Local News

PDFေတြကို ရွာေနတဲ့စစ္အုပ္စု PDFကေဆာ္လို႔ ႔ ၆ ဦးေသဆုံး (႐ုပ္/သံ)

PDFေတြကို ရွာေနတဲ့စစ္အုပ္စု PDFက လက္နက္ႀကီးနဲ႔ျပန္ပစ္လို႔ ၆ ဦးေသဆုံး (႐ုပ္/သံ)

ၿမိဳင္၊ ေမ ၂၆၊ ၂၀၂၂။

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္အတြင္း PDFေတြကို ရွာေဖြေနတဲ့ စစ္ေကာင္စီတပ္သားေတြ ေမလ ၂၅ ရက္ မေန႔ကေန႔လည္ပိုင္းမွာ လက္နက္ႀကီးနဲ႔ တိုက္ခိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ၿမိဳင္ၿမိဳ႕နယ္၊ ဗဟင္းရဲစခန္းနဲ႔ ၆ မိုင္အကြာ ေက်ာက္ခြက္႐ြာ နဲ႔ ဆူးဝင္း႐ြာအၾကားမွာ စစ္ေဆးရွာေဖြေနတဲ့ အင္အား ၄၀ ေက်ာ္ပါ စစ္သားေတြကို ေန႔လည္ ၃ နာရီေလာက္မွာ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး၊ စစ္ေကာင္စီဘက္က ၆ ဦးေသဆုံးခဲ့တယ္လို႔ ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ဗိုလ္လက္ရာက ေျပာပါတယ္။

“ သူတို႔ေသတာၾကားရတာက အေလာင္း ၆ ေလာင္းေတြ႕တယ္၊ က်ေနာ္တို႔လည္းသြားၿပီး မရွင္းလင္းရဲေသးပါဘူး၊ သူတို႔ကအဲဒီနားမွာ စက္လက္နက္ေတြနဲ႔ ထိုင္ထားၾကတာ၊ သူတို႔က ေက်ာက္ခြက္မွာရဲကင္းရွိတယ္၊ လူအင္အားကေတာ့ ၄၅ ေယာက္ေလာက္ ရွိမယ္၊ က်ေနာ္တို႔အဖြဲ႕ေတြ သြားတာ၊ လာတာကို ပိတ္စို႔ၿပီးစစ္ေနတာ၊ က်ေနာ္တို႔လည္း သူတို႔ရဲ႕အေျခအေနကို ၂ ရက္ေလာက္ အခ်ိန္ယူ အကဲခတ္ၿပီး၊ မေန႔က ေက်ာက္ခြက္နဲ႔ ဆူးဝင္း႐ြာအၾကားမွာ ၃ နာရီ ၅ မိနစ္အခ်ိန္က စၿပီးတိုက္လိုက္တယ္၊” လို႔ ေျပာပါတယ္။

စစ္သားေတြဘက္လည္း စက္ေသနတ္ေတြနဲ႔ ပစ္လည္ပစ္ခတ္တာေၾကာင့္ တိုက္ခိုက္ခ်ိန္ ၃၀ မိနစ္ၾကာခဲ့တယ္လို႔လည္း ဆိုပါတယ္။

အဲ့ဒီစစ္ေကာင္စီတပ္သားေတြဟာ ေက်ာက္ခြက္႐ြာမွာ အင္အား ၇၀ ေက်ာ္နဲ႔တပ္စြဲေနထိုင္ေနတာျဖစ္ၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ ၅၇ ဦးေလာက္သာက်န္ေတာ့တယ္လို႔လည္း ဗိုလ္လက္ရာက ေျပာပါတယ္။

ၿမိဳင္ PDF အေနနဲ႔ ၿပီးခဲ့တဲ့ေမလ ၁၇ ရက္ မနက္ပိုင္းကလည္း ၿမိဳင္ၿမိဳ႕ကေနထြက္ခြာလာတဲ့ ပ်ဴေစာထီးနဲ႔ စစ္ေကာင္စီတပ္သားေတြကို မဟာမိတ္အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ ပ်ဴေစာထီးအဖြဲ႕ဝင္ ၂၀ နီးပါးေသးဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။

#ေျမလတ္အသံ

PDFတွေကို ရှာနေတဲ့စစ်အုပ်စု PDFက လက်နက်ကြီးနဲ့ပြန်ပစ်လို့ ၆ ဦးသေဆုံး (ရုပ်/သံ)

မြိုင်၊ မေ ၂၆၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း PDFတွေကို ရှာဖွေနေတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၂၅ ရက် မနေ့ကနေ့လည်ပိုင်းမှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းနဲ့ ၆ မိုင်အကွာ ကျောက်ခွက်ရွာ နဲ့ ဆူးဝင်းရွာအကြားမှာ စစ်ဆေးရှာဖွေနေတဲ့ အင်အား ၄၀ ကျော်ပါ စစ်သားတွေကို နေ့လည် ၃ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ရာက ပြောပါတယ်။

“ သူတို့သေတာကြားရတာက အလောင်း ၆ လောင်းတွေ့တယ်၊ ကျနော်တို့လည်းသွားပြီး မရှင်းလင်းရဲသေးပါဘူး၊ သူတို့ကအဲဒီနားမှာ စက်လက်နက်တွေနဲ့ ထိုင်ထားကြတာ၊ သူတို့က ကျောက်ခွက်မှာရဲကင်းရှိတယ်၊ လူအင်အားကတော့ ၄၅ ယောက်လောက် ရှိမယ်၊ ကျနော်တို့အဖွဲ့တွေ သွားတာ၊ လာတာကို ပိတ်စို့ပြီးစစ်နေတာ၊ ကျနော်တို့လည်း သူတို့ရဲ့အခြေအနေကို ၂ ရက်လောက် အချိန်ယူ အကဲခတ်ပြီး၊ မနေ့က ကျောက်ခွက်နဲ့ ဆူးဝင်းရွာအကြားမှာ ၃ နာရီ ၅ မိနစ်အချိန်က စပြီးတိုက်လိုက်တယ်၊” လို့ ပြောပါတယ်။

စစ်သားတွေဘက်လည်း စက်သေနတ်တွေနဲ့ ပစ်လည်ပစ်ခတ်တာကြောင့် တိုက်ခိုက်ချိန် ၃၀ မိနစ်ကြာခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ကျောက်ခွက်ရွာမှာ အင်အား ၇၀ ကျော်နဲ့တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ ၅၇ ဦးလောက်သာကျန်တော့တယ်လို့လည်း ဗိုလ်လက်ရာက ပြောပါတယ်။

မြိုင် PDF အနေနဲ့ ပြီးခဲ့တဲ့မေလ ၁၇ ရက် မနက်ပိုင်းကလည်း မြိုင်မြို့ကနေထွက်ခွာလာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင် ၂၀ နီးပါးသေးဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ