Local News

ကျောင်းသားမိဘများကျောင်းသွာအပ်ပေမယ့် လူပြည့်နေပြီဆိုပြီး အိမ်မှာ က၊ခ ကိုယ်ဟာကိုသင်ဖို့ပြောပြီးပြန်လွတ်…

စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက မေလ ၂၆ ရက်နေ့ စတင်တဲ့ အခြေခံပညာကျောင်းတွေ ကျောင်းအပ်နှံရေးသီတင်းပတ်မှာ ကျောင်းအပ်လက်ခံတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကြားမှာ ၂ နှစ်နီးပါး ကျောင်းတွေပိတ်ထားခဲ့ပြီးတဲ့နောက် တခါပြန်ရောက်လာတဲ့ ကျောင်းဖွင့်ချိန်မှာတော့ ရန်ကုန်မြို့က ကျောင်းတွေမှာတော့ ကျောင်းအပ်နှံသူတွေ အတန်အသင့် ပြန်ရှိလာတာကိုတွေ့ရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းနိုးဆော်နေတာတွေ၊

နောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ကြားကာလပညာသင်ကြားမှုတွေဆက်ရှိနေသလို တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ ကယားဘက်တွေမှာလည်း ကိုယ်ထူကိုယ်ထပညာရေးတွေကို အကောင်အထည်ဖော်နေတာတွေလည်း ရှိနေပါတယ်။