ေက်ာက္ပန္းေတာင္းတြင္ PDF ၂ ဦးကို ဝိုင္းဖမ္းစဥ္ အခ်င္းခ်င္း ျပန္လည္ ပစ္မိ၍ ေသဆုံးသူ အမွတ္ ၆၀၈ အေျမာက္ တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ အသုဘတြင္ တပ္ရာထူး မထည့္ဘဲ အရပ္သားနာေရးပုံစံျဖင့္ ခိုးေၾကာင္ခိုးဝွက္မသာခ်ရ
ရန္ကုန္၊ ေမ ၂၈
မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ ေမလ ၂၆ ရက္ေန႔ PDF ေျပာက္က်ားရဲေဘာ္ ၂ ဦးကို စစ္တပ္က ဝိုင္းဖမ္းစဥ္ အခ်င္းခ်င္း ျပန္လည္ ပစ္ခတ္မိ၍ အမွတ္ ၆၀၈ တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ က်ည္ထိေသဆုံးၿပီးေနာက္ အသုဘကို တပ္ရာထူးမထည့္ဘဲ အရပ္သားနာေရးပုံစံျဖင့္ ခိုးေၾကာင္ခိုးဝွက္ မသာခ်ရေၾကာင္း သိရွိရသည္။
ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ၏ အသုဘကို ေမလ ၂၇ ရက္ေန႔ ညေန ၃ နာရီတြင္ ျပဳလုပ္ခဲ့ေၾကာင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွ သုဂတိရွင္နာေရးကူညီမႈအသင္းက မသာခ် လိုက္ပါ ပို႔ေဆာင္ေပးခဲ့ၿပီး ဒုအရာခံဗိုလ္ရာထူးႏွင့္တပ္အမည္မ်ား မည္သည့္ အေၾကာင္းေၾကာင့္ မထည့္သြင္းသည္ကို မသိရွိဟု ေျပာဆိုသည္။
“ကိုေအာင္မ်ိဳးသူ အသုဘပါ။ ဒုအရာခံဗိုလ္ပါ။ ဒုံးတပ္ထဲကပါ။ ဘာလို႔ တပ္နာမည္နဲ႔ ရာထူးအဆင့္ေတြ မထည့္တာလဲ က်ေနာ္တို႔မသိပါဘူး” ဟု နာေရးလိုက္ပါကူညီေပးခဲ့သူ တစ္ဦးက ေျပာသည္။
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ဆည္အနီး ေတာင္နီေတာင္နားတြင္ ေမလ ၂၆ ရက္ေန႔ ပစ္ခတ္မႈျဖစ္ပြားၿပီး အမွတ္ ၆၀၈ အေျမႇာက္တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ က်ည္ထိမွန္ေသဆုံးကာ စစ္သား ၆ ဦးထက္မနည္း ဒဏ္ရာရရွိေၾကာင္း၊
ေပ်ာက္က်ား PDF ရဲေဘာ္ ႏွစ္ဦး စီးနင္းလာေသာ ဆိုင္ကယ္ကို စစ္ကား ၃ စီးျဖင့္ အေရွ႕အေနာက္ပိတ္ ၍ ပစ္ခတ္ ဖမ္းၾကေၾကာင္း၊ ပစ္ခတ္မႈျဖစ္စဥ္တြင္ အခ်င္းခ်င္း ျပန္လည္ ထိမွန္ျခင္းျဖစ္ၿပီး အရပ္သား ၂ ဦးလည္း ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
စစ္ေကာင္စီတပ္၏ ပစ္ခတ္မႈေၾကာင့္ PDF ေပ်ာက္က်ားတပ္သားတစ္ဦးလည္း က်ည္ထိမွန္ၿပီး အနည္းငယ္ဒဏ္ရာရရွိေၾကာင္း၊ သို႔ရာတြင္ ဖမ္းဆီးခံရျခင္းမရွိဘဲ လြတ္ေျမာက္ခဲ့ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ယမန္ေန႔ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ အသုဘ ရာထူးအဆင့္ႏွင္တပ္အမည္မပါဘဲ အရပ္သားပုံစံ ခိုးေၾကာင္ခိုးဝွက္ မသာခ်စဥ္။
ကျောက်ပန်းတောင်းတွင် PDF ၂ ဦးကို ဝိုင်းဖမ်းစဉ် အချင်းချင်း ပြန်လည် ပစ်မိ၍ သေဆုံးသူ အမှတ် ၆၀၈ အမြောက် တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ အသုဘတွင် တပ်ရာထူး မထည့်ဘဲ အရပ်သားနာရေးပုံစံဖြင့် ခိုးကြောင်ခိုးဝှက်မသာချရ
ရန်ကုန်၊ မေ ၂၈
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၆ ရက်နေ့ PDF ပြောက်ကျားရဲဘော် ၂ ဦးကို စစ်တပ်က ဝိုင်းဖမ်းစဉ် အချင်းချင်း ပြန်လည် ပစ်ခတ်မိ၍ အမှတ် ၆၀၈ တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိသေဆုံးပြီးနောက် အသုဘကို တပ်ရာထူးမထည့်ဘဲ အရပ်သားနာရေးပုံစံဖြင့် ခိုးကြောင်ခိုးဝှက် မသာချရကြောင်း သိရှိရသည်။
ဒုအရာခံဗိုလ် အောင်မျိုးသူ၏ အသုဘကို မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်ခဲ့ကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှ သုဂတိရှင်နာရေးကူညီမှုအသင်းက မသာချ လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး ဒုအရာခံဗိုလ်ရာထူးနှင့်တပ်အမည်များ မည်သည့် အကြောင်းကြောင့် မထည့်သွင်းသည်ကို မသိရှိဟု ပြောဆိုသည်။
“ကိုအောင်မျိုးသူ အသုဘပါ။ ဒုအရာခံဗိုလ်ပါ။ ဒုံးတပ်ထဲကပါ။ ဘာလို့ တပ်နာမည်နဲ့ ရာထူးအဆင့်တွေ မထည့်တာလဲ ကျနော်တို့မသိပါဘူး” ဟု နာရေးလိုက်ပါကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်အနီး တောင်နီတောင်နားတွင် မေလ ၂၆ ရက်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီး အမှတ် ၆၀၈ အမြှောက်တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိမှန်သေဆုံးကာ စစ်သား ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊
ပျောက်ကျား PDF ရဲဘော် နှစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို စစ်ကား ၃ စီးဖြင့် အရှေ့အနောက်ပိတ် ၍ ပစ်ခတ် ဖမ်းကြကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်တွင် အချင်းချင်း ပြန်လည် ထိမှန်ခြင်းဖြစ်ပြီး အရပ်သား ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် PDF ပျောက်ကျားတပ်သားတစ်ဦးလည်း ကျည်ထိမှန်ပြီး အနည်းငယ်ဒဏ်ရာရရှိကြောင်း၊ သို့ရာတွင် ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ဒုအရာခံဗိုလ် အောင်မျိုးသူ အသုဘ ရာထူးအဆင့်နှင်တပ်အမည်မပါဘဲ အရပ်သားပုံစံ ခိုးကြောင်ခိုးဝှက် မသာချစဉ်။