Local News

စစ္သေဘၤာ ၃စီးကိုေရွာ့တိုက္ဒုံးျဖင့္

လက္နက္ရိကၡာတင္စစ္သေဘၤာ ၃စီးကိုေရွာ့တိုက္ဒုံးျဖင့္တိုက္ခိုက္ရာ ၁စီးပ်က္စီးဟုၿမိဳ႕လွ PDFထုတ္ျပန္

●သေဘၤာလုံၿခဳံေရးစစ္ေၾကာင္းႏွင့္လည္း နာရီဝက္ၾကာ တိုက္ပြဲျဖစ္ခဲ့

သက္ေဝ/People’s Spring

ကသာၿမိဳ႕မွ ဆန္တက္လာေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ရိကၡာတင္စစ္သေဘၤာ ၃ စီးအား ေဒသကာကြယ္ေရးတပ္မွ ေရွာ့တိုက္ဒုန္းျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ၿမိဳ႕လွ ျပည္သူ႔ကာကြယ္ေရးတပ္(PDF)က ယေန႔ ထုတ္ျပန္သည္။

စစ္ေကာင္စီ၏ လက္နက္ရိကၡာတင္ စစ္သေဘၤာ ၃ စီးသည္ ယေန႔ေမလ ၂၅ရက္ ေန႔လည္ပိုင္းတြင္ ကသာဆိပ္ကမ္းမွ စတင္ထြက္ခြာလာရာ မြန္းလြဲ ၂နာရီခြဲခန႔္တြင္ ကသာ- အထက္ဘက္ ဝဲႀကီး႐ြာႏွင့္ သံပုရာကုန္း႐ြာၾကား၌ ဗိုလ္သာလိကာ ဦးေဆာင္ေသာ ေဒသကာကြယ္ေရး တပ္ဖြဲ႕မွ တိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။

ေရွာ့တိုက္ဒုန္း ၂ လုံး၊ H-22 မိုင္တဲမမ လက္လုပ္ေရွ႕ထြက္မိုင္း ၇ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊

စစ္ေကာင္စီသေဘၤာမွလည္း လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ရာ ေက်း႐ြာအနီး လက္နက္ႀကီးက်ည္အခ်ိဳ႕ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ေဖာ္ျပထားၿပီး သေဘၤာ ၁စီး ကိုလည္း လက္နက္ထိမွန္ရာ စက္ခ်ိဳ႕ယြင္းသြားသည္ဟု ေဖာ္ျပထားသည္။

အဆိုပါ သေဘၤာကို က်န္သေဘၤာျဖင့္တြဲကာ မိုးတားေလးဆိပ္ကမ္း၌ ဆိုက္ကပ္ထားရေၾကာင္း ထုတ္ျပန္သည္။

ယေန႔မနက္ကလည္း စစ္ေကာင္စီသေဘၤာလုံၿခဳံေရးအတြက္ ျမစ္ကမ္းတစ္ေလွ်ာက္ေျခလွ်င္စစ္ေၾကာင္းထိုးလာေသာ စကစအင္အားတစ္ရာေက်ာ္ခန္႔ကိုကသာ- အထက္ဘက္

မိုးတားေလး ေျမႏု႐ြာအနီးအေရာက္တြင္ေဒသကာကြယ္ေရး တပ္မ်ားႏွင့္နာရီဝက္ၾကာအျပန္အလွန္ပစ္ခတ္ခဲ့ရာစစ္ေကာင္စီတပ္မွ ထိခိုက္မႈ ရွိႏိုင္သည္ဟု ေဖာ္ျပထားသည္။ ေဒသကာကြယ္ေရးတပ္မွ အႏၲရာယ္ကင္းစြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပထားသည္။

လက်နက်ရိက္ခာတင်စစ်သင်္ဘော ၃စီးကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရာ ၁စီးပျက်စီးဟုမြို့လှ PDFထုတ်ပြန်

●သင်္ဘောလုံခြုံရေးစစ်ကြောင်းနှင့်လည်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့

သက်ဝေ/People’s Spring

ကသာမြို့မှ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်စစ်သင်္ဘော ၃ စီးအား ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော ၃ စီးသည် ယနေ့မေလ ၂၅ရက် နေ့လည်ပိုင်းတွင် ကသာဆိပ်ကမ်းမှ စတင်ထွက်ခွာလာရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြား၌ ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှော့တိုက်ဒုန်း ၂ လုံး၊ H-22 မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

စစ်ကောင်စီသင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကျေးရွာအနီး လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားပြီး သင်္ဘော ၁စီး ကိုလည်း လက်နက်ထိမှန်ရာ စက်ချို့ယွင်းသွားသည်ဟု ဖော်ပြထားသည်။

အဆိုပါ သင်္ဘောကို ကျန်သင်္ဘောဖြင့်တွဲကာ မိုးတားလေးဆိပ်ကမ်း၌ ဆိုက်ကပ်ထားရကြောင်း ထုတ်ပြန်သည်။

ယနေ့မနက်ကလည်း စစ်ကောင်စီသင်္ဘောလုံခြုံရေးအတွက် မြစ်ကမ်းတစ်လျှောက်ခြေလျှင်စစ်ကြောင်းထိုးလာသော စကစအင်အားတစ်ရာကျော်ခန့်ကိုကသာ- အထက်ဘက်

မိုးတားလေး မြေနုရွာအနီးအရောက်တွင်ဒေသကာကွယ်ရေး တပ်များနှင့်နာရီဝက်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်မှ ထိခိုက်မှု ရှိနိုင်သည်ဟု ဖော်ပြထားသည်။ ဒေသကာကွယ်ရေးတပ်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။