Local News

မို-င္းဆြဲခံရၿပီး ေ-သဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္သား ၂၉ ေယာက္ကို ႐ြာေဆးခန္းမွာပို႔ထား

မိုင္းဆြဲခံရၿပီး ေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္သား ၂၉ ေယာက္ကို ႐ြာေဆးခန္းမွာပို႔ထား

ျမင္းမူ ၊ ေမ ၂၆ ၊ ၂၀၂၂။

ေခ်ာင္းဦးမွ ျမင္းမူဘက္ထြက္လာေသာ စစ္ေကာင္စီတပ္ဖြဲ႕ မ်ား မိုင္းဆြဲတိုက္ခိုက္ခံရတာေၾကာင့္ ၂၉ ေယာက္ေသဆုံးၿပီး ၁၂ ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

နံနက္ ၈ နာရီခန႔္တြင္ ေခ်ာင္းဦး-ျမင္းမူ ကားလမ္း၌ စစ္ေကာင္စီတပ္ဖြဲ႕မ်ား စီးနင္းလာေသာ သံျပားကာ ကားႀကီး ၂ စီးကို Farmers Revolution Force (FRF ေခ်ာင္းဦး) ႏွင့္ မဟာမိတ္တပ္ဖြဲ႕မ်ားက မိုင္းခြဲတိုက္ခိုက္ရာ ကား ၂ စီးမွာ ရပ္တန႔္သြားၿပီး စစ္သား ၂၉ ဦးခန႔္ ထိခိုက္ေသဆုံးႏိုင္ေၾကာင္း သတင္းရရွိသည္။”မိုင္း ၁၃ လုံးနဲ႔ ေဖာက္ခြဲတာပါဗ်။

က်ေနာ္တို႔ FRF က ထုတ္တဲ့ ပေဒသာမိုင္း ၉ လုံးရယ္၊ ဇာမဏီတပ္ဖြဲ႕က ထုတ္တဲ့ ၄ လုံး အားလုံးေပါင္း ၁၃ လုံးနဲ႔ ေဖာက္ခြဲတာပါ။ ကား ၂ စီးမွာ ၃၀ ေက်ာ္ႏိုင္တယ္၊ က်ေနာ္တို႔ ေဖာက္ခြဲၿပီးေတာ့ က်ေနာ္တို႔ကို စစ္သား ၁ ေယာက္ကပဲ ျပန္ပစ္ႏိုင္တာ၊ ေသနတ္ ၁ လက္တည္းနဲ႔ ေလး၊ ငါးခ်က္ပဲ ျပန္ပစ္တာ။ ကား ၂ စီးလုံးက ရပ္ကို သြားတာ၊ ၿပီးေတာ့မွ ျဖည္းျဖည္းခ်င္း ထိန္းေမာင္းသြားတာ၊ ၿပီးေတာ့ လူနာတင္ကားေတြ ၅ စီးေလာက္ တီးေတာင္ တီးေတာင္နဲ႔ ေရာက္လာၿပီးေတာ့ သယ္သြားၾကတာ၊ ဘယ္ေလာက္ေသတယ္ ဘယ္ေလာက္ ဒဏ္ရာရတယ္ဆိုတာကို က်ေနာ္တို႔ စုံစမ္းၿပီးမွ ျပန္အတည္ျပဳ ထုတ္ျပန္မယ္ဗ်” ဟု FRF သတင္းျပန္ၾကားေရးက ရန္ကုန္ေခတ္ သစ္သို႔ ေျပာဆိုသည္။

တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး အနီးဝန္း က်င္ ေက်း႐ြာမ်ားကိုပါ ရမ္းသန္းပစ္ခတ္ေၾကာင္း FRF က ဆက္ေျပာသည္။

အဆိုပါတိုက္ခိုက္မႈကို FRF ေခ်ာင္းဦး၊ Chaung U Revolution Army၊ Black Eagle Defence Forceႏွင့္ Zarmini တပ္ဖြဲ႕ ျမင္းမူ တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

“နတ္ေရကန္နဲ႔ေရပိုးစားအၾကား ၂ ပြိဳင့္မွာႀကိဳတင္စီစဥ္ထားတဲ့ မိုင္း ၈ လုံးနဲ႔ခြဲလိုက္တာ၊ အဲဒီမွာမ်က္ျမင္သက္ေသေတြေျပာျပခ်က္အရ အဲဒီျဖစ္ပြားတဲ့ ႐ြာ‌ေဆးခန္းမွာပဲ အေလာင္း ၂၉ ေလာင္းေတြ႕တယ္၊ ဒဏ္ရာကုေနတဲ့ေကာင္ေတြ ၁၂ ေယာက္ရွိတယ္လို႔ၾကားတယ္၊ က်ေနာ္တို႔ ၂ ဖြဲ႕ပူးေပါင္းၿပီးမိုင္းဆြဲခဲ့တာပါ” ဟု (MSPDF) တာဝန္ခံကေျပာသည္။

မိုင်းဆွဲခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၉ ယောက်ကို ရွာဆေးခန်းမှာပို့ထား

မြင်းမူ ၊ မေ ၂၆ ၊ ၂၀၂၂။

ချောင်းဦးမှ မြင်းမူဘက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ များ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂၉ ယောက်သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီခန့်တွင် ချောင်းဦး-မြင်းမူ ကားလမ်း၌ စစ်ကောင်စီတပ်ဖွဲ့များ စီးနင်းလာသော သံပြားကာ ကားကြီး ၂ စီးကို Farmers Revolution Force (FRF ချောင်းဦး) နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ ကား ၂ စီးမှာ ရပ်တန့်သွားပြီး စစ်သား ၂၉ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။”မိုင်း ၁၃ လုံးနဲ့ ဖောက်ခွဲတာပါဗျ။

ကျနော်တို့ FRF က ထုတ်တဲ့ ပဒေသာမိုင်း ၉ လုံးရယ်၊ ဇာမဏီတပ်ဖွဲ့က ထုတ်တဲ့ ၄ လုံး အားလုံးပေါင်း ၁၃ လုံးနဲ့ ဖောက်ခွဲတာပါ။ ကား ၂ စီးမှာ ၃၀ ကျော်နိုင်တယ်၊ ကျနော်တို့ ဖောက်ခွဲပြီးတော့ ကျနော်တို့ကို စစ်သား ၁ ယောက်ကပဲ ပြန်ပစ်နိုင်တာ၊ သေနတ် ၁ လက်တည်းနဲ့ လေး၊ ငါးချက်ပဲ ပြန်ပစ်တာ။ ကား ၂ စီးလုံးက ရပ်ကို သွားတာ၊ ပြီးတော့မှ ဖြည်းဖြည်းချင်း ထိန်းမောင်းသွားတာ၊ ပြီးတော့ လူနာတင်ကားတွေ ၅ စီးလောက် တီးတောင် တီးတောင်နဲ့ ရောက်လာပြီးတော့ သယ်သွားကြတာ၊ ဘယ်လောက်သေတယ် ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကို ကျနော်တို့ စုံစမ်းပြီးမှ ပြန်အတည်ပြု ထုတ်ပြန်မယ်ဗျ” ဟု FRF သတင်းပြန်ကြားရေးက ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးဝန်း ကျင် ကျေးရွာများကိုပါ ရမ်းသန်းပစ်ခတ်ကြောင်း FRF က ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို FRF ချောင်းဦး၊ Chaung U Revolution Army၊ Black Eagle Defence Forceနှင့် Zarmini တပ်ဖွဲ့ မြင်းမူ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“နတ်ရေကန်နဲ့ရေပိုးစားအကြား ၂ ပွိုင့်မှာကြိုတင်စီစဉ်ထားတဲ့ မိုင်း ၈ လုံးနဲ့ခွဲလိုက်တာ၊ အဲဒီမှာမျက်မြင်သက်သေတွေပြောပြချက်အရ အဲဒီဖြစ်ပွားတဲ့ ရွာ‌ဆေးခန်းမှာပဲ အလောင်း ၂၉ လောင်းတွေ့တယ်၊ ဒဏ်ရာကုနေတဲ့ကောင်တွေ ၁၂ ယောက်ရှိတယ်လို့ကြားတယ်၊ ကျနော်တို့ ၂ ဖွဲ့ပူးပေါင်းပြီးမိုင်းဆွဲခဲ့တာပါ” ဟု (MSPDF) တာဝန်ခံကပြောသည်။