Local News

မႏၲေလးမွာ ခ်ိန္းေတြ႕ေနတဲ့ သမီးရည္းစား

မႏၲေလးမွာ ခ်ိန္းေတြ႕ေနတဲ့ သမီးရည္းစား ဓားထိုးလုယက္ခံရၿပီး အမ်ိဳးသား ေသဆုံး၊

လူသတ္ၿပီး လုယက္မႈ က်ဴးလြန္သူေတြ ထြက္ေျပး လြတ္ေျမာက္သြား၊

MFP ၊ ေမ-၂၆

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ (၃၅)လမ္းႏွင့္ (၃၄)လမ္းၾကား သဂၤဇာေခ်ာင္းေဘးမွာ ဒီကေန႔ ညဦးပိုင္း (၇)နာရီဝန္းက်င္က သမီးရည္းစား ခ်ိန္းေတြ႕ေနခ်ိန္ ဓားထိုးလုယက္ခံရၿပီး အမ်ိဳးသားျဖစ္သူ ေသဆုံးကာ ဆိုင္ကယ္ႏွင့္ ဖုန္း လုယက္ခံလိုက္ရတယ္လို႔ ေဒသခံသတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ဒီကေန႔ ေမ(၂၆)ရက္ ည(၇)နာရီဝန္းက်င္က ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေဒးဝန္းအေနာက္ရပ္ကြက္၊ သဂၤဇာေခ်ာင္း ေနာက္ဘက္ျခမ္းမွာ သမီးရည္းစား ခ်ိန္းေတြ႕ေနခ်ိန္ လူသုံးဦး ေရာက္လာၿပီး ဓားႏွင့္ထိုးကာ ဆိုင္ကယ္ႏွင့္ ဖုန္းေတြ လုယက္သြားတာလို႔ ဆိုပါတယ္။

အဲ့ဒီ ျဖစ္စဥ္မွာ လူသတ္လုယက္ၿပီး ထြက္ေျပးသြားသူ သုံးဦးကေတာ့ လြတ္ေျမာက္သြားတယ္လို႔ ဆိုပါတယ္။

“သဂၤဇာေခ်ာင္းေဘး သၾကားဒိုင္ေတြဘက္မွာ ဓားထိုးၿပီး အလုခံရတာ။ ေဆး႐ုံပို႔ေပမယ့္ ေကာင္ေလးက ဆုံးသြားတယ္” လိ့ နီးစပ္သူ တစ္ဦးက MFP ကို ေျပာပါတယ္။

လုယက္ခံရၿပီး ဓားထိုးခံရလို႔ ေသဆုံးသူဟာ မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေျမာက္ျပင္ရပ္မွာ ေနထိုင္တဲ့ အသက္(၂၂)ႏွစ္အ႐ြယ္ ကိုမိုးထက္ေအာင္ ဆိုသူ ျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မႏၲေလးၿမိဳ႕မႈ လုယက္မႈ၊ လုယက္သတ္ျဖတ္မႈ၊ ဓားျပမႈ၊ ခိုးယူမႈ၊ ေလာင္းကစားမႈေတြ ဆက္တိုက္ ျဖစ္ပြားေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ခိုး၊ ဆိုး၊ လု၊ ႏႈိက္၊ လူသတ္၊ မုဒိန္း စတဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္လို႔ ေထာင္က်ေနတဲ့ ႏွစ္ႀကီးရာဇဝတ္ အက်ဥ္းသား ေထာင္ေသာင္းခ်ီကာ ျပန္လႊတ္ေပးခဲ့ပါတယ္။

မႏၲေလးၿမိဳ႕ (၃၅)လမ္းႏွင့္ သဂၤဇာေခ်ာင္းအနီးမွာ ခ်ိန္းေတြပေနတဲ့ သမီးရည္းစား ဓားထိုးလုယက္ခံရစဥ္/Photo – CJ

မန္တလေးမှာ ချိန်းတွေ့နေတဲ့ သမီးရည်းစား ဓားထိုးလုယက်ခံရပြီး အမျိုးသား သေဆုံး၊

လူသတ်ပြီး လုယက်မှု ကျူးလွန်သူတွေ ထွက်ပြေး လွတ်မြောက်သွား၊

MFP ၊ မေ-၂၆

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၅)လမ်းနှင့် (၃၄)လမ်းကြား သင်္ဂဇာချောင်းဘေးမှာ ဒီကနေ့ ညဦးပိုင်း (၇)နာရီဝန်းကျင်က သမီးရည်းစား ချိန်းတွေ့နေချိန် ဓားထိုးလုယက်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီကနေ့ မေ(၂၆)ရက် ည(၇)နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂဇာချောင်း နောက်ဘက်ခြမ်းမှာ သမီးရည်းစား ချိန်းတွေ့နေချိန် လူသုံးဦး ရောက်လာပြီး ဓားနှင့်ထိုးကာ ဆိုင်ကယ်နှင့် ဖုန်းတွေ လုယက်သွားတာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်မှာ လူသတ်လုယက်ပြီး ထွက်ပြေးသွားသူ သုံးဦးကတော့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“သင်္ဂဇာချောင်းဘေး သကြားဒိုင်တွေဘက်မှာ ဓားထိုးပြီး အလုခံရတာ။ ဆေးရုံပို့ပေမယ့် ကောင်လေးက ဆုံးသွားတယ်” လိ့ နီးစပ်သူ တစ်ဦးက MFP ကို ပြောပါတယ်။

လုယက်ခံရပြီး ဓားထိုးခံရလို့ သေဆုံးသူဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်မှာ နေထိုင်တဲ့ အသက်(၂၂)နှစ်အရွယ် ကိုမိုးထက်အောင် ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှု လုယက်မှု၊ လုယက်သတ်ဖြတ်မှု၊ ဓားပြမှု၊ ခိုးယူမှု၊ လောင်းကစားမှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ မုဒိန်း စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ ထောင်ကျနေတဲ့ နှစ်ကြီးရာဇဝတ် အကျဉ်းသား ထောင်သောင်းချီကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေးမြို့ (၃၅)လမ်းနှင့် သင်္ဂဇာချောင်းအနီးမှာ ချိန်းတွေပနေတဲ့ သမီးရည်းစား ဓားထိုးလုယက်ခံရစဉ်/Photo – CJ