သ႐ုပ္ေဆာင္ရဲတိုက္ အျမင့္ဆုံးျပစ္ဒဏ္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ႏွစ္ခ်မွတ္ခံရ စုစုေပါင္း ေထာင္ဒဏ္ ၁၃ႏွစ္အထိ ခ်မွတ္ခံထားရ
ဆဏ္း/People’s Spring
သ႐ုပ္ေဆာင္ရဲတိုက္ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၃ျဖင့္ အာဏာသိမ္းစစ္ေကာင္စီ၏ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ႏွစ္ခ်မွတ္လိုက္သည္။
“အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက ဒီေန႔ အမိန႔္ခ်တာအလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ဆယ္ႏွစ္။အယူခံဝင္သြားမယ္။ “ဟု ဆာတိုရီထုတ္လုပ္ေရးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
သ႐ုပ္ေဆာင္ရဲတိုက္သည္ က်န္းမာေရးအေျခအေနေကာင္းမြန္ေသာ္လည္း ယေန႔ ႐ုံးခ်ိန္း၌ စိတ္လႈပ္ရွားေနေသာေၾကာင့္ သုံးခါအန္ခဲ့ေၾကာင္း ၎က ဆိုသည္။
ရဲတိုက္ကို ၿပီးခဲ့သည့္ ၂၀၂၁ ဧၿပီ ၃ ရက္တြင္ သမိုင္းလမ္းဆုံ၌ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး စိတ္ႂကြမူးယစ္ေဆးျပား လက္ဝယ္ေတြ႕ရွိသည္ဟုဆိုကာ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ) ျဖင့္ မရမ္းကုန္းၿမိဳ႕နယ္၌ တရားစြဲဆိုခဲ့သည္။
ထို႔ေနာက္ၿပီးခဲ့သည့္ ဒီဇင္ဘာအတြင္းက ျပစ္မႈေဟာင္းကို ထပ္မံက်ဴးလြန္သည္ဟုဆိုကာ ပုဒ္မ ၂၃ ျဖင့္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံး၌ စစ္ေဆးကာ အမိန႔္ခ်ခဲ့ျခင္းျဖစ္သည္။
ရဲတိုက္သည္ ေႏြဦးေတာ္လွန္ေရး၌ ျပည္သူႏွင့္အတူပါဝင္ခဲ့ေသာေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္ မတရား တရားစြဲဆိုခံခဲ့ရၿပီး ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာအတြင္း၌ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္ခံခဲ့ရျခင္း ျဖစ္သည္။
သရုပ်ဆောင်ရဲတိုက် အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ စုစုပေါင်း ထောင်ဒဏ် ၁၃နှစ်အထိ ချမှတ်ခံထားရ
ဆဏ်း/People’s Spring
သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အနောက်ပိုင်းခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်သည်။
“အနောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ အမိန့်ချတာအလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆယ်နှစ်။အယူခံဝင်သွားမယ်။ “ဟု ဆာတိုရီထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သရုပ်ဆောင်ရဲတိုက်သည် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း ယနေ့ ရုံးချိန်း၌ စိတ်လှုပ်ရှားနေသောကြောင့် သုံးခါအန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။
ထို့နောက်ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပြစ်မှုဟောင်းကို ထပ်မံကျူးလွန်သည်ဟုဆိုကာ ပုဒ်မ ၂၃ ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။
ရဲတိုက်သည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့်အတူပါဝင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် မတရား တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။