ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်
#Ayeyarwaddy_Times
စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး
ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့မနက် ၉နာရီအချိန်က စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ EPC ဝန်ထမ်းမှာ လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာ စာသင်ကျောင်းအနီးရှိ ဓာတ်အားလွှဲတိုင်အပေါ်မှ ဓာတ်လိုက်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ကိုအောင်လှိုင်ဦး(ခ) ကိုဖိုးကုလားဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား လွိုင်ကော်ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။
ဓာတ်ပုံ – ရွှေလွိုင်ကော်ပရဟိတအသင်း