Local News

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ NLD အစိုးရဝန္ႀကီးခ်ဳပ္မ်ားကို လိမ္လည္ အမႈဆင္ေသာ စသုံးလုံး အရာရွိ စာရင္းေပါက္ၾကားမႈ တရားခံရွာ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ NLD အစိုးရဝန္ႀကီးခ်ဳပ္မ်ားကို လိမ္လည္ အမႈဆင္ေသာ စသုံးလုံး အရာရွိ စာရင္းေပါက္ၾကားမႈ တရားခံရွာရန္ အစည္းအေဝးလုပ္

ရန္ကုန္၊ ေမ ၂၆

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ NLD အစိုးရဝန္ႀကီးခ်ဳပ္မ်ားကို လိမ္လည္ အမႈဆင္ေသာ စသုံးလုံး အရာရွိ စာရင္းေပါက္ၾကားမႈ တရားခံရွာရန္ ယေန႔ စသုံးလုံးဌာနတြင္း အစည္းအေဝး က်င္းပျပဳလုပ္ေၾကာင္း သိရွိရသည္။

ယေန႔ စသုံးလုံးဌာနတြင္း ဗီဒီယိုကြန္ဖရန႔္ လွ်ိဳ႕ဝွက္အစည္းအေဝး က်င္းပျပဳ လုပ္ၿပီး ယင္းအစည္းအေဝးသို႔ ျပည္နယ္/တိုင္း စသုံးလုံးဌာန တာဝန္ရွိသူမ်ား တက္ေရာက္ေၾကာင္း၊

ယင္းအစည္းအေဝးတြင္ ေခတ္သစ္သတင္းဌာနသို႔ ေပါက္ ၾကားခဲ့သည့္ NLD အစိုးရ ေခါင္းေဆာင္မ်ားကို လိမ္လည္ အမႈဆင္ရသည့္ စသုံးလုံး အရာရွိမ်ား စာရင္းသည္ ဌာနအတြင္း ရာထူးမတိုးသူမ်ား၊ ခ်င္း၊ကယား၊ ရခိုင္ဘက္သို႔ ေျပာင္းေ႐ႊ႕ခံရသူမ်ား၏ လက္ခ်က္ျဖစ္ႏိုင္သည္ဟု သုံး သပ္ၿပီး လွ်ိဳ႕ဝွက္ခ်က္မ်ားေပါက္ၾကားသည့္ တရားခံကို ရွာေဖြရန္ ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။

“ေခတ္သစ္သတင္းမွာ အတြင္းစည္းေပါက္မႈေတြျဖစ္တယ္။ ဒုစုံမႈးမွ စုံမႈး၊စုံမႉးမွဦးစီး၊ ရာထူးတိုးမပါသူေတြနဲ႔ အမွတ္ေကာင္းၿပီး ခ်င္း၊ကယား၊ရခိုင္ သို႔ေရာက္ေသာသူမ်ားကို ေစာင့္ၾကည့္ၿပီးတင္ျပဖို႔ ၫႊန္ၾကားတယ္။ ဒီလိုဝန္ထမ္းေတြရဲ႕နာၾကည္းခ်က္ ေၾကာင့္ေဖာ္ေကာင္လုပ္တယ္လို႔ သံသယရွိတယ္။

အစည္း အေဝးမွာ ၫႊန္ခ်ဴပ္၊ဒုၫႊန္ခ်ဳပ္ တို႔ကိုယ္ တိုင္က ေနာက္ထပ္ ဌာနတြင္း သတင္းေတြ ဆက္လက္မေပါက္ၾကားေအာင္ ကိုယ့္ ျပည္နယ္/တိုင္း လူကိုထိန္းသိမ္းေစာင့္ၾကည့္ဖို႔မွာၾကားတယ္” ဟု စသုံးလုံးသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္၊ NLD အစိုးရဝန္ႀကီးခ်ဳပ္မ်ား၊ ဝန္ႀကီးမ်ားကို လိမ္လည္ အမႈဆင္သည့္ စသုံးလုံးအရာရွိမ်ားႏွင့္ဝန္ထမ္းမ်ားအေၾကာင္း တ ရား ဝင္ ထုတ္ေဖာ္ေရးသားခဲ့ၿပီးျဖစ္သည္။

NLD အစိုးရ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ ဝန္ႀကီးမ်ားအေပၚ လုပ္ႀကံ အမႈဆင္ ၾကသည့္ စသုံးလုံးအရာရွိႏွင့္ဝန္ထမ္းမ်ား

By ရန္ကုန္ေခတ္သစ္

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္၊ NLD အစိုးရ ျပည္နယ္/တိုင္းဝန္ႀကီးခ်ဳပ္မ်ား၊ ဝန္ႀကီးမ်ားကို မင္းေအာင္လႈိင္က ယမန္ႏွစ္ ေဖေဖာ္ ဝါရီလ ၁ ရက္ေန႔တြင္ဖမ္းဆီးၿပီး လုပ္ ႀကံ အမႈဆင္ တရားစြဲရန္ မင္းေအာင္လႈိင္က စစ္တပ္ ႏွင့္ ျပည္ထဲေရးဝန္ႀကီး ဌာန ကို ၫႊန္ၾကားခဲ့သည္။

ျပည္ထဲေရးဝန္ႀကီးစိုးထြဋ္ႏွင့္ စစ္တိုင္းမႉးမ်ားက စသုံးလုံးအရာထမ္းႏွင့္အမႈထမ္းမ်ားကို NLD အစိုးရဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ားအေပၚ မဟုတ္မမွန္ လိမ္လည္ အမႈတည္ေဆာက္ရန္ တာဝန္ေပးအပ္ခဲ့ၿပီး ယင္းတာဝန္ေပးအပ္မႈကို အေကာင္အထည္ေဖာ္သည့္ စသုံးလုံး အရာရွိႏွင့္ဝန္ထမ္းမ်ား အေၾကာင္းကို ေဖာ္ျပအပ္ပါသည္။

လေရာင္ေတာေျမကိစၥ၊ ေနျပည္ေတာ္တည္ေဆာက္ေရးကိစၥအတြက္ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္အေပၚ မဟုတ္မမွတ္ လိမ္လည္ အမႈဆင္သူ စသုံးလုံးလက္ေထာက္ၫႊန္ၾကားေရးမႉး သန႔္ဇင္

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကို ေနျပည္ေတာ္တြင္ အေျခခ်ေရး လေရာင္ေတာေျမေနရာ ခ်ထားေပးမႈ ၊ ေနျပည္ေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ လာဘ္ေပးလာဘ္ယူရွိသည္ဟုဆိုကာ ေနျပည္ ေတာ္ ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္အေပၚ မဟုတ္မမွန္ အမႈ လိမ္လည္ တည္ေဆာက္ရသူမွာ စသုံးလုံး လက္ေထာက္ၫႊန္ၾကားေရးမႉး သန႔္ဇင္ျဖစ္သည္။

စသုံးလုံး လက္ေထာက္ၫႊန္ၾကားေရးမႉး သန႔္ဇင္သည္ စသုံးလုံးၫႊန္မႉး ညိဳဝင္း၊ ေမာင္ေမာင္ျမင့္တို႔ႏွင့္တြဲဖက္၍ မဟုတ္မမွန္ လိမ္လည္ အမႈတည္ေဆာက္ရျခင္းျဖစ္ၿပီး ၎တို႔ကို ၫႊန္ၾကားသူမွာ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ျဖစ္သည္။အမႈတည္ေဆာက္ရန္အတြက္ စသုံးလုံးအရာရွိႏွင့္ ဝန္ထမ္း ၅၃ ဦး အသုံးျပဳၿပီး ႐ုံးခ်ဳပ္၊ ကယား၊ ရွမ္း၊ စစ္ကိုင္း၊ တနသၤာရီ၊ မေကြး၊ ေနျပည္ေတာ္မွ စသုံးလုံးဝန္ထမ္းမ်ားအားလုံး ပါဝင္ပတ္သက္ေနၾကသည္။

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္အေပၚ မဟုတ္မမွန္ အမႈလိမ္လည္ တည္ ေဆာက္ သူ လက္ေထာက္ ၫႊန္ၾကားေရးမႉး ေက်ာ္ဝင္း

NLD အစိုးရ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္အေပၚ ပိုင္ဆိုင္မႈမ်ား စစ္ေဆးျခင္း၊ မဟုတ္မမွန္ လိမ္လည္ အမႈတည္ေဆာက္သူမွာ စသုံးလုံး လက္ေထာက္ၫႊန္ၾကားေရးမႉး ေက်ာ္ဝင္းျဖစ္သည္။စသုံးလုံးလက္ေထာက္ၫႊန္ၾကားေရးမႉး ေက်ာ္ဝင္းကို စီစဥ္ ႀကီးၾကပ္ တာဝန္ေပးအပ္ ခိုင္းေစသူမွာ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ျမတ္သက္ဦးျဖစ္သည္။ေဒါက္တာခက္ေအာင္အေပၚ မဟုတ္မမွန္ အမႈဖြင့္ရန္အတြက္ ကခ်င္ျပည္နယ္စသုံးလုံး ဌာနမွအရာရွိ ၃ ဦး၊ အမႈထမ္း ၄ ဦး စုစုေပါင္း ၇ ဦး ပါဝင္ပတ္သက္ခဲ့ၾကသည္။

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ႏွင့္ဝန္ႀကီးမ်ားအေပၚ မဟုတ္မမွန္ အမႈတည္ေဆာက္သူ စသုံးလုံး ၫႊန္ၾကားေရးမႉးေအာင္သန္းတိုးႏွင့္ ဒုၫႊန္မႉး မ်ိဳးသက္စိုး

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ လူမႈေရးဝန္ႀကီး၊ တိုင္းရင္း သား ေရးရာဝန္ႀကီး၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးတို႔ အေပၚ မဟုတ္မမွန္ အမႈတည္ေဆာက္သူ စသုံးလုံး ၫႊန္ၾကားေရးမႉး ေအာင္သန္းတိုးႏွင့္ ဒုၫႊန္မႉး မ်ိဳးသက္စိုးတို႔ျဖစ္ၾကသည္။စသုံးလုံး ၫႊန္ၾကားေရးမႉး ေအာင္သန္းတိုးက ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ လူမႈေရးဝန္ႀကီး၊ တိုင္းရင္းသားေရးရာဝန္ႀကီးတို႔ အေပၚ မဟုတ္ မမွန္ လိမ္လည္ အမႈတည္ေဆာက္ရၿပီး စသုံးလုံး ဒုတိယၫႊန္ၾကားေရးမႉး မ်ိဳးသက္စိုးက ကရင္ျပည္နယ္၊ ဘ႑ာေရးႏွင့္စီမံကိန္း ဝန္ႀကီး အေပၚ မဟုတ္မမွန္ အမႈတည္ေဆာက္ရသည္။

ထူးျခားခ်က္မွာ ၎တို႔ ႏွစ္ဦးစလုံးကို တာဝန္ေပးအပ္သူမွာအေရွ႕ေတာင္တိုင္းစစ္တိုင္းမႉး (ရတခ) ျဖစ္ေနျခင္းပင္ျဖစ္သည္။ ကရင္ျပည္နယ္ စသုံးလုံးမွ အရာ ရွိ ၉ ဦး ႏွင့္ အမႈထမ္း ၈ ဦး စုစုေပါင္း ၁၇ ဦး တို႔က ျပည္သူ႔အစိုးရအေပၚ မဟုတ္မမွန္ လိမ္လည္အမႈဖြင့္မႈမ်ားတြင္ ပါဝင္ၾကသည္။

ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္လႊတ္ေတာ္ဥကၠ႒ တို႔အေပၚ လိမ္လည္ အမႈတည္ ေဆာက္သူ ဦးစီးအရာရွိ သိန္းေဇာ္

ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ လႊတ္ေတာ္ဥကၠ႒တို႔အေပၚ တင္ဒါကိစၥ၊ လာဘ္ေပးလာဘ္ယူမႈ ရွိ၊ မရွိ ၊ အေမရိကန္ျပည္ေထာင္စုက ေထာက္ပံ့သည့္ ေဒၚလာ ၄၆ သန္းကို တိုင္း/ျပည္နယ္ အလိုက္ခြဲေဝရရွိအေပၚ အက်င့္ပ်က္ျခစားမႈ ရွိ၊ မရွိ CRPH ႏွင့္ ဆက္သြယ္ျခင္း ရွိ၊ မရွိတို႔ကို ဦးစီးအရာရွိ သိန္းေဇာ္က စုံစမ္း အမႈ လိမ္လည္ တည္ေဆာက္သည္။ ဦးစီးအရာရွိ သိန္းေဇာ္ကို တာဝန္ေပးအပ္သူမွာ အေနာက္ေျမာက္တိုင္းစစ္ဌာန ခ်ဳပ္ တိုင္းမႉး ျဖစ္ၿပီး ခ်င္းျပည္နယ္မွ စသုံးလုံးဌာနမွ ၂ ဦး ပါဝင္ပတ္သက္ၾကသည္။

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္အေပၚ လိမ္လည္ အမႈ တည္ ေဆာက္ သူ ဦးစီးအရာရွိ ေသာင္းႏိုင္

စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ႏွင့္ ဝန္ႀကီးမ်ားအေပၚ တင္ဒါကိစၥ၊ အဂတိလိုက္စားမႈ ရွိ၊ မရွိ လိမ္လည္ အမႈတည္ေဆာက္သူမွာ ဦးစီးအရာရွိ ေသာင္းႏိုင္ျဖစ္ၿပီး အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးက တာဝန္ေပးအပ္ျခင္း ျဖစ္သည္။ စစ္ကိုင္းတိုင္းစသုံးလုံး ဌာနမွ အရာရွိ ၄ ဦး ၊ အမႈထမ္း ၉ ဦး စုစုေပါင္း ၁၃ ဦး က လိမ္လည္ အမႈတည္ေဆာက္ရာတြင္ ပါဝင္ ပတ္သက္ၾကသည္။

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအေပၚ လိမ္လည္အမႈတည္ ေဆာက္ သူ ဦးစီးအရာရွိ ေအာင္ေဇယ်

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳႏွင့္ ဝန္ႀကီးမ်ားအေပၚ လိမ္လည္ အမႈတည္ေဆာက္သူမွာ ဦးစီးအရာရွိ ေအာင္ေဇယ်ျဖစ္ၿပီး အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးက တာဝန္ေပးအပ္ျခင္းျဖစ္သည္။ မေကြးတိုင္းစသုံးလုံးမွ အရာရွိတစ္ဦးႏွင့္ အမႈထမ္း တစ္ဦးတို႔က လိမ္လည္အမႈတည္ေဆာက္ရာတႊင္ ပါဝင္ၾကသည္။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္အေပၚ လိမ္လည္အမႈတည္ေဆာက္သူ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဌးလြင္

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ဝန္ႀကီးမ်ားအေပၚ လိမ္လည္ အမႈတည္ေဆာက္သူမွာ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဌးလြင္ျဖစ္ၿပီး စသုံးလုံးမွ အရာရွိႏွင့္အမႈထမ္း ၁၁ ဦး ပါဝင္ၾကသည္။ တာဝန္ေပးအပ္သူမွာ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ျဖစ္သည္။

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာေအးဇံေပၚ လိမ္လည္အမႈ တည္ေဆာက္သူ ၫႊန္ၾကားေရးမႉး မ်ိဳးေဇာ္ဝင္း

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံႏွင့္ ဝန္ႀကီးမ်ားအေပၚ လိမ္လည္ အမႈတည္ေဆာက္သူမွာ ၫႊန္ၾကားေရးမႉး မ်ိဳးေဇာ္ဝင္းျဖစ္ၿပီး မြန္ျပည္နယ္စသုံးလုံးမွ အရာရွိႏွင့္အမႈထမ္း ၈ ဦးပါဝင္ၾကသည္။ အမိန႔္ႏွင့္ တာဝန္ေပးအပ္ၿပီး ႀကီးၾကပ္ကြပ္ကဲသူမွာ အေရွ႕ေတာင္တိုင္းစစ္ဌာန ခ်ဳပ္ စစ္တိုင္းမႉးျဖစ္သည္။

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုအေပၚ လိမ္လည္ အမႈတည္ေဆာက္သူ ၫႊန္ၾကားေရးမႉး စိုးလြင္

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုအေပး လိမ္လည္ အမႈတည္ေဆာက္သူမွာ ၫႊန္ၾကားေရးမႉး စိုးလြင္ျဖစ္ၿပီး သူႏွင့္အတူ စသုံးလုံး ဝန္ထမ္း ၄ ဦး ပါဝင္ပတ္ သက္သည္။ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ထင္လတ္ဦးက ႀကီးၾကပ္ကြပ္ကြဲစီစဥ္ ၫႊန္ၾကားသည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ရွမ္းလႊတ္ေတာ္ဥကၠ႒တို႔အေပၚ လိမ္လည္ အမႈတည္ေဆာက္သူ စုံစမ္းေရးမႉး မ်ိဳးခိုင္ဝင္းႏွင့္ ဦးစီးအရာရွိ ဝင္းသိန္း

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္အေပၚ လိမ္လည္ အမႈတည္ ေဆာက္ သူမွာ စုံစမ္းေရးမႉး မ်ိဳးခိုင္ဝင္းျဖစ္ၿပီး အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး က တာဝန္ေပးအပ္ျခင္းျဖစ္သည္။ ရွမ္းျပည္နယ္ လႊတ္ေတာ္ဥကၠ႒အေပၚ လိမ္လည္ အမႈတည္ေဆာက္သူမွာ ဦးစီးအရာရွိ ဝင္းသိန္းျဖစ္ၿပီး အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးက တာဝန္ေပး အပ္ျခင္းျဖစ္သည္။

ဧရာ၀တီတိုင္းဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္အေပၚ လိမ္လည္ အမႈတည္ေဆာက္ သူ ဒုၫႊန္ၾကားေရးမႉး မင္းႏိုင္

ဧရာ၀တီတိုင္းဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္အေပၚ လိမ္လည္ အမႈတည္ေဆာက္ သူမွာ ဒုတိယၫႊန္ၾကားေရးမႉး မင္းႏိုင္ျဖစ္ၿပီး အေနာက္ေတာင္တိုင္းစစ္ဌာန ခ်ဳပ္ တိုင္းမႉးက တာဝန္ေပးအပ္ျခင္းျဖစ္သည္။ ဧရာ၀တီတိုင္း စသုံးလုံးမွ အရာရွိ ၃ ဦး၊ အမႈထမ္း ၃ ဦး စုစုေပါင္း ၆ ဦး ပါဝင္ပတ္သက္လ်က္ရွိသည္။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရဝန်ကြီးချုပ်များကို လိမ်လည် အမှုဆင်သော စသုံးလုံး အရာရှိ စာရင်းပေါက်ကြားမှု တရားခံရှာရန် အစည်းအဝေးလုပ်

ရန်ကုန်၊ မေ ၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရဝန်ကြီးချုပ်များကို လိမ်လည် အမှုဆင်သော စသုံးလုံး အရာရှိ စာရင်းပေါက်ကြားမှု တရားခံရှာရန် ယနေ့ စသုံးလုံးဌာနတွင်း အစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ယနေ့ စသုံးလုံးဌာနတွင်း ဗီဒီယိုကွန်ဖရန့် လျှို့ဝှက်အစည်းအဝေး ကျင်းပပြု လုပ်ပြီး ယင်းအစည်းအဝေးသို့ ပြည်နယ်/တိုင်း စသုံးလုံးဌာန တာဝန်ရှိသူများ တက်ရောက်ကြောင်း၊

ယင်းအစည်းအဝေးတွင် ခေတ်သစ်သတင်းဌာနသို့ ပေါက် ကြားခဲ့သည့် NLD အစိုးရ ခေါင်းဆောင်များကို လိမ်လည် အမှုဆင်ရသည့် စသုံးလုံး အရာရှိများ စာရင်းသည် ဌာနအတွင်း ရာထူးမတိုးသူများ၊ ချင်း၊ကယား၊ ရခိုင်ဘက်သို့ ပြောင်းရွှေ့ခံရသူများ၏ လက်ချက်ဖြစ်နိုင်သည်ဟု သုံး သပ်ပြီး လျှို့ဝှက်ချက်များပေါက်ကြားသည့် တရားခံကို ရှာဖွေရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“ခေတ်သစ်သတင်းမှာ အတွင်းစည်းပေါက်မှုတွေဖြစ်တယ်။ ဒုစုံမှုးမှ စုံမှုး၊စုံမှူးမှဦးစီး၊ ရာထူးတိုးမပါသူတွေနဲ့ အမှတ်ကောင်းပြီး ချင်း၊ကယား၊ရခိုင် သို့ရောက်သောသူများကို စောင့်ကြည့်ပြီးတင်ပြဖို့ ညွှန်ကြားတယ်။ ဒီလိုဝန်ထမ်းတွေရဲ့နာကြည်းချက် ကြောင့်ဖော်ကောင်လုပ်တယ်လို့ သံသယရှိတယ်။

အစည်း အဝေးမှာ ညွှန်ချူပ်၊ဒုညွှန်ချုပ် တို့ကိုယ် တိုင်က နောက်ထပ် ဌာနတွင်း သတင်းတွေ ဆက်လက်မပေါက်ကြားအောင် ကိုယ့် ပြည်နယ်/တိုင်း လူကိုထိန်းသိမ်းစောင့်ကြည့်ဖို့မှာကြားတယ်” ဟု စသုံးလုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရဝန်ကြီးချုပ်များ၊ ဝန်ကြီးများကို လိမ်လည် အမှုဆင်သည့် စသုံးလုံးအရာရှိများနှင့်ဝန်ထမ်းများအကြောင်း တ ရား ဝင် ထုတ်ဖော်ရေးသားခဲ့ပြီးဖြစ်သည်။

NLD အစိုးရ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများအပေါ် လုပ်ကြံ အမှုဆင် ကြသည့် စသုံးလုံးအရာရှိနှင့်ဝန်ထမ်းများ

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ NLD အစိုးရ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ၊ ဝန်ကြီးများကို မင်းအောင်လှိုင်က ယမန်နှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင်ဖမ်းဆီးပြီး လုပ် ကြံ အမှုဆင် တရားစွဲရန် မင်းအောင်လှိုင်က စစ်တပ် နှင့် ပြည်ထဲရေးဝန်ကြီး ဌာန ကို ညွှန်ကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးစိုးထွဋ်နှင့် စစ်တိုင်းမှူးများက စသုံးလုံးအရာထမ်းနှင့်အမှုထမ်းများကို NLD အစိုးရဝန်ကြီးချုပ်၊ ဝန်ကြီးများအပေါ် မဟုတ်မမှန် လိမ်လည် အမှုတည်ဆောက်ရန် တာဝန်ပေးအပ်ခဲ့ပြီး ယင်းတာဝန်ပေးအပ်မှုကို အကောင်အထည်ဖော်သည့် စသုံးလုံး အရာရှိနှင့်ဝန်ထမ်းများ အကြောင်းကို ဖော်ပြအပ်ပါသည်။

လရောင်တောမြေကိစ္စ၊ နေပြည်တော်တည်ဆောက်ရေးကိစ္စအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အပေါ် မဟုတ်မမှတ် လိမ်လည် အမှုဆင်သူ စသုံးလုံးလက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို နေပြည်တော်တွင် အခြေချရေး လရောင်တောမြေနေရာ ချထားပေးမှု ၊ နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူရှိသည်ဟုဆိုကာ နေပြည် တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အပေါ် မဟုတ်မမှန် အမှု လိမ်လည် တည်ဆောက်ရသူမှာ စသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်ဖြစ်သည်။

စသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်သည် စသုံးလုံးညွှန်မှူး ညိုဝင်း၊ မောင်မောင်မြင့်တို့နှင့်တွဲဖက်၍ မဟုတ်မမှန် လိမ်လည် အမှုတည်ဆောက်ရခြင်းဖြစ်ပြီး ၎င်းတို့ကို ညွှန်ကြားသူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဖြစ်သည်။အမှုတည်ဆောက်ရန်အတွက် စသုံးလုံးအရာရှိနှင့် ဝန်ထမ်း ၅၃ ဦး အသုံးပြုပြီး ရုံးချုပ်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ နေပြည်တော်မှ စသုံးလုံးဝန်ထမ်းများအားလုံး ပါဝင်ပတ်သက်နေကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပေါ် မဟုတ်မမှန် အမှုလိမ်လည် တည် ဆောက် သူ လက်ထောက် ညွှန်ကြားရေးမှူး ကျော်ဝင်း

NLD အစိုးရ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပေါ် ပိုင်ဆိုင်မှုများ စစ်ဆေးခြင်း၊ မဟုတ်မမှန် လိမ်လည် အမှုတည်ဆောက်သူမှာ စသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး ကျော်ဝင်းဖြစ်သည်။စသုံးလုံးလက်ထောက်ညွှန်ကြားရေးမှူး ကျော်ဝင်းကို စီစဉ် ကြီးကြပ် တာဝန်ပေးအပ် ခိုင်းစေသူမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးဖြစ်သည်။ဒေါက်တာခက်အောင်အပေါ် မဟုတ်မမှန် အမှုဖွင့်ရန်အတွက် ကချင်ပြည်နယ်စသုံးလုံး ဌာနမှအရာရှိ ၃ ဦး၊ အမှုထမ်း ၄ ဦး စုစုပေါင်း ၇ ဦး ပါဝင်ပတ်သက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်ဝန်ကြီးများအပေါ် မဟုတ်မမှန် အမှုတည်ဆောက်သူ စသုံးလုံး ညွှန်ကြားရေးမှူးအောင်သန်းတိုးနှင့် ဒုညွှန်မှူး မျိုးသက်စိုး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ လူမှုရေးဝန်ကြီး၊ တိုင်းရင်း သား ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ အပေါ် မဟုတ်မမှန် အမှုတည်ဆောက်သူ စသုံးလုံး ညွှန်ကြားရေးမှူး အောင်သန်းတိုးနှင့် ဒုညွှန်မှူး မျိုးသက်စိုးတို့ဖြစ်ကြသည်။စသုံးလုံး ညွှန်ကြားရေးမှူး အောင်သန်းတိုးက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့ အပေါ် မဟုတ် မမှန် လိမ်လည် အမှုတည်ဆောက်ရပြီး စသုံးလုံး ဒုတိယညွှန်ကြားရေးမှူး မျိုးသက်စိုးက ကရင်ပြည်နယ်၊ ဘဏ္ဍာရေးနှင့်စီမံကိန်း ဝန်ကြီး အပေါ် မဟုတ်မမှန် အမှုတည်ဆောက်ရသည်။

ထူးခြားချက်မှာ ၎င်းတို့ နှစ်ဦးစလုံးကို တာဝန်ပေးအပ်သူမှာအရှေ့တောင်တိုင်းစစ်တိုင်းမှူး (ရတခ) ဖြစ်နေခြင်းပင်ဖြစ်သည်။ ကရင်ပြည်နယ် စသုံးလုံးမှ အရာ ရှိ ၉ ဦး နှင့် အမှုထမ်း ၈ ဦး စုစုပေါင်း ၁၇ ဦး တို့က ပြည်သူ့အစိုးရအပေါ် မဟုတ်မမှန် လိမ်လည်အမှုဖွင့်မှုများတွင် ပါဝင်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌ တို့အပေါ် လိမ်လည် အမှုတည် ဆောက်သူ ဦးစီးအရာရှိ သိန်းဇော်

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အပေါ် တင်ဒါကိစ္စ၊ လာဘ်ပေးလာဘ်ယူမှု ရှိ၊ မရှိ ၊ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့သည့် ဒေါ်လာ ၄၆ သန်းကို တိုင်း/ပြည်နယ် အလိုက်ခွဲဝေရရှိအပေါ် အကျင့်ပျက်ခြစားမှု ရှိ၊ မရှိ CRPH နှင့် ဆက်သွယ်ခြင်း ရှိ၊ မရှိတို့ကို ဦးစီးအရာရှိ သိန်းဇော်က စုံစမ်း အမှု လိမ်လည် တည်ဆောက်သည်။ ဦးစီးအရာရှိ သိန်းဇော်ကို တာဝန်ပေးအပ်သူမှာ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဖြစ်ပြီး ချင်းပြည်နယ်မှ စသုံးလုံးဌာနမှ ၂ ဦး ပါဝင်ပတ်သက်ကြသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပေါ် လိမ်လည် အမှု တည် ဆောက် သူ ဦးစီးအရာရှိ သောင်းနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဝန်ကြီးများအပေါ် တင်ဒါကိစ္စ၊ အဂတိလိုက်စားမှု ရှိ၊ မရှိ လိမ်လည် အမှုတည်ဆောက်သူမှာ ဦးစီးအရာရှိ သောင်းနိုင်ဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တာဝန်ပေးအပ်ခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းစသုံးလုံး ဌာနမှ အရာရှိ ၄ ဦး ၊ အမှုထမ်း ၉ ဦး စုစုပေါင်း ၁၃ ဦး က လိမ်လည် အမှုတည်ဆောက်ရာတွင် ပါဝင် ပတ်သက်ကြသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပေါ် လိမ်လည်အမှုတည် ဆောက် သူ ဦးစီးအရာရှိ အောင်ဇေယျ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ ဦးစီးအရာရှိ အောင်ဇေယျဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တာဝန်ပေးအပ်ခြင်းဖြစ်သည်။ မကွေးတိုင်းစသုံးလုံးမှ အရာရှိတစ်ဦးနှင့် အမှုထမ်း တစ်ဦးတို့က လိမ်လည်အမှုတည်ဆောက်ရာတွှင် ပါဝင်ကြသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် လိမ်လည်အမှုတည်ဆောက်သူ လက်ထောက်ညွှန်ကြားရေးမှူး ဌေးလွင်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဝန်ကြီးများအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ လက်ထောက်ညွှန်ကြားရေးမှူး ဌေးလွင်ဖြစ်ပြီး စသုံးလုံးမှ အရာရှိနှင့်အမှုထမ်း ၁၁ ဦး ပါဝင်ကြသည်။ တာဝန်ပေးအပ်သူမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံပေါ် လိမ်လည်အမှု တည်ဆောက်သူ ညွှန်ကြားရေးမှူး မျိုးဇော်ဝင်း

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဝန်ကြီးများအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ ညွှန်ကြားရေးမှူး မျိုးဇော်ဝင်းဖြစ်ပြီး မွန်ပြည်နယ်စသုံးလုံးမှ အရာရှိနှင့်အမှုထမ်း ၈ ဦးပါဝင်ကြသည်။ အမိန့်နှင့် တာဝန်ပေးအပ်ပြီး ကြီးကြပ်ကွပ်ကဲသူမှာ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် စစ်တိုင်းမှူးဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေါ် လိမ်လည် အမှုတည်ဆောက်သူ ညွှန်ကြားရေးမှူး စိုးလွင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေး လိမ်လည် အမှုတည်ဆောက်သူမှာ ညွှန်ကြားရေးမှူး စိုးလွင်ဖြစ်ပြီး သူနှင့်အတူ စသုံးလုံး ဝန်ထမ်း ၄ ဦး ပါဝင်ပတ် သက်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထင်လတ်ဦးက ကြီးကြပ်ကွပ်ကွဲစီစဉ် ညွှန်ကြားသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းလွှတ်တော်ဥက္ကဋ္ဌတို့အပေါ် လိမ်လည် အမှုတည်ဆောက်သူ စုံစမ်းရေးမှူး မျိုးခိုင်ဝင်းနှင့် ဦးစီးအရာရှိ ဝင်းသိန်း

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အပေါ် လိမ်လည် အမှုတည် ဆောက် သူမှာ စုံစမ်းရေးမှူး မျိုးခိုင်ဝင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး က တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ ဦးစီးအရာရှိ ဝင်းသိန်းဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တာဝန်ပေး အပ်ခြင်းဖြစ်သည်။

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်အပေါ် လိမ်လည် အမှုတည်ဆောက် သူ ဒုညွှန်ကြားရေးမှူး မင်းနိုင်

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်အပေါ် လိမ်လည် အမှုတည်ဆောက် သူမှာ ဒုတိယညွှန်ကြားရေးမှူး မင်းနိုင်ဖြစ်ပြီး အနောက်တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးက တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ဧရာ၀တီတိုင်း စသုံးလုံးမှ အရာရှိ ၃ ဦး၊ အမှုထမ်း ၃ ဦး စုစုပေါင်း ၆ ဦး ပါဝင်ပတ်သက်လျက်ရှိသည်။