Local News

 ရဲတပ္ဖြဲ႕ဝင္ ၁၀၀ ေက်ာ္ရခိုင္ေျပာင္းေ႐ႊ႕ခိုင္းလို႔ စိတ္ဝမ္းကြဲမႈမ်ားျဖစ္ကာ…

ရဲတပ္ဖြဲ႕ဝင္ ၁၀၀ ေက်ာ္ရခိုင္ေျပာင္းေ႐ႊ႕ခိုင္းလို႔ စိတ္ဝမ္းကြဲမႈမ်ားရွိေန

မင္းျမတ္ေမာင္/ဧရာဝတီတိုင္းမ္

ဧရာဝတီ၊ ေမလ ၂၇ ရက္

အာဏာသိမ္းစစ္ေကာင္စီ ရခိုင္ျပည္နယ္အတြင္းမွာ ရကၡိဳင့္တပ္ေတာ္-AA နဲ႔ စစ္ေရးတင္းမာမႈေတြျဖစ္ေပၚလာၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္ထဲကို စစ္အင္အားျဖည့္တင္းတာေတြျပဳလုပ္ခဲ့သလို ရဲအင္အားေတြလည္း ျဖည့္တင္းေနတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းထဲက အာဏာသိမ္းစစ္ေကာင္စီ ဩဇာခံ ရဲတပ္သားအဆင့္ကေန ရဲတပ္ၾကပ္ႀကီးအဆင့္ထိကို ၿပီးခဲ့တဲ့ ေမလ တတိယပတ္ကစတင္ကာ ရခိုင္ကို ေ႐ႊ႕ေျပာင္းဖို႔အတြက္ ေစလႊတ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ဝိုင္းအသိုင္း ဝိုင္းက သိရပါတယ္။

“ လဆန္းပိုင္းထဲက အမိန႔္က နရခ(ရဲတပ္ဖြဲ႕ဌာနခ်ဳပ္) ကထြက္တာ ေျပာင္းရတာေတာ့ ဒီတတိယပတ္မွာ တိုင္း႐ုံးမွာစုၿပီး ထြက္ရတာ အားလုံးအတူထြက္ရတာ တာဝန္ခံ အရာရွိက လိုက္ပို႔ေပးရတာ”လို႔ လုံၿခဳံေရးအရ အမည္မေဖာ္ လိုတဲ့ ရဲတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

ဧရာဝတီတိုင္းကေန ရခိုင္ျပည္နယ္ကိုေျပာင္းေ႐ႊ႕ရတဲ့ စစ္ေကာင္စီဩဇာခံရဲေတြကို ထြက္ေျပးမွာဆိုးလို႔ အရာရွိ ဦးေဆာင္ကာ ရန္ကုန္၊ လႈိင္သာယာမွာရွိတဲ့ အမွတ္ ၉ ရဲတပ္ရင္းကိုလိုက္ပို႔ၿပီး အဲ့ကေန ေရလမ္းခရီးနဲ႔ ရခိုင္ ျပည္နယ္ကို ပို႔ေဆာင္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

ရခိုင္ကိုေျပာင္းေ႐ႊ႕ရတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို အစဥ္လိုက္ေျပာင္းေ႐ႊ႕ရတယ္လို႔ ေျပာေပးမယ့္ လုပ္သက္ငယ္ေတြ သူေတြ ႏွစ္မၾကာေသးတဲ့သူေတြပါၿပီး လူႀကီးေတြနဲ႔ အဆင္ေျပတဲ့သူေတြ မပါလာတာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြ အၾကား စိတ္ဝမ္းကြဲတာေတြလည္းရွိေနတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းမ္

ဧရာဝတီတိုင်းက ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရခိုင်ပြောင်းရွှေ့ခိုင်းလို့ စိတ်ဝမ်းကွဲမှုများရှိနေ

မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်

ဧရာဝတီ၊ မေလ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်-AA နဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ထဲကို စစ်အင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့သလို ရဲအင်အားတွေလည်း ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက အာဏာသိမ်းစစ်ကောင်စီ ဩဇာခံ ရဲတပ်သားအဆင့်ကနေ ရဲတပ်ကြပ်ကြီးအဆင့်ထိကို ပြီးခဲ့တဲ့ မေလ တတိယပတ်ကစတင်ကာ ရခိုင်ကို ရွှေ့ပြောင်းဖို့အတွက် စေလွှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝိုင်းအသိုင်း ဝိုင်းက သိရပါတယ်။

“ လဆန်းပိုင်းထဲက အမိန့်က နရခ(ရဲတပ်ဖွဲ့ဌာနချုပ်) ကထွက်တာ ပြောင်းရတာတော့ ဒီတတိယပတ်မှာ တိုင်းရုံးမှာစုပြီး ထွက်ရတာ အားလုံးအတူထွက်ရတာ တာဝန်ခံ အရာရှိက လိုက်ပို့ပေးရတာ”လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကိုပြောင်းရွှေ့ရတဲ့ စစ်ကောင်စီဩဇာခံရဲတွေကို ထွက်ပြေးမှာဆိုးလို့ အရာရှိ ဦးဆောင်ကာ ရန်ကုန်၊ လှိုင်သာယာမှာရှိတဲ့ အမှတ် ၉ ရဲတပ်ရင်းကိုလိုက်ပို့ပြီး အဲ့ကနေ ရေလမ်းခရီးနဲ့ ရခိုင် ပြည်နယ်ကို ပို့ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ကိုပြောင်းရွှေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အစဉ်လိုက်ပြောင်းရွှေ့ရတယ်လို့ ပြောပေးမယ့် လုပ်သက်ငယ်တွေ သူတွေ နှစ်မကြာသေးတဲ့သူတွေပါပြီး လူကြီးတွေနဲ့ အဆင်ပြေတဲ့သူတွေ မပါလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အကြား စိတ်ဝမ်းကွဲတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင္းက ရဲတပ္ဖြဲ႕ဝင္ ၁၀၀ ေက်ာ္ရခိုင္ေျပာင္းေ႐ႊ႕ခိုင္းလို႔ စိတ္ဝမ္းကြဲမႈမ်ားရွိေန