ရဲ့ အရန်အင်အားစာရင်းထဲမှာ ထည့်ထားတယ်၊ လိုအပ်ရင် တပ်ဖွဲ့လုံခြုံရေးယူတာမျိုး လုပ်ပေးရတယ်၊ ခြေလျင်ခြေမြန်မှာ ပိုဆိုးတယ်၊ လူမရှိတော့ သူတို့ ကင်းဝင်ရတာပဲ”

ဇနီးသည်တို့မှာ စစ်ပညာသင်ကြား၊ စစ်ရေးတာဝန်များ ထမ်းဆောင်ကြရသော်လည်း စစ်သည်စာရင်းမဝင်သည့်အတွက် လစာခံစားခွင့်မရှိကြကြောင်း သိရသည်။

ယမန်နှစ် အောက်တိုဘာ ၂၂ ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ-၃၃၆ (ခြေမြန်တပ်ရင်း) ၏ အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတစ်ခုကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၅ ဦးအနက် လက်နက်ကိုင် ရဲမေ ၃ ဦး ပါဝင်နေသည်။

၂၀၁၈ မတ် ၁၈ တွင် စစ်တပ်ခေါင်းဆောင်က KIA ကို တိုက်ခိုက်ခဲ့သည့် တနိုင်းမြို့နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများကို တွေ့ဆုံခဲ့ပြီး တရားသောစစ် ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ မှီခိုသူတို့ကို စစ်ပညာသင်ကြားပေးထားသဖြင့် အရေးကြုံပါက ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက် ၎င်း၏ ဇနီးက စစ်သည်များ၊ ရဲမေများကို ဂုဏ်ပြုငွေနှင့် ပစ္စည်းများ ပေးခဲ့သည်။

စစ်ကိုင်းတိုင်းသို့ စစ်ကြောင်းထိုးသော စစ်တပ်တွင်လည်း အမျိုးသမီးစစ်သည်အချို့ လိုက်ပါလာသည်ကို တွေ့ ရကြောင်း ဒေသခံများက မေလအစောပိုင်းက မြန်မာနောင်း ကို ပြောထားသည်။ နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သေဆုံးထိခိုက်မှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသူ အရာရှိ၊ အခြားအဆင့်၊ အောက်ခြေတပ်သားများ များပြားလာခြင်း၊ စသည့် အကြောင်းပြချက်များကြောင့် စစ်သည်အင်အား လျော့နည်းလာနေသည့် စစ်ကောင်စီတပ်က စစ်သားစုဆောင်းရေးကို နည်းမျိုးစုံသုံးနေသည်။

တပ်သားစုဆောင်းရေးကို နည်းမျိုးစုံလုပ်နေသော်လည်း ယခင်က နှစ်စဉ် လူ ၃၀၀၀၊ ၄၀၀၀ ခန့် တက်ရောက်လေ့ရှိသည့် တက္ကသိုလ်အဆင့် အရာရှိသင်တန်းကျောင်းဖြစ်သည့် စစ်တက္ကသိုလ်မှာပင် လူ ၁၀၀ ခန့်သာ လျှောက်ထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

အလယ်တန်းအောင်မြင်ပြီးသည့် အမျိုးသမီးများကို စစ်မှုထမ်းရန် ဖိတ်ခေါ်ချက်သည် ပြည်သူအများအပြား စစ်တပ်ကို အထင်သေး ရွံရှာလာချိန်နှင့်လည်း တိုက်ဆိုင်နေပြီး လျှောက်လွှာတင်သူ မည်မျှရှိကြောင်း မသိရသေးပေ။

နိုင်ငံအနှံ့အပြား စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးများ စတင်ခဲ့ချိန် ၂၀၂၁၊ ဇွန်လမှ ၂၀၂၂ ခုနှစ် မေလလယ်ခန့်အထိ သေဆုံးစစ်သည် ၁၅၀၀၀ နီးပါး ရှိနေပြီး ဒဏ်ရာရရှိသူ ၅၀၀၀ နီးပါးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်တပ်က အရပ်သားတချို့ကို လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့ပေးပြီး အသုံးပြုသည့်နည်းနှင့် အင်အားအခက်အခဲကို ဖြေရှင်းနေသည်ဟု စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် PDF ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

“စကစအနေနဲ့က သူတို့အင်အားတွေကို ရတဲ့နည်းမှန်သမျှနဲ့ စည်းရုံးနေတာမျိုး တွေ့နေရတာပါပဲ၊ ပျူတွေဖွဲ့ပေးတာ၊ အဘိုးကြီးတွေ ပြန်ခေါ်ပြီး ကင်းစောင့်ခိုင်းတာမျိုးတွေ လုပ်နေတာလေ၊ သူတို့ သေသွားတဲ့ကောင်တွေနေရာမှာ ပြန်ထည့်နိုင်ဖို့ လုပ်တာပါ” ဟု သူက ပြောသည်။

စစ်ကောင်စီသည် ပြုန်းတီးအင်အားများတွင် အစားထိုးနိုင်ရေးအတွက် ထိုသို့ ဖြေရှင်းနေသော်လည်း မြေပြင်တွင် ရဲ၊ ပျူစောထီးနှင့် စစ်သားတို့ကြား ပြဿနာတက်မှုများ များစွာရှိနေသည်ဟု ဆိုသည်။

“သူတို့က အင်အားရမလားလို့လည်း အသုံးချချင်တယ်၊ မထိန်းနိုင်မှာလည်းစိုးတော့ ကောင်းကောင်းကန်းကန်း လက်နက်လည်း မပေးရဲဘူး၊ ကာဘိုင်အစုတ်တွေ ပေးထားတယ်၊ သေစရာရှိ ရှေ့က ပို့လိုက်တယ်” ဟု PDF ပြောဆိုခွင့်ရှိသူက ပြောသည်။

“အခုဖြစ်နေတာက နယ်မြေထဲက သတင်းလေးရဖို့လောက်ပဲ အသုံးချနိုင်တော့တယ်၊ ပြီးတော့ ပျူတွေကို ဖွဲ့ပေးလိုက်တာက အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လုယက်တာတွေ လုပ်နိုင်အောင် လုပ်ပေးလိုက်သလောက်ပဲ ဖြစ်သွားတယ်”

လက်ရှိတွင် ပျူစောထီးစုဆောင်းနိုင်ရေးမှာလည်း ခက်ခဲနေကြရာ သာမန်အရပ်သား၊ ရွာသားများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး မပေးနိုင်သည့် ငွေတောင်းကာ ပျူစောထီးအဖွဲ့ထဲသို့ အတင်းဝင်ခိုင်းနေသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသည် ငါးသိန်းအထိရှိကြောင်း စစ်တပ်တာဝန်ရှိသူများက ပြောဆိုသော်လည်း အမှန်တတကယ်တွင် သုံးသိန်းခွဲခန့်သာရှိနိုင်ကြောင်း စစ်ရေးပညာရှင်များက သုံးသပ်ကြသည်။

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီသည် အရွယ်ရောက်ပြီး ပြည်သူလူထုကို စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းပြီး တာဝန်ထမ်းဆောင်ခိုင်းမည့် သဘောသက်ရောက်သည့်စကားများကို စစ်ကောင်စီ၏ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်လင်းပွဲများတွင် ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့တွင်လည်း ပြည်ထဲရေးဝန်ကြီးဌာနရှိ ရဲတပ်ဖွဲ့ကို မူလတာဝန်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးတာဝန်များအပြင် စစ်တိုက်ခိုင်းနိုင်ရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရမည် ဆိုသည့်အချက်ကို ထည့်သွင်းပြင်ဆင်ခဲ့သေးသည်။

အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရတော့မည့် စစ်သားများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်မှုထမ်းသက်ကို အသက် ၆၀ မှ ၆၂ နှစ်အထိ စစ်ကောင်စီက တိုးမြှင့်သတ်မှတ်ထားသည်ဟု ဗိုလ်ကြီးညီသုတက ထောက်ပြသည်။

“ဒီလိုလုပ်တာတွေက သူတို့အင်အား လျော့နည်းလာတာနဲ့ ဆိုင်ပါတယ်ခင်ဗျ။ အထူးသဖြင့် စစ်မှုထမ်း သက်တမ်းတိုးတာဆိုရင် သိသာတာပေါ့ဗျာ၊ ၆၀ ကနေ ၆၂ တိုးလိုက်တာက လုံးဝမဖြစ်သင့်တာမျိုးပေါ့၊ ရုတ်တရက်ကြီး တိုးချလိုက်တာက ဒီနှစ်နှစ်အတွင်းမှာ သူတို့ လုံးဝအင်အားလျော့လို့ မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးဗျ” ဟု ဗိုလ်ကြီးညီသုတက မှတ်ချက်ပြုသည်။

“ပျူစောထီးတွေဖွဲ့လိုက်တာကကျတော့ နိုင်ငံရေးအရလည်း ပါတယ်ဗျ။ နဂိုကတည်းက ဒီမိုကရေစီဘက်တော်သားတွေနဲ့ တခြားကွန်ဆာဗေးတစ်ဖြစ်တဲ့အဖွဲ့တွေနဲ့က သဘောထားမတိုက်ဆိုင်တာတွေ ရှိတယ်၊ အဲဒီအဖွဲ့တွေက ပျူစောထီးဖြစ်လာတာပေါ့၊ ပြည်သူ့စစ်တွေကတော့ နဂိုကတည်းက ရှိထားပြီးသား၊ အဲဒီအဖွဲ့တွေ အားကောင်းလာအောင်၊ သူတို့အဖွဲ့ (စစ်သားတွေ) လျော့မသွားအောင် သူတို့အတွက် အသေခံခိုင်းနေတာပေါ့‌ဗျ” ဟု သူက ဆိုသည်။ source-မြန်မာနောင်း